တိုက်စစ်မှူးဟာလန်းကိုမခေါ်ယူနိုင်လျှင် အင်တာမီလန်အသင်းမှလူကာကူကို ရီးယဲလ်မက်ဒရစ်အသင်း ခေါ်ယူမည်

မက်ဒရစ်၊ ဘောလုံး

ရီးယဲလ်မက်ဒရစ်အသင်းသည်  လာမည့်နွေရာသီ ကစားသမားအပြောင်းအရွှေ့ကာလတွင် ဒေါ့မွန်အသင်းမှ တိုက်စစ်မှူးဟာလန်းကိုခေါ်ယူရန် အဆင်မပြေလျှင် အင်တာမီလန်အသင်းမှ  လူကာကူကိုခေါ်ယူရန် ပြင်ဆင် လျက်ရှိကြောင်း သိရသည်။

ရီးယဲလ်မက်ဒရစ်အသင်းသည်  ဦးစားပေးအဖြစ် ဒေါ့မွန်အသင်းမှ ဟာလန်းကို ခေါ်ယူရန်ပြင်ဆင်နေသော် လည်း ဒေါ့မွန်အသင်းက စတာလင်ပေါင် သန်း ၁၈၀ အထိ သတ်မှတ်ထားသည့်  ပြောင်းရွှေ့ကြေးကြောင့်   ခက်ခဲလာနိုင်သည့်အတွက်  အင်တာမီလန်အသင်းမှ လူကာကူကိုကမ်းလှမ်းရန် ပြင်ဆင်နေခြင်းဖြစ်သည်။

လူကာကူသည် ၂၀၁၉ ခုနှစ်က မန်ယူအသင်းမှ အင်တာမီလန်အသင်းသို့ ပြောင်းရွှေ့ကစားပြီးနောက် အင်တာမီလန်အသင်းနှင့်အတူ အကောင်းဆုံးခြေစွမ်း ပြသနေသည့်အတွက် ရီးယဲလ်မက်ဒရစ်အသင်းအပြင် မန်စီးတီးအသင်းကလည်း  ၎င်းကိုကမ်းလှမ်းရန် စောင့်ကြည့်နေခြင်းဖြစ်သည်။

လူကာကူသည် ယခုဘောလုံးရာသီတွင်လည်း အင်တာမီလန်အသင်းနှင့် အကောင်းဆုံးခြေစွမ်းပြသလျက် ရှိပြီး ပြိုင်ပွဲစုံ ၃၄ ပွဲပါဝင်ကစားခဲ့ကာ စုစုပေါင်း သွင်းဂိုး ၂၅ ဂိုးအထိသွင်းယူနိုင်ပြီး ဂိုးဖန်တီးမှု ခုနစ် ကြိမ်ပြုလုပ်ထားနိုင်သည်အထိ ခြေစွမ်းပြသနေသောကြောင့် အင်တာမီလန်အသင်းကလည်း ပြောင်းရွှေ့ ကြေး စတာလင်ပေါင် သန်း ၉၀ ရရှိမှသာ ရောင်းချဖွယ်ရှိနေကြောင်း သိရသည်။

Ref;Mundo Deportivo