တာလီဘန်တို့၏တိုက်ခိုက်မှုကြောင့် အရပ်သားများသေဆုံးမှု မကြုံစဖူး မြင့်တက်လာ မည်ကို ကုလသမဂ္ဂစိုးရိမ်

တာလီဘန်တို့၏တိုက်ခိုက်မှုကြောင့် အရပ်သားများသေဆုံးမှု မကြုံစဖူး မြင့်တက်လာ မည်ကို ကုလသမဂ္ဂစိုးရိမ်

ကဘူး၊ ပြည်တွင်းရေး

အာဖဂန်နစ္စတန်နိုင်ငံ၌ တာလီဘန်တို့၏ ထိုးစစ်ဆင်တိုက်ခိုက်မှုများကြောင့် အရပ်သား များသေဆုံးမှု မကြုံစဖူး ထူးကဲစွာမြင့်တက် လာမည်ကို ကုလသမဂ္ဂကစိုးရိမ်နေကြောင်း သိရသည်။

ထို့ကြောင့် တာလီဘန်တို့၏တိုက်ခိုက်မှုများကို မရပ်တန့်သေးသမျှကာလပတ်လုံး ဆယ်စုနှစ် တစ်ခုအတွင်း အရပ်သားများ သေဆုံးမှုအရေအတွက်မှာ အမြင့်ဆုံး ဖြစ်လာနိုင်ကြောင်း ကုလသမဂ္ဂက ဇူလိုင် ၂၆ ရက်ထုတ်ပြန်ချက်တွင် သတိပေးထားသည်။

အာဖဂန်နစ္စတန်နိုင်ငံအတွင်းရှိ အမေရိကန်ဦးဆောင်သော ပြည်ပတပ်ဖွဲ့များက ထိုနိုင်ငံ အတွင်း  နှစ်ပေါင်း  ၂၀ ကြာတပ်စွဲထားရာမှ   နောက်ဆုံးရုပ်သိမ်းမှုများ လုပ်ဆောင်သည့်  မေလမှစ၍ တာလီဘန်တို့၏ တိုက်ခိုက်မှုများ မြင့်တက်လာခြင်းဖြစ်သည်။

ယခုနှစ်၏ပထမနှစ်ဝက်အတွင်း တိုက်ခိုက်မှုများကြောင့်  သေဆုံးသွားသည့်အရပ်သား စုစုပေါင်း ၁၆၅၉ ဦးနှင့် ဒဏ်ရာရရှိသူစုစုပေါင်း  ၃၂၅၄ ဦးရှိကြောင်း ကုလသမဂ္ဂ၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ထိုအရေအတွက်သည်   ပြီးခဲ့သည့်နှစ် အလားတူကာလနှင့်နှိုင်းယှဉ်ပါက ၄၇ ရာခိုင်နှုန်း မြင့်တက်လာခြင်းဖြစ်သည်ကို တွေ့ရသည်။ အထူးသဖြင့် မေလနှင့်ဇွန်လတွင်  တာလီဘန် တို့၏ တိုက်ခိုက်မှုကြောင့် အရပ်သားများဒဏ်ရာရသေဆုံးမှု အများဆုံးဖြစ်သည်ကို တွေ့ရပြီး သေဆုံးသူ ၇၈၃ ဦးနှင့်ဒဏ်ရာရရှိသူ  ၁၆၀၉ ဦးရှိကြောင်းသိရသည်။

Ref: TST