ဆူပူအကြမ်းဖက်မှုများ ဆောင်ရွက်ရာတွင် အသုံးပြုသည့် လက်နက်များနှင့် ဆက်စပ်ပစ္စည်းများနှင့် အကြမ်းဖက် လုပ်ရပ်များ လုပ်ဆောင်သူများအား ဖမ်းဆီးရမိ

နေပြည်တော်   ဧပြီ   ၉

ဆူပူအကြမ်းဖက်သူများ အသုံးပြုလျက်ရှိသည့် လက်နက်များနှင့် ပစ္စည်းများ သိုဝှက်ထားမှုနှင့် ကိုင်ဆောင်မှုများကို လုံခြုံရေး တပ်ဖွဲ့ဝင်များက စစ်ဆေးရှာဖွေ သတင်းဖော်ထုတ်   ဖမ်းဆီးထိန်းသိမ်းခြင်းများ ဆောင်ရွက်လျက်ရှိရာ ဧပြီ ၇ ရက်နှင့် ၈ ရက်တို့တွင် တောင်ဥက္ကလာပမြို့နယ်၊ (၃)ရပ်ကွက်၊ (၉)လမ်းထိပ်၌   ဆူပူအကြမ်းဖက်သူ စိုးထက်အောင်(ဘ)ဦးထိန်ဝမ်း၊ကျော်စိုးဟိန်း(ဘ)ဦးထိန်ဝမ်း၊နေလင်းထက်(ဘ)ဦးထိန်ဝမ်း၊ မခိုင်ဝေနှင်း (ဘ)ဦးထိန်ဝမ်းနှင့် (၃)ရပ်ကွက်၊ (၃)လမ်းထိပ် The Busmar Tea House ဆိုင်အတွင်းမှ သက်လွင်(ဘ)ဦးသိန်းမောင်၊ ထွန်းမြတ်စိုး(ဘ)ဦးတင်ရွှေ၊ ဇေယျာမင်း(ဘ) ဦးတင်ရှိန်တို့အား ဆူပူအကြမ်းဖက်မှုတွင် အသုံးပြုသည့် ပစ္စည်းများဖြင့် လည်းကောင်း၊ (၇)ရပ်ကွက်၊ မင်းရဲကျော်စွာ(၂)လမ်း၊ အမှတ်(၂၄ဝ)နေအိမ်၌ မြတ်သီရိဟန်(ဘ)ဦးမြင့်ဟန်၊ နှင်းအိန္ဒြာလွင်(ဘ)ဦးမြင့်ဟန်၊ ငွေဇင်မိုး(ဘ)ဦးဇော်မိုး၊ မြတ်သဇင်ထက်နိုင်(ဘ)ဦးသိန်းနိုင်တို့ ၄ ဦးအား ဆူပူအကြမ်းဖက်မှုတွင် အသုံးပြုသည့်ပစ္စည်းများဖြင့် လည်းကောင်း၊ သင်္ဃန်းကျွန်းမြို့နယ်၊ လေးထောင့်ကန်ရပ်ကွက်၊ ကန်တော်လမ်းရှိ အိမ်အမှတ်(၅၃ဝ)၌ ဆူပူအကြမ်းဖက်သူ မျိုးမင်းလှိုင်အား လည်းကောင်း၊ ဇ/တောင်ရပ်ကွက်၊ ဝေဇယန္တာလမ်း၊ တိုက်(ဝဝ၅)၊ အခန်း(၁)၌ အာကာစိုးသွင်(ဘ)ဦးစိုးသွင်၊ ဝေယံစိုးသွင်(ဘ)ဦးစိုးသွင်၊ ထက်လင်းကို(ဘ) ဦးကျင်သန်းနှင့် နွယ်နီထွန်း(ဘ)ဦးအောင်ဌေးတို့ ၄ ဦးအား ဒူးလေး ၁ လက်၊ လက်လုပ်ဗုံး ၃ လုံး၊ အခြားဆက်စပ်ပစ္စည်းများဖြင့် လည်းကောင်း၊ ပုသိမ်မြို့၊ ကင်မလင်းကျွန်းလမ်း၊ ချင်းမအဆောင်နေ ချစ်ခင်သူ(ခ)ဖိုးကစ်(ဘ)ဦးကြည်ဝင်း၊ အမှတ်(၁၃)ရပ်ကွက်၊ ခေတ္တာ(၁)လမ်းရှိ J-72 အဆောင်နေ မျိုးမင်းထက်၊ ပိုင်သူဟိန်းနှင့် ငုဝါ(၃)လမ်းရှိ J-72အဆောင်နေ သဲမာတို့ ၄ ဦးအား လက်လုပ်သေနတ် ၁ လက်၊ ဆူပူအကြမ်းဖက်မှုတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများနှင့် လည်းကောင်း၊ မြိတ်မြို့၊ အလယ်ကျွန်းရပ်ကွက်၊ ဘုရားကိုင်လမ်းမကြီးရှိ အိမ်အမှတ်(၂၇ဝ)တွင် ဖွင့်လှစ် ထားသော ငုဝါကွန်ပျူတာ ဆိုင်အတွင်းမှ ပိုင်ရှင်ဖြစ်သူ ဦးနိုင်နိုင်ဦးနှင့် ဒေါ်ငုဝါဇင်တို့ ၂ ဦးအား CDM လှုပ်ရှားမှုနှင့် ပတ်သက်သည့် ဆက်စပ်ပစ္စည်းများ၊ CRPH အဖွဲ့နှင့် ဆက်သွယ်ထားသည့် အထောက်အထားများ၊ အခြား ဆက်စပ်ပစ္စည်းများနှင့် လည်းကောင်း၊ ကော့သောင်းမြို့၊ အေးမြကန်သာရပ်ကွက်၊  အခြေခံပညာ မူလတန်းလွန် ကျောင်းဝင်းအတွင်း၌ မီးပုလင်း ၂၂ လုံး၊ အခြားဆက်စပ်ပစ္စည်းများအား လည်းကောင်း၊ ပြည်ကြီးတံခွန်မြို့နယ်၊ (ဂ)ရပ်ကွက်၊ ၆၇ လမ်း၊ ၁၁၇ လမ်းနှင့် ၁၁၈ လမ်းရှိနေအိမ်အတွင်းမှ အမျိုးသား ၂ ဦးနှင့် အမျိုးသမီး ၁ ဦးတို့အား ဆူပူအကြမ်းဖက်မှုတွင် အသုံးပြုသည့် ပစ္စည်းများနှင့် လည်းကောင်း   ဖမ်းဆီး ထိန်းသိမ်း ရမိခဲ့သည်။

အလားတူ ယနေ့တွင်   လားရှိုးမြို့၊ နားဖကျေးရွာအနီးရှိ စိန်ဝတ်မှုံရော်ဘာခြံ အတွင်းရှိ ဦးအောင်မိုး(ဘ)ဦးထွန်းတင်အား ၎င်းနေထိုင်သည့် တဲအတွင်းမှ လက်လုပ် သေနတ် ၃ လက်၊ ဆက်စပ်ပစ္စည်းများဖြင့် လည်းကောင်း၊ မော်လမြိုင်မြို့၊ ရွှေမြိုင် သီရိရပ်ကွက်၊ ဒိုင်းဝန်ကွင်းလမ်းရှိပြည့်စုံ(ခ)အောင်နိုင်(ဘ) ဦးထွန်းမောင်နေအိမ်၌မင်းဇာနည်ထွန်း(ဘ) ဦးစံထွန်းအား မီးပုလင်း  ၂၅ လုံး၊ လက်လုပ်မိုင်း ၃ လုံး၊ အခြား ဆက်စပ်ပစ္စည်းများဖြင့် လည်းကောင်း၊ အလုံမြို့နယ်၊ ဆင်မင်းရပ်ကွက်၊ ကမ်းနားလမ်းနှင့် ကွင်းကျောင်းလမ်း အမှိုက်ပုံ၌ လက်လုပ်မိုင်း ၅ လုံးအား လည်းကောင်း၊ တွံတေးမြို့နယ်၊ တမံကြီး ကျေးရွာအုပ်စု၊ တံခွန်တိုင်ကျေးရွာနေ ဦးကျင်စိုး(ဘ)ဦးအောင်ရှိန်နှင့် ငါးခုမ္မစမ်း ကျေးရွာနေ စိုးယုနိုင်(ဘ) ဦးရွှေလဝင်းတို့ ၂ ဦးအား လက်လုပ်သေနတ် ၁ လက်၊ ဓား ၂ဝ ချောင်းနှင့် လည်းကောင်း၊ တံခွန်တိုင်ကျေးရွာနေ စည်သူလွင်(ဘ) ဦးဝင်းနိုင်အား  ၎င်း၏နေအိမ်၌ လက်လုပ်သေနတ် ၁ လက်ဖြင့် လည်းကောင်း၊ မှော်ဘီမြို့နယ်၊ ဘိုးဒေါနကုန်း ကျေးရွာနေ အေးနိုင်(ဘ)ဦးယင်ထွေး၏ နေအိမ်၌    ဆူပူအကြမ်းဖက်မှုတွင် အသုံးပြုသည့် ပစ္စည်းများအား လည်းကောင်း၊ စမ်းချောင်းမြို့နယ်၊     မြေနီကုန်းတောင်ရပ်ကွက်နေ ထွန်းထွန်းနိုင်(ဘ) ဦးထွန်းဆိုင်အား ၎င်း၏နေအိမ်၌ ဆူပူအကြမ်းဖက်မှုတွင် အသုံးပြုသည့်  ပစ္စည်းများအား လည်းကောင်း၊ ဒဂုံအရှေ့မြို့နယ်၊ (၁၃၃)ရပ်ကွက်၊ First Forture  သံထည်စက်ရုံဘေး ရေမြောင်းအတွင်းမှ ဒူးလေးမျိုးစုံ ၈၁ လက်၊  အခြားဆက်စပ် ပစ္စည်းများအား လည်းကောင်း၊ တာမွေမြို့နယ်၊   ကျားကွက်သစ်လမ်းနှင့် သတိပဌာန် လမ်းထောင့်၌ သက်ထက်စိုး(ဘ) ဦးသက်အပါအဝင် အမျိုးသား ၃ ဦးအား လက်လုပ်ဗုံး ၁ လုံး၊ အခြားဆက်စပ်ပစ္စည်း များဖြင့် လည်းကောင်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊   ဖိုးမြေရပ်ကွက်ရှိ မိတ်ကပ်နှင့် အလှဖန်တီးရှင် မေဦး၏ နေအိမ်၌ ဆူပူအကြမ်းဖက်မှုတွင် အသုံးပြုသည့် ပစ္စည်းများအား လည်းကောင်း၊   ကန့်ဘလူမြို့နယ်၊ ကျောက်တိုင်ကျေးရွာရှိ ကျော်ဝင်းနိုင်(ဘ) ဦးဓာတ်ကြည်အား ၎င်းနေအိမ်၌ လက်လုပ်သေနတ် ၁ လက်၊ အခြားဆက်စပ်ပစ္စည်းများဖြင့် လည်းကောင်း၊ ပြင်ဦးလွင်မြို့နယ်၊ ရပ်ကွက်ကြီး(၉)၊ ခါတော်မီကွက်သစ်နေ ကျော်မင်းလတ် (ဘ)  ဦးမောင်ညိုအား ၎င်း၏နေအိမ်၌ လေသေနတ် ၁ လက်နှင့် လည်းကောင်း ဖမ်းဆီးထိန်းသိမ်း ရမိခဲ့သည်။

အထက်ပါ ဆူပူအကြမ်းဖက်ရာတွင် အသုံးပြုသည့် လက်နက်များ၊ ဆက်စပ် ပစ္စည်းများနှင့် အတူ ဖမ်းဆီးထိန်းသိမ်း ရမိသူများကို   ဥပဒေအရ ထိရောက်စွာ အရေးယူနိုင်ရန်   အမှုဖွင့်လှစ် ဆောင်ရွက်လျက်ရှိကြောင်းနှင့် စစ်ဆေးရှာဖွေ သတင်းဖော်ထုတ် မှုများကို ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။