တိုင်းဒေသကြီးနှင့်ပြည်နယ်များ၌ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံ

တိုင်းဒေသကြီးနှင့်ပြည်နယ်များ၌ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံ

နေပြည်တော်၊ ဩဂုတ်- ၂
    

တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများ အပါအဝင် လူမျိုးမရွေး၊ ဘာသာမရွေး အသက်(၆၅)နှစ်အထက် သက်ကြီး ဘိုးဘွားများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ တိုင်းရင်းသားပြည်သူများနှင့် အကျဉ်းထောင် များ၌ ပြစ်ဒဏ်ကျခံနေသည့် အကျဉ်းသား၊ အကျဉ်းသူများအား ကိုဗစ်- ၁၉ ရောဂါ ကာကွယ် ဆေးထိုးနှံနိုင်ရေးအတွက် ဆေးပစ္စည်းများကို တပ်မတော် လေယာဉ် များဖြင့် သယ်ယူပို့ဆောင်ပေးခြင်းများနှင့် ကာကွယ်ဆေးထိုးနှံပေးခြင်းများကို ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်လျက်ရှိသည်။
    

ထိုသို့ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင်  နေပြည်တော်ကောင်စီနယ်မြေ၊ ဇေယျာသီရိမြို့နယ်၊ ပုဗ္ဗသီရိမြို့နယ်၊ ဥတ္တရသီရိမြို့နယ်၊ ဇဗ္ဗူသီရိမြို့နယ်၊ ဒက္ခိဏသီရိ မြို့နယ်၊ ပျဉ်းမနားမြို့နယ်၊ တပ်ကုန်းမြို့နယ်နှင့် လယ်ဝေးမြို့နယ်များ အတွင်းရှိ အသက် ၆၅ နှစ်နှင့်အထက် သက်ကြီး ဘိုးဘွားများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ပြည်သူစုစုပေါင်း ၄၃၇၆ ဦးတို့အားလည်းကောင်း၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နမ့်ဆန်မြို့ရှိ အသက် ၆၅ နှစ်နှင့်အထက် သက်ကြီး ဘိုးဘွားများနှင့် ဒေသခံတိုင်းရင်း သားပြည်သူ စုစုပေါင်း ၁၄၀ ဦးအား လည်းကောင်း၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့၊ ညောင်ရွှေမြို့၊ ကလောမြို့၊ ရပ်စောက်မြို့၊ ဖယ်ခုံမြို့၊ ဟိုပုံးမြို့၊  ဆီဆိုင်မြို့၊ ပင်လောင်းမြို့၊ ပင်းတယမြို့နှင့် ရွာငံမြို့တို့ရှိ အသက် ၆၅ နှစ်နှင့်အထက် သက်ကြီး ဘိုးဘွားများနှင့် ပြည်သူ စုစုပေါင်း ၃၅၄၈ ဦးအားလည်းကောင်း၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၊ မတ်မန်းမြို့၊ မိုင်းဖြတ်မြို့၊ မိုင်းဆတ်မြို့၊ တာချီလိတ်မြို့၊ မိုင်းတုံမြို့၊ မိုင်းခတ်မြို့၊ မိုင်းပျဉ်းမြို့နှင့် တုံတာမြို့တို့ရှိ ပြည်သူစုစုပေါင်း ၃၉၈၁ ဦးအား လည်းကောင်း၊ မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ သထုံမြို့၊ ကျိုက်ထိုမြို့၊ ဘီးလင်းမြို့၊ သံဖြူဇရပ်မြို့၊ မုဒုံမြို့၊ ရေးမြို့နှင့် ကရင်ပြည်နယ်၊ ဘားအံမြို့၊ လှိုင်းဘွဲ့မြို့၊ ကြာအင်းဆိပ်ကြီးမြို့၊ မြဝတီမြို့၊ ရွှေဂွန်းမြို့၊ ကျိုက်ဒုံမြို့များရှိ အသက်(၆၅)နှစ်နှင့် အထက် သက်ကြီး ဘိုးဘွားများ၊ သံဃာတော်များနှင့် ပြည်သူစုစုပေါင်း ၁၁၃၅၀ ဦးတို့ အား လည်းကောင်း၊ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နဘ်၊ ရေဖြူမြို့နယ်၊ ပုလောမြို့နယ်၊ ကျွန်းစုမြို့နယ်၊ လောင်းလုံးမြို့နယ်၊ သရက်ချောင်းမြို့နယ်၊ မြိတ်မြို့နယ်၊ တနင်္သာရီမြို့နယ်၊ မောတောင်မြို့၊ ကော့သောင်း မြို့နယ်၊ ခမောက်ကြီးမြို့နှင့် ဘုတ်ပြင်းမြို့နယ်များရှိ အသက် ၆၅ နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများ၊ သံဃာတော်များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ပြည်သူစုစုပေါင်း ၄၅၉၁ ဦး တို့အား လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၊ တွံတေးမြို့နယ်၊ ကွမ်းခြံကုန်းမြို့နယ်၊ ကော့မှူးမြို့နယ်နှင့် ဒလမြို့နယ်များရှိ အသက် ၆၅ နှစ်နှင့်အထက် သက်ကြီး ဘိုးဘွားများ၊ သံဃာတော်များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ပြည်သူစုစုပေါင်း ၁၄၅၀ ဦး တို့အား လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟင်္သာတခရိုင်၊ မအူပင်ခရိုင်၊ မြောင်းမြခရိုင်၊ လပွတ္တာခရိုင်နှင့် ဖျာပုံခရိုင်များရှိ အသက် ၆၅ နှစ်နှင့်အထက် သက်ကြီး ဘိုးဘွားများ၊ သံဃာတော်များနှင့် ပြည်သူ စုစုပေါင်း ၈၇၈၀ ဦးတို့အား လည်းကောင်း၊ ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ စစ်တွေမြို့နယ်၊ ဘူးသီးတောင်မြို့နယ်၊ ရသေ့တောင်မြို့နယ်၊ ကျောက်တော်မြို့နယ်၊ မြောက်ဦးမြို့နယ်၊ မင်းပြားမြို့နယ်၊ သံတွဲမြို့နယ်၊ တောင်ကုတ်မြို့နယ်၊ မြေပုံမြို့နယ်၊ ပုဏ္ဏာကျွန်းမြို့နယ်၊ ပေါက်တော မြို့နယ်၊ မောင်တောမြို့နယ်၊ ဂွမြို့နယ်နှင့်  ကျောက်ဖြူမြို့နယ်များရှိ အသက် ၆၅ နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ပြည်သူစုစုပေါင်း ၆၈၃၄ ဦးတို့အားလည်းကောင်း၊ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မန္တလေးခရိုင်၊ ပြင်ဦးလွင်ခရိုင်၊ ကျောက်ဆည်ခရိုင်၊ မိတ္ထီလာခရိုင်၊ ရမည်းသင်းခရိုင်၊ မြင်းခြံခရိုင်နှင့် ညောင်ဦးခရိုင်တို့ရှိ ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများ၊ ၆၅ နှစ်နှင့် အထက် သက်ကြီးဘိုးဘွားများနှင့် ဒေသခံ တိုင်းရင်းသားပြည်သူစုစုပေါင်း ၁၁၆၈၂ ဦးတို့အား လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းမြို့၊ သာယာဝတီမြို့၊ ဇီးကုန်းမြို့၊ ကြို့ပင်ကောက်မြို့၊ အုတ်ဖိုမြို့၊ မိုးညိုမြို့၊ လက်ပံတန်းမြို့၊ မင်းလှမြို့၊ ကျောက်ကြီးမြို့၊ မုန်းမြို့၊ နတ်သံကွင်းမြို့၊ ဝေါမြို့နှင့် ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့ တို့ရှိ  အသက် ၆၅ နှစ်နှင့်အထက် သက်ကြီး ဘိုးဘွားများ၊ သံဃာတော်များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ပြည်သူစုစုပေါင်း ၄၇၀၀ ဦးတို့အား လည်းကောင်း တပ်မတော်မှ ဆေးအဖွဲ့များက ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ သက်ဆိုင်ရာ ကျန်းမာရေး ဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းနှင့်အတူ ပူးပေါင်းကာ ကိုဗစ်- ၁၉ ရောဂါ ကာကွယ် ဆေးထိုးနှံပေးခြင်းများ ဆောင်ရွက်ပေးကြ သည်။
    

ယင်းသို့ဆောင်ရွက်ပေးနေမှုများကို သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ဝန်ကြီးချုပ်များ၊ တိုင်းမှူးများနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးကာ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြကြောင်း သတင်းရရှိ သည်။