ဆူပူအကြမ်းဖက်သူများအားဖမ်းဆီးထိန်းသိမ်းထားစဉ် ဆေးစစ်ဆေးချက်များအရ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ သုံးစွဲထားသူများ ပါဝင်နေကြောင်းတွေ့ရှိ

ဆူပူအကြမ်းဖက်သူများအားဖမ်းဆီးထိန်းသိမ်းထားစဉ် ဆေးစစ်ဆေးချက်များအရ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ သုံးစွဲထားသူများ ပါဝင်နေကြောင်းတွေ့ရှိ

နေပြည်တော်၊ မတ်လ ၇ ရက်
    
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှ မတ်လ ၇ ရက်နေ့အထိ နိုင်ငံတစ်ဝန်း၌ နိုင်ငံ တော် တည်ငြိမ်အေးချမ်းရေးကို မလိုလားသူများက လူစုလူဝေးဖြင့် ဆူပူအကြမ်းဖက်မှု များကို လုပ်ဆောင်လာခဲ့သောကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် ထိပ်တိုက်တွေ့ဆုံ အကြမ်းဖက်တုံ့ပြန်သူများအား လိုအပ်ချက်အရ ခေတ္တထိန်းသိမ်းခြင်း၊ စစ်ဆေးခြင်းများ ဆောင်ရွက်လျက် ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်မှုများ ပြုလုပ်ခဲ့ရသည်။ 
    
ထိုသို့ ထိန်းသိမ်းစစ်ဆေးစဉ် တစ်ဖက်မှလည်း မူးယစ်ဆေးဝါးသုံးစွဲထားရှိမှု ရှိ၊ မရှိ အား (ဆီး)နှင့် ဆံပင်နမူနာများရယူ၍ ဓာတုဗေဒဝန်ရုံးသို့ ပို့ဆောင်စစ်ဆေးမှုများ ပြုလုပ် ခဲ့သည်။ စစ်ဆေးတွေ့ရှိချက်အရ ဖေဖော်ဝါရီ ၂၀ ရက်တွင် ဖြစ်ပွားခဲ့သည့် မန္တလေးတိုင်း ဒေသကြီး၊ ဂေါဝန်ဆိပ်ကမ်း ဆူပူအုံကြွမှုဖြစ်စဉ်တွင် ဖမ်းဆီးထိန်းသိမ်းခဲ့သူ ၈၃ ဦးအနက် လင်းထိန်(၂၅)နှစ်(ဘ) ဦးယူဘွတ်၊ သံလျှပ်မှော်အနောက်ရပ်ကွက်၊ မဟာအောင်မြေမြို့နယ်၊ မျိုးကိုကိုလွင်(၂၁)နှစ် (ဘ) ဦးသိန်းလွင်၊ ပတ္တမြားရပ်၊ မဟာအောင်မြေမြို့နယ်နှင့် မိုးဝင်း (၄၄)နှစ်(ဘ) ဦးအေး၊ သံလျှပ်မှော်အနောက်ရပ်ကွက်၊ မဟာအောင်မြေမြို့နယ် တို့ ၃ ဦးသည် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ သုံးစွဲထားသူများဖြစ်ကြောင်း တွေ့ရှိရသည်။
အလားတူ ပြည်ထောင်စုနယ်မြေနေပြည်တော်၌ ဖေဖော်ဝါရီလ ၂၂ ရက်နေ့တွင် နိုင်ငံတော်မှ ထုတ်ပြန်ထားရှိသော လူစုလူဝေးမပြုလုပ်ရန် ညွှန်ကြားချက်များအား ချိုးဖောက်ခဲ့သဖြင့် အမျိုးသား (၁၃၈)ဦး၊ အမျိုးသမီး(၅၇)ဦး၊ စုစုပေါင်း(၁၉၅)ဦးအား ခေတ္တထိန်းသိမ်းခဲ့ခြင်း၊ မူးယစ်ဆေးဝါးသုံးစွဲမှု ရှိ၊ မရှိ ဆီးနှင့် ဆံပင် နမူနာရယူစစ်ဆေးခြင်း၊ ဦးစီးဦးဆောင်ပြုလုပ်သူ (၆)ဦးအား တရားဥပဒေအရအရေးယူနိုင်ရေး ဆောင်ရွက်ခြင်းနှင့်  ကျန်အမျိုးသား၊ အမျိုးသမီးများအား ဖေဖော်ဝါရီလ ၂၃ ရက်နေ့တွင် ခံဝန်ကတိများ အသီးသီး ရေးထိုး၍ ပြန်လည်စေလွှတ်ပေးခဲ့သည်။
    
