တရုတ်က လူဦးရေ သန်း ၁ဝဝဝ ကျော်ကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး နှစ်ကြိမ်စလုံး ထိုးပေးပြီးဖြစ်

တရုတ်က လူဦးရေ သန်း ၁ဝဝဝ ကျော်ကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး နှစ်ကြိမ်စလုံး ထိုးပေးပြီးဖြစ်

တရုတ်အစိုးရက  နိုင်ငံ့လူဦးရေ ၇ဝ ရာခိုင်နှုန်းကျော် သို့မဟုတ် လူဦးရေ သန်း ၁ဝဝဝ ကျော်ကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး နှစ်ကြိမ်စလုံး ထိုးပေးထားပြီးဖြစ်ကြောင်း၊ သို့သော် ကမ္ဘာပေါ်တွင် အတင်းကျပ်ဆုံးသော ကန့်သတ်ချက် အချို့ကို ဖြေလျှော့ပေးရန် အစီအစဉ်မရှိသေးကြောင်း ထုတ်ပြန်ချက်တစ်ရပ် အရ သိရသည်။

နိုင်ငံအတွင်း၌ စက်တင်ဘာ ၁၅ ရက် အထိ ကာကွယ်ဆေးအကြိမ်ရေ ၂ ဒသမ ၁၆ ဘီလီယံ ဖြန့်ဝေပေးထားကြောင်းနှင့်  လူဦးရေသန်း ၁၁ဝဝ ကို ကာကွယ်ဆေးနှစ်ကြိမ် ထိုးပေးထားပြီး ဖြစ်ကြောင်း အမျိုးသား ကျန်းမာရေး ကော်မရှင်မှ ပြောရေးဆိုခွင့်ရှိသူ မီဖန်က စက်တင်ဘာ ၁၆ ရက် တွင် သတင်းထောက်များကပြောသည်။

တရုတ်အစိုးရအနေဖြင့်   ဆိုင်နိုဖမ်း ကုမ္ပဏီထုတ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို အရေးပေါ် အခြေအနေတွင် အသုံးပြုရန် အတည်ပြုပြီးနောက် သမိုင်းတစ်လျှောက် အကြီးမားဆုံးသော   ကာကွယ်ဆေးထိုး လုပ်ငန်းကို ၁ဝ လနီးပါးကြာ ဆောင်ရွက်ထားနိုင်စဉ် ယခုထုတ်ပြန်ချက် ထွက်ပေါ်လာခြင်းဖြစ်သည်။

ထို့ပြင် တရုတ်အစိုးရသည် ပြည်တွင်းဆေးဝါး ထုတ်လုပ်ရေး ကုမ္ပဏီများနှင့် တက္ကသိုလ်များက ထုတ်လုပ်ထားသော ကာကွယ်ဆေး ခြောက်မျိုးကိုလည်း တရားဝင်ခွင့်ပြုထားပြီး   အသက် ၁၂ နှစ်နှင့်အထက် ကလေးငယ်များတွင်    ထိုးနှံခွင့်ပြုထားကြောင်း သိရသည်။                       

Ref: TST