တပ်မတော်ဆေးရုံများနှင့် ယာယီအရေးပေါ် ဆေးရုံများ၌ ယနေ့အထိ ပြင်ပလူနာ နှစ်သိန်းရှစ်သောင်းကျော် ကုသပေးနိုင်ခဲ့

တပ်မတော်ဆေးရုံများနှင့် ယာယီအရေးပေါ် ဆေးရုံများ၌ ယနေ့အထိ ပြင်ပလူနာ နှစ်သိန်းရှစ်သောင်းကျော် ကုသပေးနိုင်ခဲ့

နေပြည်တော်  သြဂုတ်  ၁၇

ပြည်သူလူထုအတွက် အဓိက အကျဆုံးဖြစ်သော ကျန်းမာရေးကဏ္ဍ မြင့်မားရေး အတွက် တပ်မတော်မှပါရဂူများ၊ ဆေးမှူးများ၊ သူနာပြုများဖြင့်   ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးလျက်ရှိသည့် အပြင် ပြည်သူလူထု၏ အရေးပေါ် ကျန်းမာရေးဆိုင်ရာကုသမှုများ ဆောင်ရွက်ပေးနိုင်ရန် အတွက် တပ်မတော်ဆေးရုံများနှင့် ယာယီကုသရေးဆေးရုံများ၌ ကျန်းမာရေး စောင့်ရှောက်မှုများကို နေ့ညမပြတ် ဆောင်ရွက်ပေးလျက်ရှိရာ ဖေဖော်ဝါရီ  ၅ ရက်မှ ယနေ့အထိ ပြင်ပ လူနာပေါင်း ၂၈၁ဝဝ၈ ဦးနှင့် အတွင်းလူနာပေါင်း ၈၂၄၅၈ ဦးတို့ကို ကုသပေးနိုင်ခဲ့သည်။

၎င်းလူနာများအနက် အကြီးစားခွဲစိတ် ကုသရန် လိုအပ်သူ ၁၃ဝ၅၅ ဦး၊ အသေးစား ခွဲစိတ်ကုသရန် လိုအပ်သူ   ၇ဝ၇ဝ ဦး၊ စုစုပေါင်း ၂ဝ၁၂၅ ဦးတို့ကို ခွဲစိတ်ကုသ ပေးနိုင်ခဲ့သည့်အပြင် စိုးရိမ်ဖွယ်ရာရှိသည့် လူနာများကိုလည်း ပါရဂူများ၊ ဆေးမှူးများဖြင့် အထူးကြပ်မတ် ကုသပေးလျက်ရှိသည်။

ထို့ပြင် ကလေးမီးဖွားလူနာ ၆၈၄၂ ဦးကို ခွဲစိတ်၍ လည်းကောင်း၊ ၉၄၄၆ ဦးကို သာမန် ဖြင့်လည်းကောင်း မွေးဖွားပေးနိုင်ခဲ့ခြင်းကြောင့် ယနေ့အထိကလေးငယ် ၁၆၂၈၈ ဦး ကို အောင်မြင်စွာ မွေးဖွားပေးနိုင်ခဲ့ပြီး တပ်မတော်အနေဖြင့် ပြည်သူလူထု၏ ကျန်းမာရေး ကဏ္ဍမြင့်မားရေးတွင် ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။