တရုတ်ထိပ်တန်းသံတမန်တစ်ဦး မဟာဗျူဟာမြောက် ဆွေးနွေးပွဲတက်ရန် ရုရှားသို့ သွားမည်

တရုတ်ထိပ်တန်း သံတမန် တစ်ဦးဖြစ်သည့် ယန်ကျိချီသည် ရုရှားနိုင်ငံ၌ မေ ၂၄ ရက်တွင်ကျင်းပမည့် (၁၆) ကြိမ်မြောက် နှစ်နိုင်ငံ မဟာဗျူဟာနှင့် လုံခြုံရေးညှိနှိုင်း ဆွေးနွေးပွဲတက်ရန်  ထိုနိုင်ငံသို့ သွားမည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနက မေ ၂၃ ရက်တွင်ပြောသည်။

ကွန်မြူနစ်ပါတီ၏  ပြည်ပရေးရာဗဟိုကော်မတီ ညွှန်ကြားရေးမှူး ယန်ကျိချီသည် အဆိုပါခရီးစဉ်မှတစ်ဆင့် ဆလိုဗက်ကီးယားနှင့် ခရိုအေးရှားနိုင်ငံသို့လည်း သွားမည်ဖြစ်ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူတစ်ဦး၏    ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ရုရှားနှင့်   တရုတ်နိုင်ငံသည်  နှစ်နိုင်ငံ ဆက်ဆံရေး    ပိုမိုကောင်းမွန်လာအောင် ကြိုးပမ်းနေပြီး လက်ရှိနှစ်နိုင်ငံ ဆက်ဆံရေးသည်   သမိုင်းတွင်   အကောင်းဆုံးအခြေအနေဖြစ်ကြောင်း    ရုရှားနိုင်ငံခြားရေးဝန်ကြီး  ဆာဂျီလက်ရော့က   မတ်လတွင်ပြောသည်။

ထို့ပြင် နှစ်နိုင်ငံအနေဖြင့် နျူကလီးယား စွမ်းအင်တွင် ယခုထက်ပို၍ ပူးပေါင်းဆောင်ရွက်သွားရန် တရုတ်နိုင်ငံ၌ တည်ဆောက်နေသော  နျူကလီးယားဓာတ်ပေါင်းဖို လေးလုံးတည်ဆောက်ရေးပူးတွဲစီမံကိန်း   စတင်မှု အခမ်းအနားတွင် တရုတ်သမ္မတ ရှီကျင့်ဖျင်ကတောင်းဆိုထားကြောင်း သိရသည်။