တည်ငြိမ်အေးချမ်းစွာနေထိုင်လိုသည့် ပြည်သူများအား အနှောက်အယှက် ဖြစ်စေသည့် အဖျက်လုပ်ရပ်များ လုပ်ဆောင်နေသည့် အကြမ်းဖက် အဖျက်သမားများအား ဖမ်းဆီးရမိရေး သတင်းထုတ်ပြန်ချက်

နေြပည်တော်၊ ဧပြီ - ၄

 

                မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော ဆန္ဒဖော်ထုတ်မှုများသည် ဒီမိုကရေစီ ယဉ်ကျေးမှုအရ မိမိတို့၏ဆန္ဒကိုဖော်ထုတ်ပြသသည့် ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ခြင်း (Peaceful Protests)အဆင့်မှ လူစုလူဝေးဖြင့် ဆူပူဆန္ဒပြမှု(Riots)သို့ ပြောင်းလဲခဲ့ပြီး NLD ပါတီဝင် တက်ကြွလှုပ်ရှားသူများ၊ NLD ပါတီအစွန်းရောက်ထောက်ခံသူများ၏ ဦးဆောင်လှုပ်ရှားမှု၊ နောက်ကွယ်မှကြိုးကိုင်စီစဉ်မှုများကြောင့် အချို့မြို့ကြီးများတွင် မင်းမဲ့စရိုက်ပုံစံ လူစုလူဝေးဖြင့် ဆူပူအကြမ်းဖက်ဆန္ဒပြမှု(Anarchy Mob) အသွင်    ဖြစ်ပေါ်ခဲ့ပါသည်။

                Anarchy Mob အသွင်လှုပ်ရှားမှုများကို လုပ်ဆောင်ရာတွင် NLD ပါတီဝင်အစွန်းရောက်များနှင့် တရားဥပဒေချိုးဖောက်ပြီး ထွက်ပြေးတိမ်းရှောင်နေသော ဝရမ်းပြေးများသည် NLD ပါတီအာဏာပြန်လည်ရရှိရေးနှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး    ကောင်စီ၏ အုပ်ချုပ်မှုယန္တရားရပ်ဆိုင်းရေးအတွက် CDM လှုပ်ရှားမှုနှင့်အတူ လုံခြုံ  ရေးတပ်ဖွဲ့ဝင်များကို တိုက်ခိုက်ခြင်း၊ ရဲစခန်းများအား လူစုလူဝေးဖြင့် အကြမ်းဖက်စီးနင်းတိုက်ခိုက်ခြင်း၊ အစိုးရရုံး၊ ဌာန၊ စာသင်ကျောင်းများ မီးရှို့ခြင်းအပါအဝင် လက်နက်ကိုင် ပုန်ကန်အကြမ်းဖက်သည့် အသွင် (Insurrection) အဆင့်သို့ရောက်ရှိခဲ့ပါ  သည်။

                ယခုအခါ ဆူပူဆန္ဒဖော်ထုတ်မှုများသည် သိသိသာသာ အင်အား လျော့နည်းလာသော်လည်း NLD ပါတီဝင်အစွန်းရောက်များ၏ ဦးဆောင်ပါဝင်မှုနှင့် အကြမ်းဖက်သမားများအား အခကြေးငွေပေး၍ ခိုင်းစေမှုများကြောင့် အချို့မြို့ကြီး များတွင်ဆူပူအကြမ်းဖက် ဆန္ဒပြမှုများနှင့်အတူ အကြမ်းဖက်လုပ်ငန်းများဖြစ်သည့် အပြစ်မဲ့ပြည်သူ  များ၊ တာဝန်သိနိုင်ငံ့ဝန်ထမ်းများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များအား အကြောင်းမဲ့    ရက်  ရက်စက်စက် သတ်ဖြတ်ခြင်း၊ မြို့ရွာများ မတည်မငြိမ်ဖြစ်စေရန် မီးကွင်းပစ်မီးရှို့     ခြင်း၊ ဓာတ်ဆီ ပုလင်းများဖြင့် ပစ်ပေါက်ခြင်းများကို လုပ်ဆောင် လျက်ရှိပါသည်။

