စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ခရိုင်သုံးခရိုင်၌ ဆောင်းသီးနှံနှင့်နွေသီးနှံစိုက်ပျိုးရာသီတွင် စံပြကွက်နှင့်စမ်းသပ်ကွက်ဧက ၂၀၀ ကျော်စိုက်ပျိုးနိုင်

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ခရိုင်သုံးခရိုင်၌ ဆောင်းသီးနှံနှင့်နွေသီးနှံစိုက်ပျိုးရာသီတွင် စံပြကွက်နှင့်စမ်းသပ်ကွက်ဧက ၂၀၀ ကျော်စိုက်ပျိုးနိုင်

စစ်ကိုင်း၊ စိုက်ပျိုးရေး

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း၌ စိုက်ပျိုးရေးဝင်ငွေတိုးစီမံကိန်း (Agriculture  Income Improvement Project-AIIP)အစီအစဉ်ဖြင့် ခရိုင်သုံးခရိုင်၌ ဆောင်းသီးနှံနှင့်နွေသီးနှံစိုက်ပျိုးရာသီတွင် စံပြကွက်နှင့်စမ်းသပ်ကွက်ဧက ၂၀၀ ကျော် စိုက်ပျိုးနိုင်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန AIIP  စီမံကိန်းတာဝန်ခံထံမှ သိရသည်။

စိုက်ပျိုးရေးဝင်ငွေတိုးစီမံကိန်း (Agriculture  Income Improvement Project-AIIP)  အစီအစဉ်ဖြင့် ၂၀၂၀-၂၀၂၁ စိုက်ပျိုးရာသီ၌     ဆောင်းသီးနှံစံပြကွက် ၅၈  ဒသမ ၃၆၉ ဧက၊ စမ်းသပ်ကွက် ၂ ဒသမ ၃၁ ဧကနှင့် နွေသီးနှံစိုက်ပျိုးရာသီတွင် နွေသီးနှံစံပြကွက် ၁၃၇ဒသမ ၂၄ ဧကနှင့် စမ်းသပ်ကွက် ၄ ဒသမ၅ ဧက စုစုပေါင်း ၂၀၂ ဒသမ ၄၁၉ ဧက ကို ခရိုင်သုံးခရိုင်အတွင်းရှိ မြို့နယ်ကိုးမြို့နယ်၌ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ပထမပတ်မှ၂၀၂၁ ခုနှစ် ဧပြီလတတိယပတ်အတွင်းစိုက်ပျိုးခဲ့ခြင်းဖြစ်သည်။

ဗှုှုဏ  စီမံကိန်းဖြင့်  ၂၀၂၀-၂၀၂၁ စိုက်ပျိုးရာသီ၌ ဆောင်းသီးနှံနှင့်နွေသီးနှံစိုက်ပျိုးရာသီတွင် စပါး၊ နှမ်း၊ မြေပဲ၊ ပြောင်း၊ပဲကြီး၊ ကြက်သွန်နီ၊ ကုလားပဲ၊ စွန်တာနီ၊ပဲသီးစိမ်းအစရှိသည့်သီးနှံများကို ရွှေဘိုခရိုင်အတွင်းရှိ ရွှေဘို၊ ဝက်လက်၊ ခင်ဦး၊ရေဦး၊ တန့်ဆည်၊ ဒီပဲယင်းမြို့နယ်တို့တွင်လည်းကောင်း၊ မုံရွာခရိုင်အတွင်းရှိ မုံရွာ၊ဘုတလင်၊ အရာတော်မြို့နယ်တို့တွင်လည်းကောင်း၊ ကန့်ဘလူခရိုင်အတွင်းရှိ ကန့်ဘလူမြို့နယ်တို့တွင်လည်းကောင်း စိုက်ပျိုးခဲ့ခြင်းဖြစ်သည်။

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း၌ ဗှုှုဏ စီမံကိန်းကို ရေရှည်ဖွံ့ဖြိုးစေမည့်ခေတ်မီစိုက်ပျိုးပညာပေးနည်းလမ်းများ၊ရေသွင်းစိုက်ပျိုးမှုဆိုင်ရာ အခြေခံအဆောက်အအုံနှင့်အထောက်အကူပစ္စည်းများ အသုံးပြု၍ စီမံကိန်းဧရိယာအတွင်းရှိ ကျေးလက်ဒေသများ၏ စိုက်ပျိုးရေးဝင်ငွေဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ စိုက်ပျိုးပညာပေးရေးကဏ္ဍအားမြှင့်တင်ခြင်း၊ စိုက်ပျိုးပညာပေးခြင်းနှင့်ဈေးကွက်စွမ်းအားမြှင့်တင်ခြင်း၊ နည်းပညာပြန့်ပွားရေးစင်တာများ၊မြို့နယ်ရုံးများ အဆင့်မြှင့်တင်ခြင်းနှင့်တည်ဆောက်ခြင်းစသည့်ကဏ္ဍသုံးရပ်ဖြင့်အကောင်အထည်ဖော်ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။