ဆူပူအကြမ်းဖက်မှုများ ဆောင်ရွက်ရာတွင်အသုံးပြုသည့် လက်နက်များနှင့် ဆက်စပ်ပစ္စည်းများ ထပ်မံ ဖမ်းဆီးရမိ

နေပြည်တော်၊ မတ် - ၃၁

            ဆူပူအကြမ်းဖက် သူများအသုံးပြုလျက်ရှိသည့် လက်နက်များနှင့်ပစ္စည်းများ သိုဝှက်ထားမှုနှင့် ကိုင်ဆောင်မှုများကို လုံခြုံရေးတပ်ဖွဲ့ဝင်များက စစ်ဆေးရှာဖွေသတင်းဖော်ထုတ် ဖမ်းဆီးထိန်းသိမ်းခြင်းများ ဆောင်ရွက်လျက်ရှိရာ မတ် ၃၀ ရက်တွင် ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်၊ ရေနီကန်ကျေးရွာရှိ ကျော်စွာထူး(ခ) ကျော်ထူး(ဘ) ဦးကျော်ဝင်း၏ နေအိမ်၌ ၎င်းနှင့်အတူ ကျော်ဇင်ဦး(ဘ)ဦးလုကာအား လက်လုပ် သေနတ် ၁ လက်၊ ဓား ၃ ချောင်း၊ WY စာတန်းပါ လိမ္မော်ရောင်စိတ်ကြွရူးသွပ်ဆေးပြား ၁၂ ပြား၊ အခြားဆက်စပ် ပစ္စည်းနှင့် လည်းကောင်း၊ မော်လမြိုင်မြို့၊ မြေနီကုန်းရပ်ကွက်၊ ဖက်ခင်းလမ်းရှိ စောကိုမောင်(ခ)မျိုးမင်းထိုက် (ဘ)ဦးမြင့်သန်း၊ ၎င်းနှင့် ကပ်လျက်နေအိမ်မှ မျိုးသန်းဆွေ(ဘ)ဦးသန်းဌေးနှင့် မဆွေဆွေလှိုင် (ဘ)ဦးကြည်ဝင်းတို့အား WY စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၆၁၉ ပြား၊ လက်လုပ် သေနတ် ၁ လက်၊ အခြားဆက်စပ်ပစ္စည်းများနှင့်လည်းကောင်း၊ မြောက်ဥက္ကလာပမြို့နယ်၊ (ဋ)ရပ်ကွက်၊ သပြေခြံလမ်း၊ သီဟရာဇာသဲကွင်း၌ ဆူပူအကြမ်းဖက်မှုတွင်အသုံးပြုသည့် ပစ္စည်းများအားလည်းကောင်း၊ ရန်ကင်းမြို့နယ်၊ (၁၆)ရပ်ကွက်၊ မိုးကောင်းလမ်း၊ တိုက်(၂)၊ အခန်း(ဒီ/လေး)၌ ကိုဘိုကြီး(ဘ) ဦးဖေတင်၊ သူရကျော်(ဘ)ဦးအောင်ဇော်မင်း၊ မင်းစွမ်း(ခ) မင်းသန့်(ဘ)ဦးအေးလွင်တို့ ၃ ဦးအား ဓားမျိုးစုံ ၈ ချောင်း၊ အခြားဆက်စပ် ပစ္စည်းများနှင့် လည်းကောင်း၊ ကမာရွတ်မြို့နယ်၊ (၃)ရပ်ကွက်၊ ဗဟိုလမ်း၊ အမှတ်(၁၁၁) မြေညီထပ်၌ ဦးမျိုးဟန်ကျော်(ဘ) ဦးတင်ဝင်းအား ဆူပူအကြမ်း ဖက်မှုတွင် အသုံးပြုသည့် ပစ္စည်းများနှင့် လည်းကောင်း၊ ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး(၁၀)၊ ဒုတ္ထဝတီလမ်း၊ နဝရတ်လမ်းနှင့် ရတနာလမ်းကြားရှိ ဇော်ထွန်း (ခ)မော်ထွန်း၏နေအိမ်၌ လက်လုပ်မိုင်း ၁ လုံး၊ မီးပုလင်း ၁၀ လုံး၊ အခြားဆက်စပ်ပစ္စည်းများ အားလည်းကောင်း၊ ပုဂံမြို့ဟောင်းတောင်ဘီကျေးရွာရှိ လူမနေသည့်ခြံဝန်းအတွင်းမှ လက်လုပ်သေနတ် ၂၆ လက်၊ အခြားဆက်စပ်ပစ္စည်း များအားလည်းကောင်း ဖမ်းဆီးထိန်းသိမ်းရမိခဲ့သည်။

