စစ်ကိုင်းတိုင်းဒေသကြီး၊ မင်းကင်းမြို့နယ်၊ မအူကျေးရွာအတွင်းသို့ PDF အကြမ်းဖက်သောင်းကျန်းသူများက အကြမ်းဖက်ဝင်ရောက်ကာ အပြစ်မဲ့ပြည်သူများ၏ နေအိမ်များအား မီးရှို့ဖျက်ဆီး

စစ်ကိုင်းတိုင်းဒေသကြီး၊ မင်းကင်းမြို့နယ်၊ မအူကျေးရွာအတွင်းသို့ PDF အကြမ်းဖက်သောင်းကျန်းသူများက အကြမ်းဖက်ဝင်ရောက်ကာ အပြစ်မဲ့ပြည်သူများ၏ နေအိမ်များအား မီးရှို့ဖျက်ဆီး

 
နေပြည်တော်၊ စက်တင်ဘာ ၁၀

 
စစ်ကိုင်းတိုင်းဒေသကြီး၊ မင်းကင်းမြို့နယ်၊ မအူကျေးရွာအတွင်းသို့ PDF အကြမ်းဖက် သောင်းကျန်းသူများက အကြမ်းဖက်ဝင်ရောက်ကာ အပြစ်မဲ့ပြည်သူများ၏ နေအိမ်များအား မီးရှို့ ဖျက်ဆီးခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ စက်တင်ဘာလ ၉ ရက်နေ့ ညနေ ၃ နာရီအချိန်တွင် မင်းကင်းမြို့နယ်မှ PDF အကြမ်းဖက်သောင်းကျန်းသူများနှင့် ကနီမြို့နယ်မှ PDF အကြမ်းဖက်သောင်းကျန်းသူများ ပူးပေါင်းအဖွဲ့ အင်အား ၂၀၀ ဦးခန့်သည် မင်းကင်းမြို့နယ်အတွင်းရှိ မအူကျေးရွာ၏ အရှေ့ဘက်၊ တောင်ဘက်နှင့် မြောက်ဘက်တို့မှ ဝိုင်းရံပိတ်ဆို့ကာ ညနေ ၄ နာရီအချိန်တွင် သေနတ်များဖြင့် အကြမ်းဖက်ပစ်ခတ် ခဲ့သဖြင့် အဆိုပါကျေးရွာနေ အပြစ်မဲ့ပြည်သူများမှာ ကျေးရွာအား စွန့်ခွာကာ ကျေးရွာ၏အနောက် ဘက်မှ ပုံတောင်ပုံညာဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။

 
ထို့နောက်အကြမ်းဖက်သောင်းကျန်းသူများသည် ကျေးရွာအတွင်းဝင်ရောက်၍ ပြည်သူများ၏ နေအိမ်များအား လိုက်လံမီးရှို့ဖျက်ဆီးခဲ့ရာ နေအိမ် ၇ လုံးမီးလောင်ပျက်စီးဆုံးရှုံးခဲ့ရသည်။

 
ထိုကဲ့သို့ ကျေးရွာအတွင်း အကြမ်းဖက်ဝင်ရောက်ကာ အပြစ်မဲ့ပြည်သူများ၏ နေအိမ်များအား မီးရှို့ဖျက်ဆီးခဲ့သည့် အကြမ်းဖက်သောင်းကျန်းသူများအား လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေခံ တပ်မတော်စစ်ကြောင်းများနှင့် ပူးပေါင်း၍ လုံခြုံရေးလုပ်ငန်းစဉ်များနှင့်အညီ ဆက်လက်ဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိသည်။