တပ်မတော်(ကြည်း၊ ရေ၊ လေ)မိသားစုများနှင့် စေတနာရှင်ပြည်သူများက ဆွမ်း ဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုး၊ နေ့ဆွမ်းများနှင့် နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်း

တပ်မတော်(ကြည်း၊ ရေ၊ လေ)မိသားစုများနှင့် စေတနာရှင်ပြည်သူများက ဆွမ်း ဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုး၊ နေ့ဆွမ်းများနှင့် နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်း

နေပြည်တော်၊ စက်တင်ဘာ - ၁၂

ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် ကာလအတွင်း ဆွမ်းကိစ္စရပ်များ အဆင်ပြေစေရန်ရည်ရွယ်၍ တပ်မတော်(ကြည်း၊ရေ၊ လေ) အရာရှိ၊ စစ်သည်၊ အရာထမ်း၊ အမှုထမ်းများနှင့် စေတနာရှင်အလှူရှင်များက မြို့နယ် အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများ၊ သာသနာနွယ်ဝင် သီလရှင်ကျောင်း များ၊ ဘာသာရေးကျောင်းများနှင့် ဘိုးဘွားရိပ်သာများသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုးနှင့် လှူဖွယ်ပစ္စည်းများလှူဒါန်းခြင်း၊ နေ့ဆွမ်းများဆက်ကပ်လှူဒါန်းခြင်း နှင့် လိုအပ်သည့် ကျန်းမာရေးစစ်ဆေးကုသပေးခြင်းများကို ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ ချင်းကုန်းကျေးရွာရှိ ရွာဦးအောင်ကျောင်းတိုက်၊ သန်လျင်မြို့နယ်၊ ထမလုံကျေးရွာရှိ ဂလိုဘယ်ဓမ္မဖောင်ဒေးရှင်းတက္ကသိုလ်၊ တွံတေးမြို့နယ်၊ ကံဘဲ့ကျေးရွာရှိ သတ္တဌာန ကျောင်းတိုက်၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ရှိ အောင်ရတနာသိဒ္ဓိကျောင်းတိုက်၊ မေတ္တာသိဒ္ဓိအောင်ကျောင်းတိုက်၊ ဖျာပုံမြို့ရှိ သမိဒ္ဓေါဒယသီလရှင်စာသင်တိုက်၊ ရခိုင် ပြည်နယ်၊ အမ်းမြို့ရှိ ငွေချန်တောင်ဘုန်းတော်ကြီးကျောင်း၊ မြောက်ဦးမြို့ရှိ ရွှေတောင် ဘုန်းတော်ကြီးကျောင်း၊ တောင်ကုတ်မြို့ရှိ စေတျာရာမဘုန်းတော်ကြီးကျောင်း၊ မန္တလေး တိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ စမ်းမြရောင်ခြည်စာချကျောင်း၊ ပြင်ဦးလွင် မြို့နယ်ရှိ ရွာသစ်ကလေးတပ်ဦးကျောင်း၊ သိင်္ဃမိတ္တာသီလရှင်စာသင်တိုက်၊ မဟိန္ဒာ ရာမမိုးညိုကျောင်းတိုက်၊ ပွဲကောက်ကျေးရွာရှိ အောင်ပွဲသီရိဘုန်းတော်ကြီးကျောင်း၊ မျှင်တောင်ကျေးရွာရှိ နားချိုက်ဘုန်းတော်ကြီးကျောင်း၊ ကျွဲနွားထောက်ကျေးရွာရှိ မေတ္တာရောင်ခြည်ဘုန်းတော်ကြီးကျောင်း၊ မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ မင်းကန်ကျေးရွာရှိ မဟာသတိပဋ္ဌာန်ကျောင်းတိုက်နှင့် ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့၊ မြို့သစ်(၁၃)လမ်းရှိ ကြည်သာအေးမြဘုန်းတော်ကြီးကျောင်းတို့မှ သံဃာတော်များနှင့် သာသနာ နွယ်ဝင် သီလရှင်များအား ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုး၊ နဝကမ္မ အလှူငွေများ၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အထောက် အကူပြုပစ္စည်းများ၊ နေ့ဆွမ်းများနှင့် လှူဖွယ်ပစ္စည်းများကို သက်ဆိုင်ရာ တိုင်းစစ် ဌာနချုပ်များမှ တိုင်းမှူးများနှင့် တာဝန်ရှိသူများက သွားရောက်ဆက်ကပ်လှူဒါန်း ကြပြီး နယ်မြေခံ ဆေးအဖွဲ့များက လိုအပ်သည့် ကျန်းမာရေးစစ်ဆေးကုသပေးခြင်းများ ဆောင်ရွက် ပေးခဲ့ကြကြောင်း သတင်းရရှိသည်။