ဆူပူအကြမ်းဖက်မှုများဆောင်ရွက်ရာတွင်အသုံးပြုသည့် လက်နက်များနှင့် ဆက်စပ်ပစ္စည်းများ  ထပ်မံဖမ်းဆီးရမိ

 

ဆူပူအကြမ်းဖက်မှုများဆောင်ရွက်ရာတွင်အသုံးပြုသည့် လက်နက်များနှင့် ဆက်စပ်ပစ္စည်းများ  ထပ်မံဖမ်းဆီးရမိ

နေပြည်တော်၊ မတ် - ၂၇
    
ဆူပူအကြမ်းဖက် သူများအသုံးပြုလျက်ရှိသည့် လက်နက်များနှင့်ပစ္စည်းများ သိုဝှက်ထားမှုနှင့် ကိုင်ဆောင်မှုများကို လုံခြုံရေးတပ်ဖွဲ့ဝင်များက စစ်ဆေးရှာဖွေသတင်းဖော်ထုတ် ဖမ်းဆီးထိန်းသိမ်းခြင်းများ ဆောင်ရွက်လျက်ရှိရာ မတ် ၂၆ ရက်တွင် တာချီလိတ်မြို့၊ ဝမ်ကောင်းရပ်ကွက်၊ အမှတ် (၉/၂၆၉)၌ မြင့်မြတ်ထူးအောင်(ခ)ဟာဆန်း (ဘ) ဦးအောင်ဝင်း အား ဓား ၁ ချောင်း၊ သံပိုက် ၁၆ လုံး၊ ဆက်စပ်ပစ္စည်းများနှင့်လည်းကောင်း၊ မအူပင်မြို့နယ်၊ ပံတပွတ်ကျေးရွာအုပ်စု၊ မရမ်းကွေ့ကျေးရွာအနောက်ဘက်ခြမ်းရှိ လယ်ကွင်းအစပ်မှ လက်လုပ် သေနတ် ၄ လက်အားလည်းကောင်း၊ ဒေးဒရဲမြို့၊ အမှတ်(၂)ရပ်ကွက်၊ ပြည်တော် သာလမ်း၊ အိမ်အမှတ် (မ-၉၃)၌ ဝေယံဦး(ခ)ဝေယံ(ဘ)ဦးသန်းလွင်ဦးနှင့် မဆုမြတ်(ဘ) ဦးမြင့်သိန်းတို့ ၂ ဦးအား ဆူပူအကြမ်းဖက်မှုတွင်အသုံးပြုသည့် ပစ္စည်းများနှင့်လည်းကောင်း ဖမ်းဆီးထိန်းသိမ်း ရမိခဲ့သည်။ 
    