                ထိုသို့လုပ်ဆောင်ရာတွင် လက်နက်များကိုင်ဆောင်ထားသည့် အကြမ်းဖက်အဖွဲ့ငယ်များကို ဖွဲ့စည်းပြီး တည်ငြိမ်အေးချမ်းစွာ နေထိုင်နေသည့် မြို့၊ ရွာ၊ ရပ်ကွက်များအတွင်း အိမ်သုံးမော်တော်ယာဉ်နှင့် မော်တော်ဆိုင်ကယ်များကို အုပ်စုဖွဲ့လျက်   လှည့်လည်ကာ အသင့်ယူဆောင်လာသော ဓာတ်ဆီပုလင်းများ၊ တာယာဟောင်း အပါအဝင် မီးလောင်လွယ်သည့် လောင်စာများအား လမ်းမကြီးများပေါ်တွင် စုပုံမီးရှို့ခြင်း၊ ၎င်းတို့ မီးရှို့မှုကို တားမြစ်သည့် ပြည်သူများအားရန်ရှာခြင်း၊ တည်ငြိမ် အေးချမ်းစွာ   နေထိုင်လိုသည့် ပြည်သူ များအား ခြိမ်းခြောက်ခြင်းများကို လုပ်ဆောင် လျက်ရှိ     ကြောင်း၊ ၎င်းတို့ကိုယ်တိုင် တင်ထားသည့် သတင်းများ လူမှုကွန်ရက်များတွင်မြင်တွေ့ရပါသည်။

                ၎င်းတို့၏ ရည်ရွယ်ချက်မှာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အုပ်ချုပ်မှု ယန္တရားပျက်ပြားစေရန် အဓိကဦးတည်ပြီး နိုင်ငံအနှံ့ မြို့ရွာများ မတည်မငြိမ်ဖြစ်ပြီး မီးလောင်မှုများဖြစ်ပွားနေကြောင်း နိုင်ငံတကာနှင့်ပြည်သူများ အထင်အမြင်လွဲမှား အောင်ဆောင်ရွက်လိုခြင်းဖြစ်ပါသည်။ ၎င်းအပြင် မီးရှို့မှုများကို လုံခြုံရေးတပ်ဖွဲ့ဝင်များက လုပ်ဆောင်သကဲ့သို့ သတင်းအတုများပုံဖော်ဖန်တီးပြီး အေးချမ်းစွာ နေထိုင်လိုသည့် ပြည်သူလူထုနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား ရန်တိုက်ပေးခြင်းကဲ့သို့   သော ကောက်ကျစ်သည့်လုပ်ရပ်များအား စီစဉ်ဆောင်ရွက် လျက်ရှိပါသည်။

                သို့ဖြစ်ပါ၍ မြို့၊ ရွာ၊ ရပ်ကွက်၊ ကျေးရွာများအတွင်းသို့ မော်တော်ယာဉ်    များ၊ ဆိုင်ကယ်များဖြင့် ဝင်ရောက်လာပြီး မီးရှို့မှုများ ပြုလုပ်နေသည့် အကြမ်းဖက်အဖျက်သမားများ မိမိတို့၏ ရပ်ကွက်၊ ကျေးရွာများသို့ ဝင်ရောက်လာပါက သက်   ဆိုင်ရာ အနီးဆုံးရှိ လုံခြုံရေးတပ်ဖွဲ့ဝင်များထံ အချိန်မီတိုင်ကြားနိုင်ကြောင်းနှင့်    အဆိုပါ အကြမ်းဖက် သမားများအား ဖမ်းဆီးရမိရေး  လုံခြုံရေးတပ်ဖွဲ့ဝင်များမှ တာ ဝန်သိမိဘပြည်သူများနှင့်အတူ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။