စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့နယ်၊ ခုတင်(၁၀၀)ဆံ့ ပြည်သူ့ဆေးရုံတွင် သိုဝှတ်ထားသည့် အောက်ဆီဂျင်အိုး (၃၅)လုံးနှင့် အောက်ဆီဂျင်အစားထိုးစက် (၁၃)လုံးရှာဖွေတွေ့ရှိ

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့နယ်၊ ခုတင်(၁၀၀)ဆံ့ ပြည်သူ့ဆေးရုံတွင် သိုဝှတ်ထားသည့် အောက်ဆီဂျင်အိုး (၃၅)လုံးနှင့် အောက်ဆီဂျင်အစားထိုးစက် (၁၃)လုံးရှာဖွေတွေ့ရှိ

ဟုမ္မလင်း ၂၀
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့နယ်၊ ခုတင်(၁၀၀)ဆံ့ ပြည်သူ့ဆေးရုံတွင် CDM ပြုလုပ်သွားသော ဆရာဝန်များ၏ ရုံးခန်းများနှင့် စတိုခန်းများအား ဇူလိုင်လ(၁၇)ရက်နေ့၊ မွန်းတည့်(၁၂း၁၅)အချိန်က ဟုမ္မလင်းမြို့နယ် အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဟုမ္မလင်း ခုတင်(၁၀၀)ဆံ့ ပြည်သူ့ဆေးရုံမှ တာဝန်ရှိသူများ၊ မြို့မိမြို့ဖများက သွားရောက်စစ်ဆေး ခဲ့ကြောင်း သိရသည်။

