တိုကျိုအိုလံပစ်ပြိုင်ပွဲ အမျိုးသမီးဘောလုံးပြိုင်ပွဲ အုပ်စုပွဲစဉ်များအပြီး ကွာတားဖိုင်နယ် အဆင့်ပွဲစဉ်များထွက်ပေါ် နယ်သာလန်နှင့် အမေရိကန်အသင်းတို့ ထိပ်တိုက်တွေ့ဆုံ

တိုကျိုအိုလံပစ်ပြိုင်ပွဲ အမျိုးသမီးဘောလုံးပြိုင်ပွဲ အုပ်စုပွဲစဉ်များအပြီး ကွာတားဖိုင်နယ် အဆင့်ပွဲစဉ်များထွက်ပေါ် နယ်သာလန်နှင့် အမေရိကန်အသင်းတို့ ထိပ်တိုက်တွေ့ဆုံ

ဂျပန်နိုင်ငံ တိုကျိုမြို့၌ ကျင်းပနေသည့် ၂၀၂၀ တိုကျိုအိုလံပစ်ပြိုင်ပွဲ အမျိုးသမီး ဘောလုံးပြိုင်ပွဲ အုပ်စုပွဲစဉ်များပြီးဆုံးခဲ့ပြီးနောက် ကွာတားဖိုင်နယ်အဆင့်တွင် နာမည်ကြီး နှစ်သင်းဖြစ်သည့် နယ်သာလန်နှင့်   အမေရိကန်အသင်းတို့ ထိပ်တိုက်တွေ့ဆုံနေကြောင်း သိရသည်။

၂၀၂၀ တိုကျိုအိုလံပစ်ပြိုင်ပွဲ အမျိုးသမီးဘောလုံး ပြိုင်ပွဲ  အုပ်စုပွဲစဉ်များကို   ဇူလိုင်  ၂၇  ရက်  အုပ်စု နောက်ဆုံးပွဲစဉ်များအပြီး အုပ်စု(E)၌ ဂရိတ်ဗြိတိန်အသင်းက ရမှတ် ခုနစ်မှတ်ဖြင့် အုပ်စုပထမ၊ ကနေဒါအသင်းက ရမှတ်ငါးမှတ်ဖြင့်  အုပ်စုဒုတိယနှင့် ဂျပန်အသင်းက ရမှတ်လေးမှတ်ဖြင့် အုပ်စုတတိယ၊ အုပ်စု (F) ၌ နယ်သာလန်အသင်းက ရမှတ်ခုနစ်မှတ်ရရှိခဲ့ပြီး ဂိုးကွာခြားချက်အသာစီးဖြင့် အုပ်စုပထမ၊  ဘရာဇီးအသင်းက ရမှတ်ခုနစ်မှတ်ဖြင့် အုပ်စုဒုတိယ၊  အုပ်စု (G) ၌  ဆွီဒင်အသင်းက ရလဒ်ကောင်းများ ရယူနိုင်ခဲ့ကာ ရမှတ်ကိုးမှတ်ဖြင့် အုပ်စုပထမ၊ အမေရိကန်အသင်းက ရမှတ်လေးမှတ်ဖြင့် အုပ်စုဒုတိယနှင့်  သြစတြေးလျအသင်းက  ရမှတ်လေးမှတ်ဖြင့် အုပ်စုဒုတိယဖြင့် ကွာတားဖိုင်နယ် အဆင့်သို့ တက်ရောက်နိုင်ခဲ့ခြင်းဖြစ်သည်။

ကွာတားဖိုင်နယ်အဆင့်ပွဲစဉ်များအဖြစ် ဇူလိုင် ၃၀ ရက်တွင် ကနေဒါနှင့် ဘရာဇီးအသင်း၊ ဂရိတ်ဗြိတိန်နှင့် သြစတြေးလျအသင်း၊ ဆွီဒင်နှင့်ဂျပန်အသင်း၊ နယ်သာလန်နှင့် အမေရိကန်အသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်ကြောင်း သိရသည်။

Ref;Olympics.com