စစ်တွေမြို့၊ မင်းကန်နိကာယ(သုဓမ္မာ)ဂိုဏ်းအုပ်ဆရာတော် ဘဒ္ဒန္တစန္ဒမဟာ ထေရ် မြတ်၏ အဂ္ဂါဘိဓဇ အောက်မေ့ဖွယ်ပြတိုက်ဖွင့်ပွဲနှင့် သာသနာတော်ဆိုင်ရာ ဂန္ထဝါစက ပဏ္ဍိတ ဘွဲ့တံဆိပ်တော် ရရှိသည့်ဆရာတော်အား ထပ်ဆင့်ဂုဏ်ပြုပူဇော်သည့် ဂုဏ ဝိသိဌ ပူဇာပွဲပြုလုပ် နေပြည်တော်၊ ဇွန်

ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ ဒက္ခိဏာရာမ ပရိယတ္တိစာသင်တိုက် (တိုက်တည်) အာဒိကမ္မိက၊ နိုင်ငံတော်ဩဝါဒစရိယ၊ အဘိဓဇမဟာရဌဂုရု၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ၊ မင်းကန်နိကာယ(သုဓမ္မာ) ဂိုဏ်းအုပ်ဆရာတော် ဘဒ္ဒန္တ စန္ဒမဟာထေရ်မြတ်၏ အဂ္ဂါဘိဓဇ အောက်မေ့ဖွယ် ပြတိုက်ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် အဆိုပါ စာသင်တိုက်၌ ပြုလုပ်ရာ  ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီဉက္ကဌ ဒေါက်တာ အောင်ကျော်မင်း၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦးနှင့် အလှူရှင်များက ပြတိုက်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး စစ်တွေမြို့ ဓမ္မသုခဘုန်းတော်ကြီးကျောင်းတိုက်ဆရာတော် ပြည်နယ်သံဃာ့နာယက အဖွဲ့ ဉက္ကဋ္ဌ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတ၊ အဂ္ဂမဟာ သဒ္ဓမ္မ ဇောတိက ဓဇ ဘန္ဒန္တသောမ အမှူးပြုသည့် ဧည့်ပရိသတ်များက အဂ္ဂါဘိဓဇအောက်မေ့ဖွယ် ပြတိုက်ကမ္ဗည်းမော်ကွန်းအား အမွေးနံသာရည်များ ပက်ဖျန်းပေးသည်။

 ထို့အပြင် နိုင်ငံတော်မှ ဆက်ကပ်သည့် သာသနာတော်ဆိုင်ရာ ဂန္ထဝါစကပဏ္ဍိတ ဘွဲ့တံဆိပ်တော်ရရှိသည့် ဒက္ခိဏာရာမ ပရိယတ္တိစာသင်တိုက်၏ ဒုတိယမြောက် ပဓာနနာယက ဆရာတော် ဘန္ဒန္တ မေဃိယအား ထပ်ဆင့်ဂုဏ်ပြုပူဇော် သည့် ဂုဏဝိသိဌ ပူဇာပွဲ အခမ်းအနားကို ဆက်လက်ပြုလုပ်ရာ ဧည့်ပရိသတ်များက ဓမ္မသုခဘုန်းတော်ကြီး ကျောင်းတိုက်ဆရာတော်ထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြသည်။ ထို့နောက် သံဃာတော်များက မေတ္တာသုတ် ပရိတ်တရားတော်များ ရွတ်ဖတ် ပူဇော်ကြပြီး ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တိုင်းမှူးနှင့် အလှူရှင်များက နိုင်ငံတော်မှ ဆက်ကပ်သည့် သာသနာတော်ဆိုင်ရာ ဂန္တဝါစက ပဏ္ဍိတ ဘွဲ့တံဆိပ် တော်နှင့် ထပ်ဆင့်ဂုဏ်ပြုလွှာ၊ ဂန္ထဝါစကပဏ္ဍိတ ဆိုင်းဘုတ်တို့အား ဆက်ကပ်ပြီး သံဃာတော်များအား နဝကမ္မအလှူငွေများနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ် လှူဒါန်းကြသည်။ ယင်းနောက် ဓမ္မသုခ ဘုန်းတော်ကြီးကျောင်းတိုက် ဆရာတော်ထံမှ အနုမော်ဒနာ တရားနာယူပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေ ကြပြီး သံဃာတော်များအား နေ့ဆွမ်းများ ဆက်ကပ် လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိ သည်။