တိုင်းဒေသကြီးနှင့်ပြည်နယ်များ၌ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံ

တိုင်းဒေသကြီးနှင့်ပြည်နယ်များ၌ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံ

 
နေပြည်တော်၊ ဩဂုတ်- ၁

 
တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများ အပါအဝင် လူမျိုးမရွေး၊ ဘာသာမရွေး အသက်(၆၅)နှစ်အထက် သက်ကြီး ဘိုးဘွားများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ တိုင်းရင်းသားပြည်သူများနှင့် အကျဉ်းထောင် များ၌ ပြစ်ဒဏ်ကျခံနေသည့် အကျဉ်းသား၊ အကျဉ်းသူများအား ကိုဗစ်- ၁၉ ရောဂါ ကာကွယ် ဆေးထိုးနှံနိုင်ရေးအတွက် ဆေးပစ္စည်းများအား တပ်မတော် လေယာဉ် များဖြင့် သယ်ယူပို့ဆောင်ပေးခြင်းများနှင့် ကာကွယ်ဆေးထိုးနှံပေးခြင်းများကို ဝိုင်းဝန်းကြိုးပန်း ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် နေပြည်တော်ကောင်စီနယ်မြေ၊ ဇေယျာသီရိမြို့နယ်၊ ပုဗ္ဗသီရိမြို့နယ်၊ ဥတ္တရသီရိမြို့နယ်၊ ဇဗ္ဗသီရိမြို့နယ်၊ ဒက္ခိဏသီရိမြို့နယ်၊ ပျဉ်းမနားမြို့နယ်၊ တပ်ကုန်းမြို့နယ်နှင့် လယ်ဝေးမြို့နယ်များ အတွင်းရှိ အသက် ၆၅ နှစ်နှင့်အထက် သက်ကြီး ဘိုးဘွားများ၊ ဌာနဆိုင်ရာဝန်ထမ်း များနှင့် ပြည်သူစုစုပေါင်း ၃၃၈၀ ဦးနှင့် ကင်းသာအကျဉ်းစခန်းမှ အကျဉ်းသား ၃၅၈ ဦးတို့အားလည်းကောင်း၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့၊ ညောင်ရွှေမြို့၊ ကလောမြို့၊ ရပ်စောက်မြို့၊ ဖယ်ခုံမြို့၊ ဟိုပုံးမြို့၊ ဆီဆိုင်မြို့၊ ပင်လောင်းမြို့၊ ပင်းတယမြို့နှင့် ရွာငံမြို့များရှိ အသက် ၆၅ နှစ်နှင့်အထက် သက်ကြီး ဘိုးဘွားများနှင့် ပြည်သူ စုစုပေါင်း ၃၁၆၈ ဦးအားလည်းကောင်း၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၊ မိုင်းဖြတ်မြို့၊ မိုင်းဆတ်မြို့၊ တာချီလိတ်မြို့၊ မိုင်းတုံမြို့၊ မိုင်းခတ်မြို့၊ မိုင်းပျဉ်းမြို့၊ တုံတာမြို့၊ မိုင်းခုတ်မြို့၊ တာလေမြို့၊ မိုင်းယန်းမြို့၊ မိုင်းယောင်းမြို့၊ မိုင်းတုံမြို့နှင့် ပုံပါကျင်မြို့များရှိ ပြည်သူစုစုပေါင်း ၄၈၆၁ ဦးအား လည်းကောင်း၊ မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ သထုံမြို့၊ ကျိုက်ထိုမြို့၊ ဘီးလင်းမြို့၊ သံဖြူဇရပ်မြို့နှင့် ကရင်ပြည်နယ်၊ ဘားအံမြို့၊ လှိုင်းဘွဲမြို့၊ ကြာအင်း ဆိပ်ကြီးမြို့၊ မြဝတီမြို့များရှိ အသက်(၆၅)နှစ်နှင့်အထက် သက်ကြီး ဘိုးဘွားများ၊ သံဃာတော်များနှင့် ပြည်သူ စုစုပေါင်း ၈၃၅၀ ဦးတို့အားလည်းကောင်း၊ တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၊ ကျွန်းစု မြို့နယ်၊ လောင်းလုံးမြို့နယ်၊ ရေဖြူမြို့နယ်၊ သရက်ချောင်း မြို့နယ်၊ ထားဝယ်မြို့နယ်၊ မြိတ်မြို့နယ်၊ တနင်္သာရီမြို့နယ်၊ ဘုတ်ပြင်းမြို့နယ်နှင့် ကော့သောင်း