ဆူပူအော်ဟစ်ဆန္ဒပြမှုနှင့် အကြမ်းဖက်မှုဖြစ်စဉ်များအား ဖြိုခွဲထိန်းသိမ်း

ဆူပူအော်ဟစ်ဆန္ဒပြမှုနှင့် အကြမ်းဖက်မှုဖြစ်စဉ်များအား ဖြိုခွဲထိန်းသိမ်း

နေပြည်တော်၊ မတ်လ ၁၇ 

နိုင်ငံတော်အတွင်း လူစုလူဝေးများအနေဖြင့် သာမန်ဆန္ဒပြမှုမှ ဆူပူဆန္ဒပြခြင်း၊ ဆူပူဆန္ဒပြရာမှ လုံခြုံရေးတပ်ဖွဲ့ဝင်များအား ရန်ပြုခြင်း၊ လူပုဂ္ဂိုလ်ဆိုင်ရာအငြိုးအတေးများကို အခြေခံ၍ ဖမ်းဆီးခြင်း၊ နှိပ်စက်ခြင်း၊ စက်ရုံအလုပ်ရုံများ၊ လုံခြုံရေးစခန်းများအား မီးကွင်းပစ်ခြင်း၊ မီးရှို့ဖျက်ဆီးခြင်း၊ ပစ္စည်းများ လုယူခြင်းနှင့် ရဲကင်းစခန်းများအား အသိဉာဏ်ဆင်ခြင်တုံတရားကင်းမဲ့စွာ ဝင်ရောက်စီးနင်းရန် ကြံစည်အားထုတ်နေမှုများကို တွေ့ရှိနေရပါသည်။

  ၂၀၂၁ ခုနှစ်၊ မတ်လ ၁၇ ရက်နေတွင်မြို့နယ်အချို့၌ ဆူပူအော်ဟစ်ဆန္ဒပြမှုနှင့် အကြမ်းဖက်မှုများ ဖြစ်ပွားခဲ့၍ လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖြိုခွဲထိန်းသိမ်းခဲ့ရပြီး ဖြစ်စဉ်များတွင် ပါဝင်သူ အမျိုးသား ၄၃ ဦး၊ အမျိုးသမီး ၅ ဦး၊ စုစုပေါင်း ၄၈ ဦးတို့အား ဥပဒေနှင့်အညီ ဖမ်းဆီးထိန်းသိမ်းခဲ့ရပါသည်။

ဖော်ပြပါကဲ့သို့ ဆူပူအကြမ်းဖက်မှု ပုံသဏ္ဍာန်ဖြင့်ဆောင်ရွက်နေမှုများသည် လူငယ်ထုကို ဗဟိုပြုမြှောက်ပင့်ဆောင်ရွက်နေကြပြီး နောက်ကွယ်မှ စေခိုင်းသူများအနေဖြင့် အန္တရာယ် လွတ်ကင်းသောနေရာတွင် ပုန်းခိုကာအခြားသော အထောက်အပံ့များကို အေးချမ်းသာယာစွာ ခံစား နေထိုင်နေကြသည်ကို တွေ့မြင်ကြားသိနေရသဖြင့် အချို့သောလူငယ်ထုအနေဖြင့် ဆူပူအကြမ်းဖက် လုပ်ရပ်များတွင် ယခင်ကထက်ပါဝင်လာမှု လျော့နည်းလာသည်ဟု နိုင်ငံအရေးလေ့လာသူများမှ သုံးသပ်ကြကြောင်း သတင်းရရှိပါသည်။