ဇလွန်မြို့၊ မြောင်းမြမြို့နှင့်ကျိုက်လတ်မြို့များရှိ အခြေခံပညာကျောင်းများ၌ စုပေါင်းသန့်ရှင်းရေးပြုလုပ်

နေပြည်တော် သြဂုတ် ၂၆

ဧရာဝတီတိုင်းဒေသကြီး၊ ဇလွန်မြို့၊ မြောင်းမြမြို့နှင့် ကျိုက်လတ်မြို့တို့ရှိ အခြေခံပညာကျောင်းများ သန့်ရှင်းသာယာလှပရေးအတွက် ယနေ့တွင် ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဒေသခံပြည်သူများ  စုပေါင်း၍ စာသင်ကျောင်းများ  အတွင်း/အပြင်ရှိ ချုံနွယ်ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်များရှင်းလင်းခြင်းနှင့်  စာသင်ခုံများ ပြန်လည်နေရာချထားပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ကြောင်း    သတင်းရရှိသည်။

(၁၀၀)