            အလားတူ ယနေ့တွင် သီပေါမြို့နယ်၌ လုံခြုံရေးဆောင်ရွက်လျက်ရှိသော တပ်ဖွဲ့ဝင်များက ဇတ်စုရပ်ကွက်အနီးစက္ကူဘူးအတွင်း၌ လက်ပစ်ဗုံးတစ်လုံးအားလည်းကောင်း၊ တောင်ကြီးမြို့၊ မြို့မရပ်ကွက်၊ တူးမြောင်းလမ်းရှိ Noe JPO တည်းခိုခန်းရှေ့ရှိ ရွက်လှပန်းချုံ အတွင်း၌ အသံဗုံး ၁ လုံးအားလည်းကောင်း၊ ထားဝယ်မြို့၊ ဗျောတောဝရပ်ကွက်၊ မြို့ဝင် စစ်ဆေးရေးဂိတ်၌ လုံခြုံရေးတပ်ဖွဲ့ဝင်များက ယာဉ်ဝင်/ထွက်မှု များ စစ်ဆေးဆောင်ရွက်စဉ် မေတ္တာမြို့ဘက်မှ ထားဝယ်မြို့ဘက်သို့ မောင်းနှင်လာသည့် မော်တော်ယာဉ် အမှတ်၊ MDY 4N/----- Nissan  အမျိုးအစားမော်တော်ယာဉ်အား ရပ်တန့်ရှာဖွေစစ်ဆေးရာ မောင်မောင်ဝင်း (ဘ)ဦးအောင်မြင့်စိန်အား ၃၂ ဗို့ ပစ္စတို ၁ လက်၊ ၎င်းင်းကျည် ၈ တောင့်နှင့် လည်းကောင်း၊ ကျောက်မော်ရပ်ကွက်၊ ကျန်းမာရေးလမ်း၌ ကိုဇေ(ခ)ဇေလင်းဦး(ဘ) ဦးသန်းညွန့် မောင်းနှင်ပြီး မရတနာချို(ခ)နှင်းဆုလှိုင်(ဘ)ဦးအောင်သိန်း စီးနင်းလိုက်ပါလာသည့် မော်တော်ဆိုင်ကယ်အား ရပ်တန့် ရှာဖွေစစ်ဆေးရာ ၎င်းတို့ ၂ ဦးအား ပါရာပစ္စတို ၁ လက်၊ ကျည်အိမ် ၂ ခု၊ အခြား ဆက်စပ် ပစ္စည်းများဖြင့်လည်းကောင်း၊ တာမွေမြို့နယ်၊ မေတ္တာညွန့် ရပ်ကွက်၊ ဒဂုံလွင်လမ်း၊ အမှတ်(၆)မြေညီထပ်ရှိ ြီူ  ရပ်/ကျေးအတွင်းရေးမှူးဖြစ်သူ ဦးဇော်ဝင်းဖြိုး(ဘ)ဦးဗိုလ်ဝင်းအား ၎င်းပိုင်ဆိုင်သော ဖြိုးစတိုးဆိုင်၌ ဆူပူအကြမ်းဖက်မှုတွင် အသုံးပြုသည့်ပစ္စည်းများဖြင့်လည်းကောင်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ သာယာကုန်း ရပ်ကွက်၊ စည်ပင်ဝင်း၊ လိုင်း(၉)၊ အခန်း(၆)၌ ဒေါ်ကေသီ(ဘ)ဦးကာဆင်အား ဆူပူအကြမ်းဖက်မှုတွင် အသုံးပြုသည့် ပစ္စည်းများဖြင့်လည်းကောင်း၊ လိုင်း(၁၉)၊ အခန်း(၄)ရှိ မင်းစိုး(ခ)နာဂစ်နေအိမ်၌ ဆူပူအကြမ်း ဖက်မှုတွင်အသုံးပြုသည့်ပစ္စည်းများအားလည်းကောင်း၊ ငပုတောမြို့၊ အရှေ့ပိုင်း ရပ်ကွက်ရှိ ဝေမင်းကို(ဘ) ဦးဘိုချုပ်အား ၎င်း၏နေအိမ်၌ လက်လုပ်သေနတ် ၁ လက်ဖြင့် လည်းကောင်းဖမ်းဆီးထိန်းသိမ်းရမိခဲ့သည်။

            ဆူပူအကြမ်းဖက်ရာတွင်အသုံးပြုမည့် လက်နက်၊ ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးထိန်းသိမ်း ရမိသူများကို ဥပဒေအရထိရောက်စွာ အရေးယူနိုင်ရန် အမှုဖွင့်လှစ် ဆောင်ရွက်လျက်ရှိကြောင်းနှင့် စစ်ဆေးရှာဖွေသတင်းဖော်ထုတ်မှုများကို ဆက်လက် ဆောင်ရွက် လျက်ရှိကြောင်းသတင်းရရှိသည်။