တရားမဲ့ဖမ်းဆီးခံရမှု၊ ညှင်းပန်းနှိပ်စက်မှု၊ လူ့ဂုဏ်သိက္ခာကျဆင်းအောင်ပြုလုပ်မှုနှင့် ဖိအားပေးခြိမ်းခြောက်မှု ခံကြရသော နိုင်ငံ့ဝန်ထမ်းများ၊ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများ၊ ပြည်သူလူထုများနှင့်ပတ်သက်၍ အသိပေးကြေညာချက်

တရားမဲ့ဖမ်းဆီးခံရမှု၊ ညှင်းပန်းနှိပ်စက်မှု၊ လူ့ဂုဏ်သိက္ခာကျဆင်းအောင်ပြုလုပ်မှုနှင့် ဖိအားပေးခြိမ်းခြောက်မှု ခံကြရသော နိုင်ငံ့ဝန်ထမ်းများ၊ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများ၊ ပြည်သူလူထုများနှင့်ပတ်သက်၍ အသိပေးကြေညာချက်

၁။      နိုင်ငံတော်မှထုတ်ပြန်ထားသော ဥပဒေ၊ အမိန့်၊ ညွှန်ကြားချက်တို့အား လိုက်နာခြင်းမရှိဘဲ ဆူပူဆန္ဒဖော်ထုတ်လျက်ရှိသူများသည် လုံခြုံရေးတာဝန်ဆောင်ရွက်နေကြသည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဝင်အချို့အား လုပ်ငန်းတာဝန် ဆောင်ရွက်၍မရအောင် တိုက်ခိုက်ခြင်း၊ ဖမ်းဆီးချုပ်နှောင်ရိုက်ပုတ် ထိုးနှက်ခြင်း၊ အလားတူ နိုင်ငံဝန်ထမ်းများနှင့် မိသားစုဝင်များ၊ ဆွေမျိုးသားချင်းများအား CDM ပြုလုပ်စေရန် ခြိမ်းခြောက်ခြင်း၊ ဖိအားပေးခြင်း၊ အငြိမ်းစားတပ်မတော်သားများ၊ အငြိမ်းစားရဲတပ်ဖွဲ့ ဝင်များနှင့် အချို့သော ပြည်သူလူထုအား ရဲသတင်းပေး၊ စစ်သတင်းပေးဟု စွပ်စွဲကာ မတရားဖမ်းဆီးခြင်း၊ ခြိမ်းခြောက်ခြင်း၊ ရိုက်ပုတ်ထိုးကြိတ်ခြင်း၊ အရှက်ရစေရန် ကတုံးတုံးခြင်း၊ ဆံပင်ထိပ်ကွက်ခြင်း၊ မျက်ခုံးမွှေးရိတ်ခြင်း၊ ရာသက်ပန် ရုပ်အဆင်းပျက်စေရန်နှင့် အရှက်ရစေရန် မျက်နှာအား တက်တူး ထိုးခြင်းများစသည့် မင်းမဲ့စရိုက်ဆန်စွာ ညှင်းပန်းနှိပ်စက်ပြုမူ ကျူးလွန်လျက်ရှိကြောင်း တွေ့ရှိရပါ သည်။

၂။       တာဝန်ထမ်းဆောင်နေသည့် နိုင်ငံ့ဝန်ထမ်းများအား လုပ်ငန်းတာဝန်ဆောင်ရွက်ခြင်း မပြုနိုင်အောင် ဟန့်တားခြင်း၊ ခြိမ်းခြောက်ခြင်းပြုလုပ်ပါက ရာဇသတ်ကြီးပုဒ်မ ၁၂၄-ဃ၊ ၁၈၆၊ ၁၈၉ နှင့် ၃၅၃ အရ လည်းကောင်း၊ ဖမ်းဆီးချုပ်နှောင်ခြင်း၊ ရိုက်နှက်ခြင်းများပြုလုပ်ပါက ရာဇသတ်ကြီးပုဒ်မ ၃၃၂၊ ၃၃၃၊ ၃၄၂ အရ လည်းကောင်း၊ မျက်နှာကို အမြဲရုပ်ဆင်းပျက်အောင်ပြုလုပ်ပြီး နာကျင်စေမှုကျူးလွန်ပါက ရာဇသတ်ကြီး ပုဒ်မ ၃၂၅၊ ၃၂၆ ဖြင့်လည်းကောင်း၊ တစ်ဦးတစ်ယောက်အား အရှက်ရစေရန် ကတုံးတုံးခြင်း၊ မျက်ခုံး မွှေးရိတ်ခြင်းစသည့်ဖြင့် ပြုလုပ်ပါက လူ့ဂုဏ်သိက္ခာကို ကျဆင်းအောင် ပြုလုပ်ခြင်းဖြစ်သဖြင့် ရာဇသတ်ကြီးပုဒ်မ ၃၅၂၊ ၃၅၄ နှင့် ပုဒ်မ ၅၀၀ ဖြင့်လည်းကောင်း၊ ဝန်ထမ်းများနှင့် မိသားစုဝင် များအား CDM ပြုလုပ်ရန် ခြိမ်းခြောက်ခြင်း၊ ဖိအားပေးခြင်းပြုလုပ်ပါက ရာဇသတ်ကြီးပုဒ်မ ၁၂၄-ဃ၊ ၅၀၅(က)၊ ၅၀၅-က၊ ၅၀၆ နှင့် ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ) ဖြင့်လည်းကောင်း အရေးယူနိုင်ပြီး အမြင့်ဆုံးပြစ်ဒဏ် အနေဖြင့် ထောင်ဒဏ် ၂၀ နှစ်အထိ ကျခံစေနိုင်ပါသည်။

၃။      သို့ဖြစ်ပါ၍ တာဝန်ထမ်းဆောင်နေသော နိုင်ငံ့ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများသည် မိမိတို့အား အထက်ဖော်ပြပါ ကျူးလွန်မှုများ ကျူးလွန်လာလျှင်ဖြစ်စေ၊ ကျူးလွန်ခံရနိုင်သည့် အန္တရာယ် ရှိလာလျှင်ဖြစ်စေ နီးစပ်ရာရဲစခန်းသို့လည်းကောင်း၊ မိမိတို့နေထိုင်ရာ နယ်မြေဒေသရှိ ခရိုင်အလိုက် အောက်တွင် ဖော်ပြထားသော တယ်လီဖုန်းနံပါတ်များသို့လည်းကောင်း သတင်းပို့ တိုင်တန်းနိုင်ကြောင်းနှင့် သတင်းပို့တိုင်တန်းလာပါက မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေဖြင့် ဥပဒေနှင့်အညီ ထိရောက်စွာ ချက်ချင်း အရေးယူ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း အသိပေးကြေညာ အပ်ပါ သည်-