တန့်ဆည်မြို့နယ် ရေဦး-တန့်ဆည်ကားလမ်းပေါ်ရှိ ကွန်ကရစ်တံတားနှင့် အမရပူရမြို့နယ်၊ ထုံးဘို-ပြင်ဦးလွင်လားပေါ်ရှိ တံတားတို့အား အကြမ်းဖက်သမားတို့က ဖျက်ဆီးရန်အတွက် မိုင်းထောင်နေစဉ် ပေါက်ကွဲမှုဖြစ်ပွားကာ အကြမ်းဖက်သမားများ သေဆုံး

တန့်ဆည်မြို့နယ် ရေဦး-တန့်ဆည်ကားလမ်းပေါ်ရှိ ကွန်ကရစ်တံတားနှင့် အမရပူရမြို့နယ်၊ ထုံးဘို-ပြင်ဦးလွင်လားပေါ်ရှိ တံတားတို့အား အကြမ်းဖက်သမားတို့က ဖျက်ဆီးရန်အတွက် မိုင်းထောင်နေစဉ် ပေါက်ကွဲမှုဖြစ်ပွားကာ အကြမ်းဖက်သမားများ သေဆုံး

နေပြည်တော်၊ ဒီဇင်ဘာ ၂

စစ်ကိုင်းတိုင်းဒေသကြီး၊ တန့်ဆည်မြို့နယ် ရေဦး-တန့်ဆည်ကားလမ်းပေါ်ရှိ ကွန်ကရစ် တံတားနှင့် မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ ထုံးဘို-ပြင်ဦးလွင်လားပေါ်ရှိ မင်္ဂလာတံတား တို့အား အကြမ်းဖက်သမားတို့က ဖျက်ဆီးရန်အတွက် မိုင်းထောင်နေစဉ် ပေါက်ကွဲမှုဖြစ်ပွားကာ အကြမ်းဖက်သမားများ သေဆုံးခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဒီဇင်ဘာလ ၁ ရက်နေ့ မွန်းလွဲ ၁ နာရီ ၄၀ မိနစ်တွင် တန့်ဆည်မြို့နယ်၊ ကျွဲဆွဲ ကျေးရွာအနီး၌ မိုင်းထောင်နေစဉ် ပေါက်ကွဲမှုဖြစ်ပွား၍ မိုင်းထောင်နေသည့် အကြမ်းဖက်သမား တစ်ဦးသေဆုံးကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးရာ အကြမ်း ဖက်သမားတစ်ဦးသည် အဆိုပါကွန်ကရစ်တံတားထိပ်၌ လက်လုပ်မိုင်းတစ်လုံးတပ်ဆင်ထောင်စဉ် ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ပေါက်ကွဲမှုကြောင့် အဆိုပါအကြမ်းဖက်သမားမှာ ဦးခေါင်းမိုင်းစထိမှန် ဒဏ်ရာများ ရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးလျက်ရှိသည်ကို တွေ့ရှိရသည်။

အလားတူ ဒီဇင်ဘာလ ၂ ရက်နေ့ နံနက် ၆ နာရီခွဲတွင် မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ ထုံးဘို-ပြင်ဦးလွင်အတက်ကားလမ်း မိုင်တိုင်အမှတ် ၃ မိုင် ၆ ဖာလုံနှင့် ၇ ဖာလုံ အကြား တမုတ်ဆိုးကျေးရွာအနီးရှိ မင်္ဂလာတံတားပေါ်၌ ပေါက်ကွဲမှုဖြစ်ပွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးရာ အဆိုပါတံတား တောင်ဘက်ထိပ်၌ အကြမ်းဖက် သမားတစ်ဦးက PVC ပိုက်ဖြင့် ပြုလုပ်ထားပြီး Keypad ဖုန်းဖြင့် ချိတ်ဆက်ထားသည့် လက်လုပ် မိုင်းတစ်လုံးအား ထောင်နေစဉ် ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ပေါက်ကွဲမှုကြောင့် အကြမ်းဖက်သမားမှာ ဒူးအထက်မှ ပြတ်ထွက်ဒဏ်ရာ၊ ဦးခေါင်းဝဲဘက်ခြမ်း ပွင့်ထွက် ဒဏ်ရာများဖြင့် သေဆုံးခဲ့ပြီး တံတားလက်ရန်း ၁၂ ပေခန့်ပျက်စီးနေသည်ကို တွေ့ရှိရသည်။

ထိုကဲ့သို့ အများပြည်သူသွားလာလှုပ်ရှား အသုံးပြုလျက်ရှိသည့် တံတားအား ဖျက်ဆီးရန်နှင့် လမ်းမကြီးအား အသုံးပြုသွားလာနေသူများအား ထိခိုက်ပျက်စီးစေရန် ရည်ရွယ်ချက်ဖြင့် မိုင်း ထောင်နေစဉ် ပေါက်ကွဲမှုဖြစ်ပွား၍ သေဆုံးခဲ့သည့် အကြမ်းဖက်သမား၏ အလောင်းအား တန့်ဆည်မြို့ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ထားရှိပြီး ရဲလုပ်ငန်းများနှင်အညီ သေမှုသေခင်းရေးဖွင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။