ဆူပူအကြမ်းဖက်မှုများဆောင်ရွက်ရာတွင်အသုံးပြုသည့် လက်နက်များနှင့် ဆက်စပ်ပစ္စည်းများ  ထပ်မံဖမ်းဆီးရမိ

 

ဆူပူအကြမ်းဖက်မှုများဆောင်ရွက်ရာတွင်အသုံးပြုသည့် လက်နက်များနှင့် ဆက်စပ်ပစ္စည်းများ  ထပ်မံဖမ်းဆီးရမိ

နေပြည်တော်၊ မတ် - ၂၆
    
တိုင်းဒေသကြီးနှင့်ပြည်နယ်များ၌ လုံခြုံရေးတပ်ဖွဲ့ဝင်များက ဌာနဆိုင်ရာ တာဝန် ရှိသူများ၊ တည်ငြိမ်အေးချမ်းမှုကိုလိုလားသည့် ပြည်သူများနှင့် ပူးပေါင်း၍ ဆူပူအကြမ်းဖက် သူများအသုံးပြုလျက်ရှိသည့် လက်နက်များနှင့် ပစ္စည်းများကို စစ်ဆေးရှာဖွေခြင်း၊ သတင်းဖော်ထုတ် ဖမ်းဆီးထိန်းသိမ်းခြင်းများ ဆောင်ရွက်လျက်ရှိရာ မတ် ၂၅ ရက်တွင် နောင်ချိုမြို့၊ အိုရီယမ်တယ်တိုးဂိတ်အနီး၌ လုံခြုံရေးတပ်ဖွဲ့ဝင်များက ယာဉ်ဝင်^ထွက်မှုများ စစ်ဆေးဆောင်ရွက်စဉ် လားရှိုးမြို့မှ ရန်ကုန်မြို့ဘက်သို့ အောင်နိုင်ဝင်း (ဘ)ဦးကြည်ဝင်း မောင်းနှင်ပြီး ရဲခေါင်တင့်ဆွေ(ဘ)ဦးတင်ရွှေ၊ မင်းခန့်ကျော်(ဘ) ဦးတင်မိုးလိုက်ပါလာသည့် မော်တော်ယာဉ်အမှတ်၊ 7I/2049 Mitsubishi FUSO BUS  ရတနာခရီးသည်တင် ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ အဆိုပါယာဉ်ပေါ်မှ ဂျင်ကလိ ၁၀၀ ချောင်း၊ ဖိုက်ဘာ လက်ရိုက်တုတ် ၂၀ ချောင်း၊ အခြားဆက်စပ်ပစ္စည်းများနှင့်လည်းကောင်း၊ ဘားအံမြို့၊ အမှတ်(၉)ရပ်ကွက်၊ မဲဘောင်လမ်းဆုံအနီးရှိ နေအိမ် ၃ လုံး၌ စောအေးသူ(ဘ)ဦးရင်ရွှေ၊ ဦးချစ်ဝင်း(ခ)ကျားကြီး(ဘ)ဦးထွန်းသာမြ၊ ဇော်မင်းထွန်း(ဘ)ဦးစိန်ကုလား၊ မစန်းစန်းထွေး (ဘ)ဦးရင်ရွှေ၊ မထက်မြတ်နိုးဦး(ဘ)ဦးသန်းရွှေ၊ မနန်းခိုင်ခင်မိုး(ခ)ပိုင်ပိ(ဘ)ဦးချစ်ဝင်းတို့ ၆ ဦးအား ရေသန့်ဘူးဖြင့် ထည့်ထားသည့် ယမ်းမှုန့် ၁၂ ဘူး၊ လောင်စာဆီများထည့်လျက်မီးစာတပ် ထားသည့် ပုလင်း ၁၄၇ လုံး၊ လက်လုပ်အသံဗုံး ၂၇ ဘူး၊ အခြားဆက်စပ်ပစ္စည်းများနှင့် လည်းကောင်း၊ မြောင်းမြမြို့၊ မြစန္ဒာရပ်ကွက်၊ အရှေ့ကုန်းသုသာန်လမ်း၊ စန်းအောင်(ဘ) ဦးကျော်ဝင်းနေအိမ်၌ ၎င်းင်းအား လေသနတ် ၁ လက်၊ အခြားဆက်စပ်ပစ္စည်းများနှင့် လည်းကောင်း၊ ရိုးဆိပ်(၁)လမ်းရှိ လေးဟန် (ဘ)ဦးဝင်းဆင့်အား လက်လုပ်သေနတ် ၁ လက်၊ အခြားဆက်စပ်ပစ္စည်းများနှင့် လည်းကောင်းဖမ်းဆီးထိန်းသိမ်းရမိခဲ့သည်။
    
