တာလေမြို့၊ နမ့်ပိန်ကျေးရွာတွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

 

တာလေမြို့၊ နမ့်ပိန်ကျေးရွာတွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

နေပြည်တော် ၊ မတ်- ၂၇
    
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာလေမြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက်နေသည့် တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ မတ် ၂၆ ရက် ည ၉ နာရီခွဲခန့် တွင် တာလေမြို့၊ နားယောင်းအုပ်စု၊ နမ့်ပိန်ကျေးရွာနေ ဝင်းထွေး(ခ)သားထွေး(ဘ)ဦးစိုးမြင့်  ၏ နေအိမ်အား ဝင်ရောက်ရှာဖွေရာ နေအိမ်ရှိ ကားဂိုဒေါင်အတွင်းရပ်ထားသည့် Revo အမျိုးအစားမော်တော်ယာဉ်အမှတ်၊ SHN-9N/------- မော်တော်ယာဉ်ပေါ်မှ ပီနံအိတ် များဖြင့် ထည့်ထားသည့် ကဖင်း အဖြူရောင်အမှုန့် ၁ အိတ်လျှင် ၂၅ ကီလိုဂရမ်ပါ ၆၅ အိတ်နှင့် Revo အမျိုးအစားမော်တော်ယာဉ်အမှတ်၊ SHN-7F/--------  မော်တော်ယာဉ် ပေါ်မှ ပီနံအိတ်များဖြင့် ထည့်ထားသည့် ကဖင်းအဖြူရောင်အမှုန့် ၁ အိတ်လျှင် ၂၅ ကီလို ဂရမ်ပါ ၆၆ အိတ်၊ (စုစုပေါင်းအလေးချိန် ၃၂၇၅ ကီလိုဂရမ်ခန့်)(ခန့်မှန်းတန်ဖိုးငွေကျပ်  သိန်းပေါင်း ၂၆၀၀ ကျော်)နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
    
အဆိုပါဖမ်းဆီးရမိသူ၊ မော်တော်ယာဉ်နှင့် မူးယစ်ဆေးဝါးများအား လုပ်ထုံးလုပ် နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။