ဆူပူအကြမ်းဖက်သူများက အပြစ်မဲ့ပြည်သူများအား အကြမ်းဖက်ရန်ပြုတိုက်ခိုက်

နေပြည်တော်၊ မေ - ၃

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့၊ ရပ်ကွက်(၄)၊ နယ်မြေ(၁၅)၊ ရတနာ လမ်းသွယ်ရှိ ဦးကျော်မိုး(ဘ) ဦးပေ၏ နေအိမ်အား မေ ၂ ရက် နံနက် ၇ နာရီ ၂၀ မိနစ် ခန့်တွင် ဆူပူအကြမ်းဖက်သူ ၆ ဦးခန့်က ဆိုင်ကယ်များဖြင့် ဓားရှည်၊ ဓားမြောင်နှင့် ရဲဒင်းများကိုင်ဆောင် ရောက်ရှိလာပြီး ခြံဝန်းအတွင်း ဝင်ရောက်ကာ အကြမ်းဖက် တိုက်ခိုက်၍ ပြန်လည်ထွက်ပြေး သွားခဲ့ကြောင်း သိရှိရသည်။

ဖြစ်စဉ်ဖြစ်ပွားရာနေရာသို့ လုံခြုံရေး တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးရာ ၎င်းနေအိမ်၌ ဦးကျော်မိုး(ဘ)ဦးပေ၊ ဇနီးဖြစ်သူ ဒေါ်ခိုင်မာဦး၊ သမီး ၃ ဦးနှင့် ဒေါ်ခိုင်မာဦး၏မောင်ဖြစ်သူ စိုးမင်းထွန်း၊ အိမ်ငှား ထွန်းကိုကိုဇော်တို့ နေထိုင်ကြောင်း သိရှိရပြီး ဆူပူအကြမ်း ဖက်သူများ၏ အကြမ်းဖက် တိုက်ခိုက်မှုကြောင့် စိုးမင်းထွန်းနှင့် ထွန်းကိုကိုဇော်တို့ ၂ ဦးတွင် ဒဏ်ရာများရရှိခဲ့သဖြင့် နယ်မြေခံ တပ်မတော်ဆေးရုံသို့ ပို့ဆောင်ဆေးကုသမှု ခံယူစေခဲ့သည်။

ထိုကဲ့သို့ အပြစ်မဲ့ပြည်သူများအား အကြောင်းမဲ့ ရန်ပြုတိုက်ခိုက်ခဲ့သူများနှင့် ပါဝင်ပတ်သက်သူများအား ဖမ်းဆီးရမိရေး စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိ ကြောင်းသတင်းရရှိသည်။