ထို့အတူ မတ် ၂၄ ရက်နှင့် ယနေ့တို့တွင် ဟင်္သာတမြို့၊ လယ်တီကွင်းရပ်ကွက်၊ မြို့ပတ်လမ်းရှိ အိမ်အမှတ်(၂၅၂)၊ ဖြိုးမင်းဟိန်းနေအိမ်၌ လေသေနတ်အတို ၁ လက်၊ ဒူးလေး ၁ လက်၊ ရဲဒင်း ၂ လက်၊ ဓား ၂ ချောင်း၊ အခြားဆက်စပ် ပစ္စည်းများအားလည်းကောင်း၊ ကနောင်စု ရပ်ကွက်၊ တိုင်း(၉)မြန်မာ့မီးရထား(ဟင်္သာတ)ဝန်းအတွင်းရှိ ဒီဇယ်စက်ခေါင်းပြင်ရုံ အတွင်း၌  သံဒိုင်းကာ ၄ ချပ်၊ အခြားဆက်စပ်ပစ္စည်းများအားလည်းကောင်း၊ မြန်မာ့မြို့ပြ အင်ဂျင်နီယာဌာနလုပ်သား ရဲလင်းနောင်(ခ)ဖိုးချို(ဘ)ဦးတင်းဦးနေအိမ်၌ ၎င်းင်း၏ ဇနီးဖြစ်သူ မြင့်မြင့်ထူး(ဘ)ဦးကျော်ထူးနှင့် အင်ကြင်မောင်(ဘ)ဦးသိန်းစိုးတို့ ၃ ဦးအား ဓားမျိုးစုံ ၈ ချောင်း၊ အခြားဆက်စပ်ပစ္စည်းများနှင့်လည်းကောင်း၊ ဟင်္သာတမြို့နယ်၊ တလုတ္ထော်မြို့၊ ဘုရားကုန်း ကျေးရွာအုပ်စု၊ ဈေးပိုင်းရပ်ကွက်၊ မြတ်မိုး(ဘ)ဦးသိန်းအောင်အိမ်၌ မှိန်း ၄ ချောင်း၊ လက်လုပ်သေနတ် ၁ လက်၊ အခြားဆက်စပ်ပစ္စည်းများနှင့်လည်းကောင်း၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့၊ အမှတ်(၁၂) ရပ်ကွက်၊ မာဃလမ်း၊ အိမ်အမှတ်(၂၁)၌ နိုင်ဝေယံ(ဘ) ဦးကံဝင်းအား လေသေနတ် ၁ လက်၊ ဆက်စပ်ပစ္စည်းများနှင့် လည်းကောင်း၊ ဖျာပုံမြို့၊ အမှတ်(၁၈)ရပ်ကွက်၊ သမိန်ထောရာမလမ်း၊ အမှတ်(၁၈၈)ရှိ ရှိုင်းထက်အောင်(ဘ) ဦးခင်မောင်တိုးနေအိမ်၌ ဓားမြှောင် ၁ ချောင်း၊ ဂျင်ကလိ ၁၇ ချောင်း၊ ဆက်စပ်ပစ္စည်းများအား လည်းကောင်း ဖမ်းဆီးထိန်းသိမ်းရမိခဲ့သည်။
    
အလားတူ ယနေ့တွင်လည်း လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ အမှတ်(၉၉၃^၉၉၅)၊ သုဓမ္မာလမ်းရှိ ဦးသံချောင်းနေအိမ်၌ ဇနီးဖြစ်သူ ဒေါ်လှလှမြင့်(ဘ) ဦးလှမြင့်နှင့် သမီးဖြစ်သူ မနှင်းနှင်းဦးတို့အား ဒူးလေး ၁ လက်၊ ဂျင်ကလိ ၉ ချောင်း၊ ဆက်စပ်ပစ္စည်းများနှင့်လည်းကောင်း၊  ကော့မှူးမြို့နယ်၊ ဆပုဂံကျေးရွာအုပ်စု၊ မြို့ကုန်းကျေးရွာရှိ အားမာန်ပရဟိတအသင်းရုံး၌ ဖိုက်ဘာဦးထုပ် ၄၂ လုံး၊ ဒိုင်းမျိုးစုံ ၂၆ ခု၊ ဖြတ်စက် ၁ ခု၊ ဆက်စပ်ပစ္စည်းအားလည်းကောင်း၊ မိုးကုတ်မြို့၊ လယ်ဦးရပ်၊ ရွှံ့ပန်းရပ်ကွက်၊ အိမ်အမှတ်(ဘလ/၃၆)၌ ဇော်လင်း(ဘ)ဦးဝင်းရွှေ၊ ကြာရွှေသန်း(ခ)ရန်နိုင်ဦး(ဘ)ဦးလာဆာ၊ ဝင်းထွန်းစိုး(ဘ)ဦးဘမြင့်၊ ရဲထွဋ်စိုး(ဘ)ဦးစံနှင့် ဟန်ဝင်းထွန်း(ဘ)ဦးသောင်းချိုတို့ ၅ ဦးအား လက်လုပ်မိုင်း ၂၃ လုံး၊ ဂျင်ကလိ ၂၃ ချောင်း၊ ဓါးမြှောင် ၃ ချောင်း၊ ဆက်စပ်ပစ္စည်းများနှင့်လည်းကောင်း၊ အမရပူရမြို့နယ်၊ ရှမ်းကလေး ကျွန်းကျေးရွာရှိ လူနေထိုင်ခြင်း မရှိသည့် နေအိမ်အတွင်း၌ ဆူပူအကြမ်းဖက်မှုတွင်အသုံးပြုသည့် ဒိုင်း ၄၂ ခု၊ မီးစာတပ်ပုလင်း ၈၅ လုံး၊ လက်လုပ်မိုင်း ၅၀ လုံး၊ အခြားဆက်စပ်ပစ္စည်းများအား လည်းကောင်း ဖမ်းဆီးထိန်းသိမ်းရမိခဲ့သည်။
    
ဆူပူအကြမ်းဖက်ရာတွင် အသုံးပြုမည့် လက်နက်၊ ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးထိန်းသိမ်းရမိသူများကို လိုအပ်သည်များစစ်ဆေးနိုင်ရန်နှင့် ဥပဒေအရ အရေးယူနိုင်ရန် ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်းနှင့် ထွက်ပြေးတိမ်းရှောင်လျက်ရှိသော ပါဝင်ပတ်သက် သူများကိုလည်း အမြန်ဆုံးဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။