တိုင်းစစ်ဌာနချုပ်များ၌ ၂၀၂၁ ခုနှစ်၊ ပထမအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲပြုလုပ်

နေပြည်တော်၊ ဇူလိုင် - ၃

သဘာပတ်ဝန်းကျင် ထိန်းသိမ်းကာကယ်စောင့်ရှောက် နိုင်စေရန်နှင့် ရာသီဉတု အထောက်အကူဖြစ်စေရန်၊ အရိပ်အာဝါသရှိစေရန်နှင့် နိုင်ငံတော်စီးပွားရေးအတွက် တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုနိုင်စေရန် ရည်ရွယ်ပြီး တိုင်းစစ်ဌာနချုပ် အသီးသီးတို့တွင် မိုးရာသီတစ်အုပ်တစ်မ သစ်ပင်စိုက်ပျိုးပွဲတော်များ၌ နှစ်စဉ် ရတနာ တန်းဝင်ပင်၊ နှစ်ရှည်သီးနှံပင်နှင့် အရိပ်ရလေကာပင်များကို စိုက်ပျိုးပေးလျက်ရှိသည်။

ထိုသို့ စိုက်ပျိုးပေးလျက်ရှိရာ ယနေ့တွင် နေပြည်တော်တိုင်းစစ်ဌာနချုပ်၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်၊ အရှေ့ပိုင်းတိုင်းစစ်ဌာန ချုပ်၊ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ်၊ အရှေ့တောင် တိုင်းစစ်ဌာနချုပ်၊ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ အနောက်မြောက် တိုင်းစစ်ဌာနချုပ်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်နှင့် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်တို့၌ သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်များမှ ဒုတိယတိုင်းမှူးများနှင့် တာဝန်ရှိသူများ၊ အရာရှိ၊ စစ်သည်၊ မိသားစုများက သတ်မှတ်နေရာအသီးသီးတို့၌ ရတနာတန်းဝင်ပင်၊ နှစ်ရှည် သီးနှံပင်နှင့် အရိပ်ရလေကာပင် စုစုပေါင်း ၂၂၆၇၇၈ ပင်တို့ကို စုပေါင်း စိုက်ပျိုး ခဲ့ကြကြောင်း သတင်းရရှိသည်။