စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်၊ နောင်ပိုအောင်ကျေးရွာရှိ သစ်သားတံတား တစ်စင်းအား အကြမ်းဖက်သူများက မီးရှို့ဖျက်ဆီး

နေပြည်တော်၊ ဇူလိုင် ၃

စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်၊ နောင်ပိုအောင်ကျေးရွာရှိ သစ်သားတံတား တစ်စင်းအား အကြမ်းဖက်သူများက မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ယနေ့ နံနက် ၁ နာရီခန့်တွင် ဟုမ္မလင်းမြို့နယ်၊ နောင်ပိုအောင် ကျေးရွာ၊ အိုးဖိုတန်းရပ်ကွက်မှ ကင်းစေတီဘုရားသို့ သွားလမ်းပေါ်ရှိ သစ်သားတံတားတစ်စင်းအား အကြမ်းဖက်သူများက မီးရှို့ဖျက်ဆီးခဲ့ကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက် စစ်ဆေးခဲ့ရာ အဆိုပါလမ်းပေါ်ရှိ အလျား ၁၀ ပေ၊ အကျယ် ၁၅ ပေခန့်ရှိ သစ်သားတံတား တစ်စင်းအား အကြမ်းဖက်သူများက မီးရှို့ဖျက်ဆီးခဲ့သဖြင့် တံတားတစ်စင်းလုံး မီးလောင်ကျွမ်း ပျက်စီးလျက်ရှိသည်ကို တွေ့ရှိရသည်။

ထိုကဲ့သို့ အများပြည်သူသွားလာရေး လွယ်ကူစေရန် ဆောက်လုပ်ထားရှိသော တံတားအား မီးရှို့ဖျက်ဆီးခဲ့သည့် အကြမ်းဖက်သမားများအား ဥပဒေနှင့်အညီ အရေးယူနိုင်ရေး လုံခြုံရေး တပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်လျက်ရှိကြောင်းနှင့် အဆိုပါတံတားအား အသစ်ပြန်လည်တည် ဆောက်၍ အသုံးပြုနိုင်ရေး တာဝန်ရှိသူများက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိ သည်။