ဆီအုန်းအခြေပြုဇီဝလောင်စာတင်ပို့မှု ထိန်းချုပ်ကန့်သတ်ခြင်းနှင့်ပတ်သက်၍ ဥရောပသမဂ္ဂကို မလေးရှားတရားစွဲ

 

ဆီအုန်းအခြေပြုထုတ်လုပ်ထားသော ဇီဝလောင်စာတင်ပို့ခြင်းအပေါ် ထိန်းချုပ်ကန့်သတ်မှုနှင့် ပတ်သက်၍ ဥရောပသမဂ္ဂနှင့် အဖွဲ့ဝင်နိုင်ငံများဖြစ်သော ပြင်သစ်နှင့် လစ်သူယေးနီးယားနိုင်ငံတို့ကို ကမ္ဘာ့ကုန် သွယ်ရေးအဖွဲ့သို့   မလေးရှားအစိုးရက တရားစွဲဆိုတိုင်ကြားထားကြောင်း သိရသည်။

ကမ္ဘာပေါ်တွင် ဆီအုန်းဒုတိယအများဆုံး စိုက်ပျိုးသည့် မလေးရှားနိုင်ငံသည် ယင်းကိစ္စ နှင့်ပတ်သက်၍ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့နှင့် ညှိနှိုင်းတိုင်ပင်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း စိုက်ပျိုးရေးနှင့်ပို့ကုန်ဝန်ကြီး ဌာနက ဇန်နဝါရီ ၁၅ ရက်တွင်ထုတ်ပြန်သော အစီရင်ခံစာတစ်စောင်၌ ဖော်ပြထားသည်။

ဥရောပသမဂ္ဂသည် မလေးရှားအစိုးရ၏ ကတိကဝတ်နှင့် သုံးသပ်ချက်များကို ထည့် သွင်းစဉ်းစားခြင်း မရှိဘဲ ညွှန်ကြားချက်များ အတိုင်းလုပ်ဆောင်ခဲ့ကြောင်း စိုက်ပျိုးရေးနှင့် ပို့ကုန်ဝန်ကြီး ခါရှုဒင်အေမန်ရာ ဇာလီက ပြောသည်။ ထို့ပြင် ဥရောပသမဂ္ဂကထုတ်ပြန်သည့် အဆိုပါညွှန်ကြားချက်မှာ ဥရောပ သမဂ္ဂအတွင်း ဆီအုန်းအား ဇီဝလောင်စာ အဖြစ်အသုံးပြုခြင်းသည် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ဆိုင်ရာ ရည်မှန်းချက်များအဖြစ် သတ်မှတ်နိုင်ခြင်းမရှိကြောင်းနှင့် မလေးရှား နိုင်ငံ၏ ဆီအုန်းဈေးကွက်အတွက် ကုန်သွယ် ရေးဆိုင်ရာ တားမြစ်ကန့်သတ်ချက်များ ဖန်တီးနေခြင်းဖြစ်ကြောင်း ၎င်းကပြောသည်။