ထို့သို့ သွားရောက်စစ်ဆေးရာတွင် ဟုမ္မလင်းမြို့၊ ကုတင်(၁၀၀)ဆံ့ ပြည်သူ့ဆေးရုံမှ သားဖွားခန်း၊ ခွဲစိတ်လူနာဆောင်၊ ဖျားနာလူနာဆောင်နှင့် မျက်စိ၊ အရိုး၊ အကြော ကုသဆောင်အခန်းများနှင့် စတိုခန်းများအတွင်း သိုဝှတ်ထားသည့် အောက်ဆီဂျင်အိုး ၄၀ လီတာဆံ့(၂၈)လုံး၊ ၂၀ လီတာဆံ့(၁)လုံး၊ ၁၅ လီတာဆံ့ (၆)လုံး၊ စုစုပေါင်းအောက်ဆီဂျင်အိုး (၃၅)လုံးနှင့် အောက်ဆီဂျင်အစားထိုးစက် ( Oxygen Concentrator ) (၁၃)လုံးတို့ကို ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။
အဆိုပါ ဟုမ္မလင်းမြို့၊ ကုတင်(၁၀၀)ဆံ့ပြည်သူ့ဆေးရုံသည် ဖေဖော်ဝါရီလ(၁)ရက်နေ့ စတင်၍ ပိတ်ထားရာ ဧပြီလ တတိယပတ်တွင် ပြင်ပလူနာကုသရေး အဆောင်အား ဖွင့်လှစ်ပြီး မြို့မိမြို့ဖများ၏ အကူအညီတောင်းခံမှုအရ တပ်မတော်ဆေးကုသရေးအဖွဲ့မှ တာဝန်ယူ၍ ပြင်ပလူနာများအား ကျန်းမာရေး စောင့်ရှောက်မှူပေးလျှက်ရှိပြီး CDM ပြုလုပ်သွားသော ဆရာဝန်များ၏ ရုံးခန်းများနှင့် စတိုခန်းများအတွင်း သတင်းအရအဖွဲ့ဖြင့် အခန်းများအား ဝင်ရောက်ရှာဖွေခဲ့ရာ အထက်ဖော်ပြပါ အောက်ဆီဂျင်အိုးများနှင့် အောက်ဆီဂျင်အစားထိုးစက်များကို တွေ့ရှိခဲ့သဖြင့် COVID-19 ရောဂါ ကူးစက်ခံရသည့်လူနာများအား ၎င်းအောက်ဆီဂျင်အိုးများနှင့် အောက်ဆီဂျင်အစားထိုး စက်များဖြင့် အဆင်ပြေစွာကုသပေး လျှက်ရှိကြောင်း သိရသည်။စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့နယ်၊ ခုတင်(၁၀၀)ဆံ့ ပြည်သူ့ဆေးရုံတွင် သိုဝှတ်ထားသည့် အောက်ဆီဂျင်အိုး (၃၅)လုံးနှင့် အောက်ဆီဂျင်အစားထိုးစက် (၁၃)လုံးရှာဖွေတွေ့ရှိ
ဟုမ္မလင်း ၂၀
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့နယ်၊ ခုတင်(၁၀၀)ဆံ့ ပြည်သူ့ဆေးရုံတွင် CDM ပြုလုပ်သွားသော ဆရာဝန်များ၏ ရုံးခန်းများနှင့် စတိုခန်းများအား ဇူလိုင်လ(၁၇)ရက်နေ့၊ မွန်းတည့်(၁၂း၁၅)အချိန်က ဟုမ္မလင်းမြို့နယ် အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဟုမ္မလင်း ခုတင်(၁၀၀)ဆံ့ ပြည်သူ့ဆေးရုံမှ တာဝန်ရှိသူများ၊ မြို့မိမြို့ဖများက သွားရောက်စစ်ဆေး ခဲ့ကြောင်း သိရသည်။
ထို့သို့ သွားရောက်စစ်ဆေးရာတွင် ဟုမ္မလင်းမြို့၊ ကုတင်(၁၀၀)ဆံ့ ပြည်သူ့ဆေးရုံမှ သားဖွားခန်း၊ ခွဲစိတ်လူနာဆောင်၊ ဖျားနာလူနာဆောင်နှင့် မျက်စိ၊ အရိုး၊ အကြော ကုသဆောင်အခန်းများနှင့် စတိုခန်းများအတွင်း သိုဝှတ်ထားသည့် အောက်ဆီဂျင်အိုး ၄၀ လီတာဆံ့(၂၈)လုံး၊ ၂၀ လီတာဆံ့(၁)လုံး၊ ၁၅ လီတာဆံ့ (၆)လုံး၊ စုစုပေါင်းအောက်ဆီဂျင်အိုး (၃၅)လုံးနှင့် အောက်ဆီဂျင်အစားထိုးစက် ( Oxygen Concentrator ) (၁၃)လုံးတို့ကို ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။
အဆိုပါ ဟုမ္မလင်းမြို့၊ ကုတင်(၁၀၀)ဆံ့ပြည်သူ့ဆေးရုံသည် ဖေဖော်ဝါရီလ(၁)ရက်နေ့ စတင်၍ ပိတ်ထားရာ ဧပြီလ တတိယပတ်တွင် ပြင်ပလူနာကုသရေး အဆောင်အား ဖွင့်လှစ်ပြီး မြို့မိမြို့ဖများ၏ အကူအညီတောင်းခံမှုအရ တပ်မတော်ဆေးကုသရေးအဖွဲ့မှ တာဝန်ယူ၍ ပြင်ပလူနာများအား ကျန်းမာရေး စောင့်ရှောက်မှူပေးလျှက်ရှိပြီး CDM ပြုလုပ်သွားသော ဆရာဝန်များ၏ ရုံးခန်းများနှင့် စတိုခန်းများအတွင်း သတင်းအရအဖွဲ့ဖြင့် အခန်းများအား ဝင်ရောက်ရှာဖွေခဲ့ရာ အထက်ဖော်ပြပါ အောက်ဆီဂျင်အိုးများနှင့် အောက်ဆီဂျင်အစားထိုးစက်များကို တွေ့ရှိခဲ့သဖြင့် COVID-19 ရောဂါ ကူးစက်ခံရသည့်လူနာများအား ၎င်းအောက်ဆီဂျင်အိုးများနှင့် အောက်ဆီဂျင်အစားထိုး စက်များဖြင့် အဆင်ပြေစွာကုသပေး လျှက်ရှိကြောင်း သိရသည်။