စစ်ကိုင်းတိုင်းဒေသကြီး၊ တန့်ဆည်မြို့နယ်၌ အကြမ်းဖက်ဖောက်ခွဲမှုပြုလုပ်ရန် လက်လုပ်မိုင်း ထောင်နေစဉ် ပေါက်ကွဲမှုဖြစ်ပွားခဲ့သဖြင့် အကြမ်းဖက်သူ အမျိုးသား ၂ ဦး သေဆုံး

စစ်ကိုင်းတိုင်းဒေသကြီး၊ တန့်ဆည်မြို့နယ်၌ အကြမ်းဖက်ဖောက်ခွဲမှုပြုလုပ်ရန် လက်လုပ်မိုင်း ထောင်နေစဉ် ပေါက်ကွဲမှုဖြစ်ပွားခဲ့သဖြင့် အကြမ်းဖက်သူ အမျိုးသား ၂ ဦး သေဆုံး

နေပြည်တော်၊ ဒီဇင်ဘာ ၁၈

စစ်ကိုင်းတိုင်းဒေသကြီး၊ တန့်ဆည်မြို့နယ်၌ အကြမ်းဖက်ဖောက်ခွဲမှုပြုလုပ်ရန် လက်လုပ် မိုင်းထောင်နေစဉ် ပေါက်ကွဲမှုဖြစ်ပွားခဲ့သဖြင့် အကြမ်းဖက်သူ အမျိုးသား ၂ ဦး သေဆုံးခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဒီဇင်ဘာလ ၁၇ ရက်နေ့ နံနက် ၈ နာရီခွဲအချိန်တွင် စစ်ကိုင်းတိုင်း ဒေသကြီး၊ တန့်ဆည်မြို့နယ်၊ တန့်ဆည်-ကာဘိုးသွားကားလမ်း ကာဘိုးကျေးရွာအထွက် တန့်ဆည် မြို့အဝင်ဆိုင်းဘုတ်အနီး၌ ပေါက်ကွဲမှုဖြစ်ပွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အခင်းဖြစ်နေရာတွင် အသက်(၂၃)နှစ်ခန့်ရှိ အမျိုးသား ၁ ဦး(စိစစ်ဆဲ)တွင် မျက်နှာပွင့်ထွက်ဒဏ်ရာ၊ ယာပေါင်ကြေမွပြတ်ထွက်ဒဏ်ရာနှင့် အသက်(၂၁)နှစ်ခန့်ရှိ အမျိုးသား ၁ ဦး(စိစစ်ဆဲ)တွင် ယာဘက်တံတောင်ပြတ်ထွက်ဒဏ်ရာ၊ ဝဲဘက်နားရွက်အောက် ဖောက်ဝင်ဒဏ်ရာ တို့ရရှိကာ သေဆုံးနေသည်ကို တွေ့ရှိရပြီး ဖြစ်စဉ်အား စိစစ်ခဲ့ရာ ဗိုလ်မြရပ်ကွက်နေ မျိုးမြတ်နိုင် (၂၁)နှစ် (ဘ)ဦးကြည်ဆန်းနှင့် အမျိုသား ၁ ဦး(စိစစ်ဆဲ)တို့သည် အကြမ်းဖက်ဖောက်ခွဲမှုပြုလုပ် ရန်အတွက် လက်လုပ်မိုင်းထောင်နေစဉ် ပေါက်ကွဲမှုဖြစ်ပွားခဲ့သဖြင့် မိုင်းစထိမှန်ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးခဲ့ကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်မှ သေဆုံးသူ ၂ ဦးအား ဥပဒေနှင့်အညီ သေမှုသေခင်းရေးဖွင့် ဆောင်ရွက်လျက်ရှိပြီး အခင်းဖြစ်နေရာ အနီးဝန်းကျင်အား လုံခြုံရေးတပ်ဖွဲ့ဝင်များက မိုင်းရှင်းလင်း ခြင်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။