စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များ အတွက်  ဆန်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုးနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအထောက်အကူပြု ပစ္စည်းများ ထောက်ပံ့ပေးအပ်

စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များ အတွက်  ဆန်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုးနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအထောက်အကူပြု ပစ္စည်းများ ထောက်ပံ့ပေးအပ်

နေပြည်တော်၊ ဩဂုတ်- ၃

ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ဆောင်ရွက်နေ သည့် ကာလအတွင်း သွားလာမှုကန့်သတ်ချက်များကြောင့် စားရေးအဆင်ပြေစေရန် အတွက် စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များ အတွက် ဆန်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုးနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အထောက်အကူပြုပစ္စည်းများကို ထောက်ပံ့ပေးအပ်လျက်ရှိသည်။
ထိုသို့ပေးအပ်လျက်ရှိရာ ယနေ့တွင်  ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြန်မာ နိုင်ငံရဲတပ်ဖွဲ့ဝင်များအတွက် ဆန်၊ စားသောက်ဖွယ်ရာများနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အထောက်အကူပြုပစ္စည်းများကို လည်းကောင်း၊  မန္တလေးတိုင်းဒေသ ကြီး၊ မန္တလေးမြို့၊  ပုသိမ်ကြီးမြို့နယ်ရှိ အဆင့်မြင့်စစ်မှုထမ်းဟောင်းအိမ်ရာ(မန္တလေး) ရှိ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များနှင့် မိသားစုဝင်များအတွက် ဆန်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုးနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအထောက်အကူပြုပစ္စည်းများကို လည်းကောင်း သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်အသီးသီးမှ တိုင်းမှူးနှင့် တာဝန်ရှိသူများ က သွားရောက်ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။