တိုကျိုအိုလံပစ်ပြိုင်ပွဲ ဒုတိယနေ့ပွဲစဉ်များအပြီး ဆုတံဆိပ်ရရှိမှုစာရင်းတွင် တရုတ်နိုင်ငံက ထိပ်ဆုံးမှဦးဆောင်

တိုကျိုအိုလံပစ်ပြိုင်ပွဲ ဒုတိယနေ့ပွဲစဉ်များအပြီး ဆုတံဆိပ်ရရှိမှုစာရင်းတွင် တရုတ်နိုင်ငံက ထိပ်ဆုံးမှဦးဆောင်

ဂျပန်နိုင်ငံ၌ ကျင်းပလျက်ရှိသည့် ၂၀၂၀ တိုကျိုအိုလံပစ်ပြိုင်ပွဲ ဒုတိယနေ့ပွဲစဉ်များအပြီး နိုင်ငံအလိုက် ဆုတံဆိပ်ရရှိမှုစာရင်းတွင် တရုတ်နိုင်ငံက ရွှေတံဆိပ် ခြောက်ခုဖြင့် ထိပ်ဆုံးမှ ဆက်လက်ဦးဆောင်လျက်ရှိကြောင်း သိရသည်။

၂၀၂၀ တိုကျိုအိုလံပစ်ပြိုင်ပွဲကို ဇူလိုင် ၂၄ ရက်မှ စတင်ကျင်းပလျက်ရှိပြီး ဇူလိုင် ၂၅ ရက် ညပိုင်းက ဒုတိယနေ့ပြိုင်ပွဲများအပြီးတွင်  တရုတ်နိုင်ငံက  ရွှေတံဆိပ်ဆု ခြောက်ခု၊ ငွေတံဆိပ်ဆု တစ်ခု၊ ကြေးတံဆိပ် ဆု လေးခု စုစုပေါင်း ဆုတံဆိပ် ၁၁ ခုဖြင့် ထိပ်ဆုံးမှ ဆက်လက်ဦးဆောင်လျက်ရှိသည်။

၂၀၂၀ တိုကျိုအိုလံပစ်ပြိုင်ပွဲ ဒုတိယနေ့ပွဲစဉ်များ  အပြီး တရုတ်နိုင်ငံ၏နောက်တွင် အိမ်ရှင်ဂျပန်နိုင်ငံက ရွှေတံဆိပ်ဆု ငါးခု၊ ငွေတံဆိပ်ဆု တစ်ခု စုစုပေါင်း  ဆုတံဆိပ် ခြောက်ခုဖြင့် အဆင့်(၂)၊ အမေရိကန်နိုင်ငံက ရွှေတံဆိပ်ဆု လေးခု၊ ငွေတံဆိပ်ဆု နှစ်ခု၊ ကြေးတံဆိပ်ဆု လေးခု စုစုပေါင်း ဆုတံဆိပ် ၁၀ ခုဖြင့် အဆင့်(၃)၊ တောင်ကိုရီးယားနိုင်ငံက ရွှေတံဆိပ်ဆု နှစ်ခု၊ ကြေးတံဆိပ်ဆု သုံးခု စုစုပေါင်း ဆုတံဆိပ် ငါးခုဖြင့် အဆင့်(၄)၊ ရုရှားနိုင်ငံက ရွှေတံဆိပ်ဆု တစ်ခု၊ ငွေတံဆိပ်ဆု လေးခုနှင့် ကြေးတံဆိပ်ဆု နှစ်ခု  စုစုပေါင်း ဆုတံဆိပ် ခုနစ်ခုဖြင့် အဆင့်(၅)၊ အီတလီနိုင်ငံက ရွှေ တံဆိပ်ဆု တစ်ခု၊ ငွေတံဆိပ်ဆု တစ်ခုနှင့် ကြေးတံဆိပ်ဆု သုံးခု စုစုပေါင်း ဆုတံဆိပ် ငါးခုဖြင့် အဆင့်(၆)၊ သြစတြေးလျနိုင်ငံက ရွှေတံဆိပ်ဆု တစ်ခု၊ ငွေတံဆိပ်ဆု တစ်ခု၊ ကြေးတံဆိပ်ဆု တစ်ခု စုစုပေါင်း ဆုတံဆိပ်သုံးခုဖြင့် အဆင့်(၇)၊ ပြင်သစ်နိုင်ငံကလည်း ရွှေတံဆိပ်ဆု တစ်ခု၊ ငွေတံဆိပ်ဆု တစ်ခု၊ ကြေးတံဆိပ်ဆု တစ်ခု စုစုပေါင်း ဆုတံဆိပ် သုံးခုဖြင့် အဆင့်(၈)၊ ဟန်ဂေရီနိုင်ငံက ရွှေတံဆိပ်ဆု တစ်ခု၊ ငွေတံဆိပ်ဆု တစ်ခု စုစုပေါင်း ဆုတံဆိပ်နှစ်ခုဖြင့် အဆင့်(၉)နှင့် တူနီးရှားနိုင်ငံက ရွှေတံဆိပ်ဆု တစ်ခု၊ ငွေတံဆိပ်ဆု တစ်ခု စုစုပေါင်းဆုတံဆိပ် နှစ်ခုဖြင့် အဆင့်(၁၀) နေရာတွင် ရပ်တည်နေပြီး ထိပ်ဆုံး ၁၀ နိုင်ငံစာရင်း၌ ရပ်တည်လျက်ရှိသည်။ ဒုတိယပြိုင်ပွဲများအပြီး ရွှေတံဆိပ်ဆု ရရှိသည့်နိုင်ငံများအဖြစ် သြစတြီးယား၊ အီကွေဒေါ၊ အီရန်၊ ဆိုကိုဗို၊ ထိုင်းနှင့် ဥဇဘတ်ကစ္စတန်နိုင်ငံတို့က ရွှေတံဆိပ်ဆု တစ်ခုစီရရှိထားသည်။

လက်ရှိ  တိုကျိုအိုလံပစ်ပြိုင်ပွဲတွင် နိုင်ငံပေါင်း ၂၀၀ ကျော် ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိပြီး ၃၅ နိုင်ငံကသာ ဆုတံဆိပ်များရရှိထားကာ ကျန်နိုင်ငံများအနေဖြင့် ဆုတံဆိပ်ရရှိထားခြင်း မရှိသေးဘဲ  ပြိုင်ပွဲကို သြဂုတ် ၈ ရက်အထိ ဆက်လက်ကျင်းပမည်ဖြစ်ကြောင်း သိရသည်။ Ref;Tokyo Olympics.com