တပ်မတော်(ကြည်း၊ ရေ၊ လေ)မိသားစုများနှင့် စေတနာရှင်ပြည်သူများက ဆွမ်း ဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုး၊ နေ့ဆွမ်းများနှင့် နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်း

တပ်မတော်(ကြည်း၊ ရေ၊ လေ)မိသားစုများနှင့် စေတနာရှင်ပြည်သူများက ဆွမ်း ဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုး၊ နေ့ဆွမ်းများနှင့် နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်း

နေပြည်တော်၊ ဩဂုတ် - ၁၇

ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် ကာလအတွင်း ဆွမ်းကိစ္စရပ်များ အဆင်ပြေစေရန်ရည်ရွယ်၍ တပ်မတော်(ကြည်း၊ရေ၊ လေ) အရာရှိ၊ စစ်သည်၊ အရာထမ်း၊ အမှုထမ်းများနှင့် စေတနာရှင်အလှူရှင်များက မြို့နယ် အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများ၊ သာသနာနွယ်ဝင် သီလရှင်ကျောင်း များ၊ ဘာသာရေးကျောင်းများနှင့် ဘိုးဘွားရိပ်သာများသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုးနှင့် လှူဖွယ်ပစ္စည်းများလှူဒါန်းခြင်း၊ နေ့ဆွမ်းများဆက်ကပ်လှူဒါန်းခြင်း နှင့် လိုအပ်သည့် ကျန်းမာရေးစစ်ဆေးကုသပေးခြင်းများကို ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ဆောင်ရွက်လျက်ရှိရာ ဩဂုတ် ၁၆ ရက်နှင့် ယနေ့တို့တွင် ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ နမ့်ဆန်မြို့ရှိ မြို့မဂိုဏ်းချုပ်ဆရာတော်ကျောင်းတိုက်၊ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လင်းခေးခရိုင်၊ လင်းခေးမြို့ရှိ ကမ္မဌာန်းကျောင်းတိုက်၊ ကရင်ပြည်နယ်၊ ဘားအံမြို့၊ အမှတ်(၆)ရပ်ကွက်ရှိ ဇမ္ဗူမြိုင်သီလရှင်စာသင်တိုက်၊ ရန်ကုန်တိုင်း ဒေသကြီး၊ မရမ်းကုန်းမြို့နယ်ရှိ ဆေကဝတီဗုဒ္ဓတက္ကသိုလ်၊ မှော်ဘီမြို့နယ်၊ သဲဖြူ ကျေးရွာရှိ သဲဖြူရွာဦးကျောင်းတိုက်၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ရှိ လေဆိပ် တပ်ဦးစာသင်တိုက်၊ သဲအင်းဂူတရားပြကျောင်းတိုက်၊ တိုက်ကြီးကျောင်း ပရိယတ္တိ စာသင်တိုက်၊ ကွက်ပြင်ကြီးကျောင်းတိုက်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့ရှိ တပ်ဦး နန္ဒဝန် ကျောင်းတိုက်၊ မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်ရှိ ကထိန်တော် ကျောင်းတိုက်၊ ပြည်ကြီးတံခွန်မြို့နယ်၊ ချမ်းမြသာယာရပ်ကွက်ရှိ မြဝတီသီလရှင် စာသင်တိုက်၊ ပြင်ဦးလွင်မြို့နယ်၊ ရပ်ကွက်(၆)ရှိ အောင်ဇဗ္ဗူတောရကျောင်းတိုက်၊ ဝက်ဝံကျေးရွာရှိ ဝက်ဝံဈေးကုန်းဘုန်းတော်ကြီးကျောင်း၊ ရပ်ကွက်ကြီး(၁)ရှိ ရွှေစင် မင်းသီလရှင်စာသင်တိုက်၊ ရပ်ကွက်ကြီး(၇)ရှိ ရွာသစ်ကလေးတပ်ဦးကျောင်း၊ ရပ်ကွက် ကြီး(၁၉)ရှိ မြရတနာမင်္ဂလာမဂ္ဂင်ကျောင်းတိုက်၊ ဆေးတလုံးကျေးရွာရှိ ဘုန်းတော်ကြီး ကျောင်း၊ ပင်လိန်(အရှေ့)ကျေးရွာဘုန်းတော်ကြီးကျောင်း၊ သံတောင်ကျေးရွာအုပ်စု၊ ကျောက်ဖျာဒိုးကျေးရွာရှိ လင်းလွန်းတစ်ထောင်ကျောင်းတိုက်၊ ကျွဲနွားထောက် ကျေးရွာရှိ မေတ္တာရောင်ခြည်ဘုန်းတော်ကြီးကျောင်း၊ ပင်တီးကျေးရွာရှိ ပင်တီး ဘုန်းတော်ကြီးကျောင်း၊ အင်းပုတ်ကျေးရွာဘုန်းတော်ကြီးကျောင်း၊ ရပ်ကွက်ကြီး(၉)ရှိ အေးမြချမ်းသာသီလရှင်ကျောင်းတိုက်၊ ငါးရံ့ချောင်းကျေးရွာရှိ သကျဒီတာသီလရှင် ကျောင်းတိုက်၊ ရပ်ကွက်ကြီး(၂)ရှိ ဇယန်းသာသနာ့ရက္ခိတသီလရှင်စာသင်တိုက်၊ ကျောက်ပန်းတောင်းမြို့နယ်ရှိ လှံရိုးပျောက်ကျေးရွာဘုန်းတော်ကြီးကျောင်း၊ သဒ္ဓမ္မ နဒီသီလရှင်စာသင်တိုက်၊ ပုပ္ပါးရေနံသာပရိယတ္တိစာသင်တိုက်၊ မြင်းခြံမြို့နယ်ရှိ ရွှေဘုံသာဘုန်းတော်ကြီးကျောင်း၊ ချောက်မြို့နယ်ရှိ စိတ္တသုခသီတာရုံဘုန်းတော်ကြီး ကျောင်း၊ ဓမ္မရက္ခိတသီလရှင်တိုက်၊ ညောင်ဦးမြို့နယ်ရှိ ရွှေဂူမိဘမဲ့ပရဟိတ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း၊ ဆိပ်ဖြူမြို့နယ်ရှိ ဓမ္မဒီပကျောင်းတိုက်၊ ပခုက္ကူမြို့နယ်၊ လမ်းရွာကျေးရွာအုပ်စုရှိ မတ်တတောင်ဆုတောင်းပြည့်ဘုန်းတော်ကြီး ကျောင်းနှင့်ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့၊ ဆံတော်ရပ်ကွက်ရှိ ဇောတိကာရုံ ဘုန်းတော် ကြီးကျောင်းတို့မှ သံဃာတော်များနှင့် သာသနာနွယ်ဝင် သီလရှင်များအား ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုး၊ နဝကမ္မ အလှူငွေများ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအထောက် အကူပြုပစ္စည်းများ၊ နေ့ဆွမ်းများနှင့် လှူဖွယ်ပစ္စည်းများကို တိုင်းစစ်ဌာနချုပ် အသီးသီးမှ တိုင်းမှူးများနှင့် တာဝန်ရှိသူများက သွားရောက် ဆက်ကပ်လှူဒါန်းခဲ့ကြပြီး နယ်မြေခံဆေးအဖွဲ့များက လိုအပ်သည့်ကျန်းမာရေး စစ်ဆေးကုသပေးခြင်းများ ဆောင်ရွက်ပေးသည်။
ထို့ပြင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့၊ ညောင်ဖြူစခန်းရပ်ကွက်ရှိ ရှမ်းရိုးမဘိုးဘွားရိပ်သာ၊ တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့ရှိ ဘိုးဘွား ရိပ်သာ၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ရှိ စက်တော်ရာဘိုးဘွားရိပ်သာ၊ ကျုံပျော်မြို့၊ ဟင်္သာတမြို့၊ လေးမျက်နှာမြို့၊ မြန်အောင်မြို့၊ မြောင်းမြမြို့၊ အိမ်မဲမြို့၊ ဝါးခယ်မမြို့၊ မော်လမြိုင်ကျွန်းမြို့၊ မအူပင်မြို့၊ ပန်းတနော်မြို့၊ ဖျာပုံမြို့၊ ဒေးဒရဲမြို့တို့ရှိ ဘိုးဘွားရိပ်သာများနှင့် မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်ရှိ မန်း တောင်ခြေဘိုးဘွားရိပ်သာတို့မှ အဘိုး၊ အဘွားများအား သက်ဆိုင်ရာ တိုင်းစစ် ဌာနချုပ်အသီးသီးမှ တိုင်းမှူးများနှင့် တာဝန်ရှိသူများက အလှူငွေများနှင့် အာဟာရ ဖြည့် စားသောက်ဖွယ်ရာများ သွားရောက်လှူဒါန်းပြီး နယ်မြေခံဆေး ကုသရေး အဖွဲ့များက အဘိုး၊ အဘွားများအား လိုအပ်သည့် ကျန်းမာရေးစစ်ဆေး ကုသပေး ခြင်းများ ဆောင်ရွက်ပေးခဲ့ကြကြောင်း သတင်းရရှိသည်။