တပ်မတော်ဆေးရုံများနှင့် ယာယီအရေးပေါ် ဆေးရုံများ၌ ယနေ့အထိ ပြင်ပလူနာ နှစ်သိန်းခြောက်သောင်းကျော် ကုသပေးနိုင်ခဲ့

တပ်မတော်ဆေးရုံများနှင့် ယာယီအရေးပေါ် ဆေးရုံများ၌ ယနေ့အထိ ပြင်ပလူနာ နှစ်သိန်းခြောက်သောင်းကျော် ကုသပေးနိုင်ခဲ့

နေပြည်တော် ဇူလိုင်  ၃

ပြည်သူလူထုအတွက် အဓိက အကျဆုံးဖြစ်သော  ကျန်းမာရေးကဏ္ဍ မြင့်မားရေး အတွက် တပ်မတော်မှ ပါရဂူများ၊ ဆေးမှူးများ၊ သူနာပြုများဖြင့် ဝိုင်းဝန်းကူညီဆောင်

ရွက်ပေးလျက်ရှိသည့်အပြင် ပြည်သူလူထု၏ အရေးပေါ်ကျန်းမာရေးဆိုင်ရာ ကုသမှုများ ဆောင်ရွက်ပေးနိုင်ရန်အတွက် တပ်မတော်ဆေးရုံများနှင့် ယာယီကုသရေး ဆေးရုံများ၌  ကျန်းမာရေး စောင့်ရှောက်မှုများကို နေ့ညမပြတ်ဆောင်ရွက်ပေးလျက်ရှိရာ ဖေဖော်ဝါရီ  ၅ ရက်မှ ယနေ့အထိ ပြင်ပလူနာပေါင်း ၂၆၅၁ဝဝ  ဦးနှင့် အတွင်းလူနာပေါင်း ၇၇ဝ၂၂  ဦးတို့ကို ကုသပေးနိုင်ခဲ့သည်။

 ၎င်းလူနာများအနက် အကြီးစားခွဲစိတ် ကုသရန်လိုအပ်သူ ၁၂၃၁၆ ဦး၊ အသေးစားခွဲစိတ် ကုသရန်လိုအပ်သူ ၆၄၈၇ ဦး၊ စုစုပေါင်း ၁၈၈ဝ၃ ဦးတို့ကို ခွဲစိတ်ကုသပေး နိုင်ခဲ့သည့်အပြင် စိုးရိမ်ဖွယ်ရာရှိသည့် လူနာများကိုလည်း ပါရဂူများ၊ ဆေးမှူးများဖြင့် အထူးကြပ်မတ် ကုသပေးလျက်ရှိသည်။

ထို့ပြင် ကလေးမီးဖွားလူနာ ၆၂၂၄ ဦးကို ခွဲစိတ်၍လည်းကောင်း၊  ၈၈၅၆  ဦးကို သာမန်ဖြင့် လည်းကောင်း  မွေးဖွားပေးနိုင်ခဲ့ခြင်းကြောင့်   ယနေ့အထိ ကလေးငယ် ၁၅ဝ၈ဝ ဦးကို အောင်မြင်စွာ မွေးဖွားပေးနိုင်ခဲ့ပြီး တပ်မတော်အနေဖြင့် ပြည်သူလူထု၏ ကျန်းမာရေး ကဏ္ဍမြင့်မားရေးတွင် ဆက်လက် ပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။