စစ်တက္ကသိုလ်၊ တပ်မတော်နည်းပညာတက္ကသိုလ်နှင့်   တပ်မတော်ဆေးတက္ကသိုလ် ဗိုလ်လောင်းလျှောက်လွှာများ အချိန်မီပြန်လည်တင်သွင်းရန် အသိပေးနှိုးဆော်ခြင်း

စစ်တက္ကသိုလ်၊ တပ်မတော်နည်းပညာတက္ကသိုလ်နှင့်   တပ်မတော်ဆေးတက္ကသိုလ် ဗိုလ်လောင်းလျှောက်လွှာများ အချိန်မီပြန်လည်တင်သွင်းရန် အသိပေးနှိုးဆော်ခြင်း

စစ်တက္ကသိုလ်၊ တပ်မတော်နည်းပညာတက္ကသိုလ်နှင့် တပ်မတော်ဆေးတက္ကသိုလ် ဗိုလ်လောင်းလျှောက်လွှာများအား ၁၆-၆-၂၀၂၁ ရက်နေ့မှစ၍ တိုင်းစစ်ဌာနချုပ်များတွင် အခမဲ့ထုတ်ပေးလျက်ရှိရာ ၄-၈-၂၀၂၁ ရက်နေ့တွင် လျှောက်လွှာများ ပိတ်သိမ်းမည် ဖြစ်ပါသဖြင့် လျှောက်လွှာထုတ်ယူလိုသူများ နီးစပ်ရာတိုင်းစစ်ဌာနချုပ်များတွင် သွားရောက်ထုတ်ယူနိုင်ကြောင်းနှင့် လျှောက်လွှာထုတ်ယူထားသူများ အနေဖြင့်လည်း ဗိုလ်လောင်းလျှောက်လွှာများအား မိမိတို့လျှောက်လွှာထုတ်ယူ ရရှိသည့် တိုင်းစစ်ဌာနချုပ်များသို့ လျှောက်လွှာပိတ်ရက်မတိုင်မီ အချိန်မီပြန်လည် တင်သွင်းကြရန်   အသိပေးနှိုးဆော်အပ်ပါသည်။ အသေးစိတ်သိရှိလိုပါက စစ်ရာထူးခန့်ချုပ်ရုံး (ဖုန်းနံပါတ် ၀၃၆-၃၀၃၃၁၊  ၀၃၆-၃၀၃၃၈)သို့ ဆက်သွယ် မေးမြန်းနိုင်ပါသည်။

စစ်ရာထူးခန့်ချုပ်ရုံး

ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)