တပ်မတော်ဆေးရုံများနှင့် ယာယီအရေးပေါ်ဆေးရုံများ၌ ယနေ့အထိ ပြင်ပလူနာနှစ်သိန်းရှစ်သောင်းကျော်ကုသပေးနိုင်ခဲ့

နေပြည်တော်  သြဂုတ်  ၂၀

ပြည်သူလူထုအတွက် အဓိကအကျဆုံးဖြစ်သော ကျန်းမာရေးကဏ္ဍ မြင့်မားရေးအတွက် တပ်မတော်မှ ပါရဂူများ၊ ဆေးမှူးများ၊ သူနာပြုများဖြင့် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးလျက်ရှိသည့်အပြင် ပြည်သူလူထု၏ အရေးပေါ်ကျန်းမာရေးဆိုင်ရာ ကုသမှုများ ဆောင်ရွက်ပေးနိုင်ရန်အတွက် တပ်မတော်ဆေးရုံများနှင့် ယာယီကုသရေးဆေးရုံများ၌ ကျန်းမာရေးစောင့်ရှောက်မှုများကို နေ့ညမပြတ် ဆောင်ရွက်ပေးလျက်ရှိရာ ဖေဖော်ဝါရီ  ၅ ရက်မှ ယနေ့အထိ ပြင်ပလူနာပေါင်း ၂၈၁၉၆၀  ဦးနှင့်  အတွင်းလူနာပေါင်း ၈၂၇၉၂ ဦးတို့ကို ကုသပေးနိုင်ခဲ့သည်။

၎င်းလူနာများအနက် အကြီးစားခွဲစိတ်ကုသရန်လိုအပ်သူ ၁၃၁၀၇ ဦး၊ အသေးစား ခွဲစိတ်ကုသရန်လိုအပ်သူ ၇၁၀၈ ဦး၊ စုစုပေါင်း ၂၀၂၁၅ ဦးတို့ကို ခွဲစိတ်ကုသပေးနိုင်ခဲ့သည့်အပြင် စိုးရိမ်ဖွယ်ရာရှိသည့် လူနာများကိုလည်း  ပါရဂူများ၊  ဆေးမှူး များဖြင့် အထူး ကြပ်မတ် ကုသပေးလျက်ရှိသည်။ ထို့ပြင် ကလေးမီးဖွားလူနာ ၆၈၉၁ ဦးကို ခွဲစိတ်၍လည်းကောင်း၊ ၉၄၇၄ ဦးကို သာမန်ဖြင့် လည်းကောင်း မွေးဖွားပေးနိုင်ခဲ့ခြင်းကြောင့် ယနေ့အထိ ကလေးငယ် ၁၆၃၆၅ ဦးကို အောင်မြင်စွာမွေးဖွားပေးနိုင်ခဲ့ပြီး တပ်မတော် အနေဖြင့် ပြည်သူလူထု၏ ကျန်းမာရေးကဏ္ဍမြင့်မားရေးတွင် ဆက်လက် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိ သည်။            

  (၁၀၀)