အလားတူ ယနေ့တွင် မြစ်ကြီးနားမြို့၊ အောင်နန်းရပ်ကွက်၊ မီးရထားဘူတာရှေ့၌ ဆူပူအကြမ်းဖက်သူများအား ဖြိုခွင်းစဉ် ဒိုင်းကာ ၃၀ ခု၊ ဂျင်ကလိ ၂၂၁ ချောင်း၊ လက်လုပ် သေနတ် ၂ လက် လက်လုပ် မိုင်းမျိုးစုံ ၁၀၁ ခု၊ ဆက်စပ်ပစ္စည်းများအားလည်းကောင်း၊ မြဝတီမြို့၊ အမှတ်(၅)ရပ်ကွက်၊ မြို့ပတ်(၁)လမ်း၌ ဆူပူအကြမ်းဖက်မှုများဆောင်ရွက် လျက်ရှိကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်ဖြိုခွဲစဉ် အောင်ကိုလတ် (ဘ)ဦးသိန်းမြင့် အပါအဝင် အမျိုးသား ၁၈ ဦး၊ အမျိုးသမီး ၂ ဦးတို့အား ဓား ၂ လက်၊ ဘောလုံးဗျောက်အိုး ၁၀၀ လုံး၊ အခြားဆက်စပ်ပစ္စည်းများနှင့်လည်းကောင်း၊ တောင်ကြီးမြို့၌ ဆူပူအကြမ်းဖက်မှုတွင် ဖမ်းဆီးရမိသူများအနက်မှ ထက်အောင်လင်း(ဘ)ဦးဖိုးနိုင်ဦး၏ ထွက်ဆိုချက်အရ ဖရဲငွေတောင်လမ်း၊ အမှတ်(ဖတ/၁၅၇)၌ လေသေနတ် ၂ လက်၊ ဓား ၂ ချောင်း၊ ဒူးလေး ၁ လက်၊ အသံမိုင်း ၃ လုံးတို့အားလည်းကောင်း၊  ကျောင်းကြီးစု ရပ်ကွက်၊ ဝါးပြားတောင်၊ နယ်မြေ(၇)၊ စံပယ်လမ်း၊ အမှတ်(မ/၃၇၇)၌ မြင့်မြတ်အောင်(ဘ) ဦးစိုးနိုင်အား ဆူပူအကြမ်းဖက်ရာတွင်အသုံးပြုသည့်ပစ္စည်းများနှင့်လည်းကောင်း၊ ဆီဆိုင်မြို့နေသူ ဒေါ်ခင်ငြိမ်းအေး(ဘ)ဦးစိုင်းအား ၎င်း၏နေအိမ်၌ လက်လုပ်သေနတ် ၁ လက်၊ အခြားဆက်စပ် ပစ္စည်းများနှင့်လည်းကောင်း၊ တာချီလိတ်မြို့၊ ရှမ်းရိုးမကွင်းအနီး Golden Cherry Hotel ရှေ့၌ ဆူပူအကြမ်းဖက်သူ ၂၀ ဦးခန့်အား လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်ဖြိုခွဲ ထိန်း သိမ်းစဉ် ၎င်းင်းတို့အနက်မှ အောင်ချမ်းဦး(ဘ) ဦးထွန်းဝေ၊ ခန့်ညီညီအောင်(ဘ)ဦးအောင်ဝင်း၊ မဝင်းသူဇာ(ဘ)ဦးဝင်းရွှေနှင့် စွမ်းရည်ထူး(ဘ) ဦးမြင့်အောင်တို့ ၄ ဦးအား လက်ပစ်ဗုံး ၁ လုံး၊ လက်လုပ်ဗုံး ၄ လုံး၊ အခြားဆက်စပ်ပစ္စည်းများနှင့်လည်းကောင်း၊ ဆန်ဆိုင်း(က)ရပ်ကွက်၊ ဝမ်မိုင်ရပ်ရှိ ခြံဝန်းအဟောင်းအတွင်း၌ လက်လုပ်မိုင်း ၁ လုံးနှင့် ဆက်စပ်ပစ္စည်းများအား လည်းကောင်း၊ ကလေးမြို့ အတွင်းလုံခြုံရေးဆောင်ရွက်နေသည့် လုံခြုံရေး တပ်ဖွဲ့ဝင်များက အောင်ဇေယျရပ်ကွက် အတွင်းလမ်းအတိုင်းမောင်းနှင်လာသည့်  မသင်္ကာဖွယ် ဆိုင်ကယ် တစ်စီးအားရပ်တန့် စစ်ဆေးရာ မျိုးသက်ကျော်(ဘ) ဦးအောင်ဝင်းရှိန်အား ၎င်းင်းဆိုင်ကယ် တူးဘောက်အတွင်းမှ ဆူပူအကြမ်းဖက်မှုတွင်အသုံးပြုသည့် ဆက်စပ်ပစ္စည်းများနှင့် လည်းကောင်း၊ စစ်ကိုင်းမြို့နယ်၊ လက်ပန်ကျေးရွာရှိ NLD ပါတီ ရပ်/ကျေးဥက္ကဋ္ဌ အောင်နိုင်(ခ)အောင်နိုင်ဦး(ဘ)ဦးစက်ဌေး နေအိမ်၌ လက်လုပ်သေနတ် ၇ လက်၊ သံချောင်း မျိုးစုံ  ၆၀ ချောင်းနှင့် အခြားဆက်စပ်ပစ္စည်းများအားလည်းကောင်း၊ ဟားခါးမြို့၊ ပြည်တော်သာ ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းရှိ နာရီစင်လမ်းဆုံ၌ ဦးကျဲအိုနှင်းထန်(ဘ) ဦးနော်မန်းမောင်းနှင်လာသည့် ယာဉ်အမှတ် ၊YGN 2G/ ---- PRADO  အမျိုးအစားမော်တော်ယာဉ်ပေါ်မှမြှား ၁၂ ချောင်း၊ ဓားမျိုးစုံ ၄ ချောင်း၊ အခြားဆက်စပ်ပစ္စည်း များနှင့်လည်းကောင်းဖမ်းဆီးထိန်းသိမ်းရမိခဲ့သည်။
    
ဆူပူအကြမ်းဖက်ရာတွင်အသုံးပြုမည့် လက်နက်၊ ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးထိန်းသိမ်းရမိသူများကို ဥပဒေအရထိရောက်စွာအရေးယူနိုင်ရန် အမှုဖွင့်လှစ် ဆောင်ရွက်လျက်ရှိကြောင်းနှင့် စစ်ဆေးရှာဖွေသတင်းဖော်ထုတ်မှုများကို ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်းသတင်းရရှိသည်။