စစ်ကိုင်းတိုင်းဒေသကြီး၊ မြင်းမူမြို့နယ်၊ လက်ပံကျင်းကျေးရွာ၌ အကြမ်းဖက်လုပ်ရပ်များဆောင်ရွက် ရန် စုဝေးရောက်ရှိနေသော PDF အမည်ခံအကြမ်းဖက်သမားများအား ဖမ်းဆီး

စစ်ကိုင်းတိုင်းဒေသကြီး၊ မြင်းမူမြို့နယ်၊ လက်ပံကျင်းကျေးရွာ၌ အကြမ်းဖက်လုပ်ရပ်များဆောင်ရွက် ရန် စုဝေးရောက်ရှိနေသော PDF အမည်ခံအကြမ်းဖက်သမားများအား ဖမ်းဆီး

 

နေပြည်တော်၊ ဩဂုတ်- ၁

 

စစ်ကိုင်းတိုင်းဒေသကြီး၊ မြင်းမူမြို့နယ်၊ လက်ပံကျင်းကျေးရွာ၌ အကြမ်းဖက်လုပ်ရပ်များ ဆောင်ရွက်ရန် စုဝေးရောက်ရှိနေသော PDF အမည်ခံအကြမ်းဖက်သမားများအား ယနေ့နံနက်ပိုင်း တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဝင်ရောက်ဖမ်းဆီးခဲ့ကြောင်း သိရှိရသည်။
ဖြစ်စဉ်မှာ မြင်းမူမြို့နယ်အတွင်း အကြမ်းဖက်လုပ်ရပ်များဆောင်ရွက်ရန်အတွက် PDF အမည်ခံအကြမ်းဖက်သမားများသည် လက်ပံကျင်းကျေးရွာ၌ စုဝေးရောက်ရှိကာ အစည်းအဝေးပြု လုပ်နေကြောင်း အကြမ်းဖက်မှုကိုမလိုလားသည့် တာဝန်သိပြည်သူများက လုံခြုံရေးတပ်ဖွဲ့ဝင်များ ထံသို့ လာရောက်သတင်းပေးပို့ခဲ့ကြောင်း၊ လက်ပံကျင်းကျေးရွာအတွင်းသို့ လုံခြုံရေးတပ်ဖွဲ့ဝင် များက သွားရောက်စစ်ဆေးဆောင်ရွက်စဉ် ကျေးရွာအတွင်းမှ PDF အမည်ခံ အကြမ်းဖက်သမား များက ချောင်းမြောင်းစတင်ပစ်ခတ်ခဲ့သဖြင့် ပြန်လည်ပစ်ခတ်ဖမ်းဆီးခဲ့ရာ PDF အမည်ခံ အကြမ်းဖက်သမားအလောင်း ၅ လောင်း၊ လက်လုပ်သေနတ် ၄ လက်၊ လက်လုပ်လက်ပစ်ဗုံး ၄ လုံး၊ ခဲယမ်းအချို့နှင့် လိုင်စင်မဲ့မော်တော်ယာဉ် ၂ စီးတို့အား သိမ်းဆည်းရမိခဲ့သည်။
ဆက်လက်၍ လုံခြုံရေးတပ်ဖွဲ့ဝင်များက ကျေးရွာပတ်ဝန်းကျင်တစ်ဝိုက် အသေးစိတ် စစ်ဆေးခဲ့ရာ ကျေးရွာ၏ အနောက်မြောက်ဘက် မီတာ ၅၀၀ ခန့်အကွာ၌ PDF အမည်ခံ အကြမ်းဖက်သမားများ အခြေပြုနေထိုင်ခဲ့သည့် စခန်း ၁ ခုအား တွေ့ရှိခဲ့ရပြီး ၎င်းစခန်းအတွင်းမှ လက်လုပ်သေနတ် ၁၃ လက်၊ လက်လုပ်စိန်ပြောင်း ၄ လက်၊ ကျည်မျိုးစုံ ၁၄၀၀ တောင့်၊ လက်ပစ်ဗုံး မျိုစုံ ၇ လုံး၊ ၄၀ မမဗုံးသီး ၂ လုံး၊ ခဲယမ်းနှင့်ဆက်စပ်ပစ္စည်းများ၊ ဒရုန်းယာဉ် ၁ စီး၊ လမ်းလျှောက်စကားပြောစက် ၈ လုံး၊ လိုင်စင်မဲ့မော်တော်ယာဉ် ၄ စီး၊ လိုင်စင်မဲ့မော်တော်ဆိုင်ကယ် ၃၀ စီး၊ လူနေတဲ ၉ လုံး၊ စားသောက်ဖွယ်ရာများနှင့် ဆေးပစ္စည်းများအား ထပ်မံသိမ်းဆည်းရမိခဲ့ သည်။
ထို့ပြင် ၎င်းကျေးရွာအတွင်းမှ အမျိုးသား ၄၀ ဦး၊ အမျိုးသမီး ၇၃ ဦးတို့အား တွေ့ရှိထိန်းသိမ်းရမိခဲ့ပြီး လိုအပ်သည့်စစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိပြီး ကျေးရွာတွင်နေထိုင် လျက်ရှိကာ ဖြစ်စဉ်တွင် ပါဝင်ပတ်သက်မှုမရှိသူများအား ပြန်လည်စေလွှတ်ပေးသွားမည်ဖြစ် ကြောင်း၊ PDF အမည်ခံအကြမ်းဖက်သမားများနှင့် ပါဝင် ပတ်သက်ဆက်နွယ်မှုရှိသူများအား ဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ကျေးရွာ ပတ်ဝန်းကျင်အား လိုအပ်သည့်လုံခြုံရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။