မြို့နယ်တို့ရှိ အသက် ၆၅ နှစ်နှင့်အထက် သက်ကြီး ဘိုးဘွားများ၊ သံဃာတော်များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ပြည်သူ စုစုပေါင်း ၃၇၈၀ ဦးတို့အားလည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကင်းမြို့နယ်၊ တောင်ဥက္ကလာပမြို့နယ်၊ ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ်၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ သာကေတမြို့နယ်နှင့် ဆိပ်ကြီး ခနောင်တိုမြို့နယ်များရှိ အသက် ၆၅ နှစ်နှင့် အထက် သက်ကြီး ဘိုးဘွားများ၊ သံဃာတော်များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ပြည်သူ စုစုပေါင်း ၁၂၀၀ ဦး တို့အား လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟင်္သာတခရိုင်၊ မအူပင်ခရိုင်၊ မြောင်းမြခရိုင်၊ လပွတ္တာခရိုင်နှင့် ဖျာပုံခရိုင်များရှိ အသက် ၆၅ နှစ်နှင့်အထက် သက်ကြီး ဘိုးဘွားများ၊ သံဃာတော်များနှင့် ပြည်သူ စုစုပေါင်း ၇၅၇၃ ဦးတို့အား လည်းကောင်း၊ ရခိုင်ပြည်နယ်၊ စစ်တွေ၊ အမ်း၊ ဘူးသီးတောင်၊ ရသေ့တောင်၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ သံတွဲ၊ တောင်ကုတ်၊ ကျောက်ဖြူ၊ မြေပုံနှင့် ပုဏ္ဏားကျွန်းမြို့နယ်များအတွင်းရှိ အသက် ၆၅ နှစ်နှင့်အထက် သက်ကြီး ဘိုးဘွားများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ပြည်သူစုစုပေါင်း ၂၄၈၁ ဦးတို့အားလည်းကောင်း၊ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ (၂၈)မြို့နယ်မှ ၆၅ နှစ်နှင့် အထက် သက်ကြီး ဘိုးဘွားများနှင့် ပြည်သူစုစုပေါင်း ၁၃၈၆၇ ဦးတို့အားလည်းကောင်း၊ ပဲခူးတိုင်း ဒေသကြီး၊ တောင်ငူမြို့၊ ကေတုမတီမြို့၊ အုတ်တွင်းမြို့၊ ကညွတ်ကွင်းမြို့၊ ဝေါမြို့၊ ပေါက်ခေါင်းမြို့၊ ပန်းတောင်းမြို့၊ ဥသျှစ်ပင်မြို့၊ ဆင်တဲမြို့၊ သာယာဝတီမြို့၊ မင်းလှမြို့၊ ဇီးကုန်းမြို့၊ မိုးညိုမြို့နှင့် အုတ်ဖိုမြို့များရှိ အသက် ၆၅ နှစ်နှင့်အထက် သက်ကြီး ဘိုးဘွားများ၊ သံဃာတော်များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ပြည်သူစုစုပေါင်း ၃၅၀၀ ဦး တို့အားလည်းကောင်း တပ်မတော်မှ ဆေးအဖွဲ့များက ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ သက်ဆိုင်ရာ ကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းနှင့်အတူ ပူးပေါင်းကာ ကိုဗစ်- ၁၉ ရောဂါ ကာကွယ် ဆေးထိုးနှံပေးခြင်းများ ဆောင်ရွက်ပေးကြ သည်။
ယင်းသို့ဆောင်ရွက်ပေးနေမှုများကို သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ဝန်ကြီးချုပ်များ၊ တိုင်းမှူးများနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးကာ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြကြောင်း သတင်းရရှိ သည်။