ပြန်လည်စေလွှတ်ပေးခဲ့သူများအနက် မရွှေသက်ပိုင်(၂၈)နှစ်(ဘ)ဦးဇော်ဝင်း၊ ဇမ္ဗူသီရိ မြို့နယ်၊ မြအိန္ဒြေခင် (၂၁)နှစ် (ဘ) ဦးမြသွင်၊ ဇမ္ဗူသီရိမြို့နယ်၊ မအေးမြတ်ဖြိုး (၂၅)နှစ်(ဘ)ဦးမြင့်သိန်း၊ ဖြိုးဝေလမ်း၊ ဒက္ခိဏသီရိမြို့နယ်၊ မလေးလေးမြင့် (၃၂)နှစ်(ဘ) ဦးကျော်မြင့်၊ အုတ်ကျင်းရပ်ကွက်၊ ပျဉ်းမနားမြို့နယ်၊ မစိုးသန္တာလှိုင်(၂၄)နှစ်၊ သုံးပင်ရွာ၊ ရေတာရှည်မြို့နယ်၊ မသီရိကိုကိုနိုင်(၂၄)နှစ်(ဘ)ဦးကိုကိုနိုင်၊ ဗိုလ်တောက်ထိန်လမ်း၊ ပျဉ်းမနားမြို့၊ မမြတ်နိုးအိ (၁၇)နှစ်(ဘ)ဦးကျော်ကိုကိုဝင်း၊ ပေါက်တောကျေးရွာ၊ ပုဗ္ဗ သီရိမြို့နယ်၊ မကေဇင်သက် (၂၀)နှစ်(ဘ)ဦးဇော်မင်း၊ ရွှေကြာပင်ရပ်ကွက်၊ ဇဗ္မူသီရိမြို့နယ်၊ မစိုးစိုးဝင်း(၃၁)နှစ်(ဘ) ဦးသောင်းကြည်၊ ပေါက်တောကျေးရွာ၊ ပုဗ္ဗသီရိမြို့နယ်၊ မဇင်ဝတ်ရည်(၃၁)နှစ်(ဘ) ဦးခင်မောင်မြင့်၊ သပြေကုန်းရပ်ကွက်၊ ဇဗ္မူသီရိမြို့နယ်၊ မသန္တာထွန်း(၁၈)နှစ်(ဘ) ဦးအေးလွင်၊ သပြေကုန်းရပ်ကွက်၊ ဇဗ္မူသီရိမြို့နယ်၊ မမိုးမိုးအေး (၁၉)နှစ်(ဘ) ဦးမောင်စိုး၊ လယ်ဝေးမြို့နယ်၊ မအေမီထွန်း(၃၀)နှစ်(ဘ) ဦးသန်းထွန်း၊ မြို့ရှောင်လမ်း၊ သာဝတ္ထိ၊ လယ်ဝေးမြို့နယ်၊ မစန္ဒာဝင်း(၂၆)နှစ်(ဘ)ဦးဝင်းမောင်၊ အောင်သုခရွာ၊ ဥတ္တရသီရိမြို့နယ်၊ မမြတ်နိုးခင်(၂၀)နှစ်(ဘ)ဦးနေမျိုးအောင်၊ တံတားဦး ကျေးရွာ၊ ဥတ္တရသီရိမြို့နယ်၊ မဖူးပွင့်ဖြူ(၁၈)နှစ်(ဘ)ဦးလှမြင့်၊ သာဝတ္ထိ၊ လယ်ဝေး မြို့နယ်၊ မအိရွှေစင်(၂၀)နှစ်(ဘ) ဦးလှသောင်း၊ ရန်အောင်ရွာ၊ ပုဗ္ဗသီရိမြို့နယ် နေသူ ၁၇ ဦးတို့သည် ဓာတုဗေဒဝန်ရုံး၏စစ်ဆေးချက်များအရ မူးယစ်ဆေးဝါး သုံးစွဲထားကြောင်း တွေ့ရှိရသည်။
    
အထက်ပါ မူးယစ်ဆေးဝါးသုံးစွဲသူများအား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲ စေသောဆေးဝါးများဆိုင်ရာဉပဒေနှင့်အညီ အရေးယူနိုင်ရေးလိုအပ်သည်များ ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
    
ဆူပူအကြမ်းဖက်မှုဖြစ်စဉ်နှစ်ခုတွင် ယခုကဲ့သို့ မူးယစ်ဆေးဝါး သုံးစွဲသူ အများစုမှာ လူငယ်၊ လူရွယ်များ ဖြစ်ကြောင်းတွေ့ရှိရသဖြင့် နိုင်ငံရေးအရေခြုံလျက် နိုင်ငံရေး ဇာတ်ခုံပေါ်တွင် ဖျာခင်းလိုသူတို့၏ ရက်စက်ယုတ်မာသော ပါတီနိုင်ငံရေးကစားကွက်၌ သားသမီးချင်းကိုယ်ချင်းမစာ ဆောင်ရွက်မှုများအား အများပြည်သူ သိရှိနိုင်စေရေးနှင့် အဆိုပါ နိုင်ငံရေးကစားကွက်အတွင်းသို့ မိမိနှင့် မိမိတို့၏ သားသမီး၊ ဆွေမျိုး အသိုင်းအဝိုင်း များ မရောက်ရှိစေရေး၊ နိုင်ငံရေးသားကောင်နှင့် မူးယစ်ဆေးဝါးသားကောင် မဖြစ်စေရေး သတိပေးနှိုးဆော်အပ်ပါသည်။