တပ်မတော်ဆေးရုံများနှင့် ယာယီအရေးပေါ်ဆေးရုံများ၌ ယနေ့အထိ ပြင်ပလူနာနှစ်သိန်း ခုနစ်သောင်းကျော်ကုသပေးနိုင်ခဲ့

နေပြည်တော် သြဂုတ် ၁၂

ပြည်သူလူထုအတွက် အဓိကအကျဆုံး ဖြစ်သော ကျန်းမာရေးကဏ္ဍမြင့်မားရေး အတွက် တပ်မတော်မှ ပါရဂူများ၊ ဆေးမှူး များ၊ သူနာပြုများဖြင့် ဝိုင်းဝန်းကူညီဆောင် ရွက်ပေးလျက်ရှိသည့်အပြင် ပြည်သူလူထု၏ အရေးပေါ်ကျန်းမာရေးဆိုင်ရာကုသမှုများ ဆောင်ရွက်ပေးနိုင်ရန်အတွက် တပ်မတော် ဆေးရုံများနှင့် ယာယီကုသရေးဆေးရုံများ၌  ကျန်းမာရေးစောင့်ရှောက်မှုများကို နေ့ညမပြတ်  ဆောင်ရွက်ပေးလျက်ရှိရာ ဖေဖော်ဝါရီ  ၅ ရက်မှ ယနေ့အထိ ပြင်ပလူနာပေါင်း ၂၇၉၅၃၁ ဦးနှင့်  အတွင်းလူနာပေါင်း ၈၁၉၈၂ ဦးတို့ကို ကုသပေးနိုင်ခဲ့သည်။

၎င်းလူနာများအနက် အကြီးစားခွဲစိတ် ကုသရန်လိုအပ်သူ ၁၂၉၉၂ ဦး၊ အသေးစား ခွဲစိတ်ကုသရန်လိုအပ်သူ ၇၀၁၉ ဦး၊ စုစုပေါင်း ၂၀၀၁၁ ဦးတို့ကို ခွဲစိတ်ကုသပေးနိုင် ခဲ့သည့်အပြင် စိုးရိမ်ဖွယ်ရာရှိသည့် လူနာများကိုလည်း ပါရဂူများ၊ ဆေးမှူးများဖြင့် အထူးကြပ်မတ်ကုသပေးလျက်ရှိသည်။ ထို့ပြင် ကလေးမီးဖွားလူနာ ၆၇၇၆ ဦးကို ခွဲစိတ်၍လည်းကောင်း၊ ၉၃၉၂ ဦးကို သာမန်ဖြင့်လည်းကောင်း မွေးဖွားပေးနိုင်ခဲ့ခြင်းကြောင့် ယနေ့အထိကလေးငယ် ၁၆၁၆၈ ဦးကို အောင်မြင်စွာမွေးဖွားပေးနိုင်ခဲ့ပြီး တပ်မတော်အနေဖြင့်  ပြည်သူလူထု၏ကျန်းမာရေးကဏ္ဍ   မြင့်မားရေးတွင် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။                  

 (၁၀၀)