တိုင်းဒေသကြီးနှင့်ပြည်နယ်များ၌ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးများဆက်လက်ထိုးနှံ

တိုင်းဒေသကြီးနှင့်ပြည်နယ်များ၌ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးများဆက်လက်ထိုးနှံ

နေပြည်တော်၊ စက်တင်ဘာ - ၁၇

        ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆောင်ရွက်ရာတွင် ကာကွယ်ဆေးထိုးနှံခြင်းသည် အဓိကအခန်းကဏ္ဍတွင် ပါဝင်သည့် လုပ်ငန်းတစ်ရပ် ဖြစ်သောကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့၌ ကာကွယ်ဆေးထိုးနှံ ခြင်းကို အင်တိုက်အားတိုက် ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ဧရာဝတီတိုင်း ဒေသကြီးအတွင်းရှိမြို့နယ် (၂၆)မြို့နယ်တို့၌ ဒေသခံပြည်သူ ၂၁၁၁၉ ဦး၊ ရခိုင်ပြည်နယ် အတွင်းရှိ မြို့နယ်(၄)မြို့နယ်တို့၌ ဒေသခံပြည်သူ ၂၃၃၇ ဦး၊ မန္တလေးတိုင်းဒေသကြီး အတွင်းရှိခရိုင်(၇)ခရိုင်တို့၌ ဒေသခံပြည်သူ ၄၇၆၁ ဦးတို့ကို တပ်မတော်မှဆေးအဖွဲ့ များက ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ သက်ဆိုင်ရာကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများနှင့်ပူးပေါင်း၍ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်း များ ဆောင်ရွက်ပေးသည်။

        ထို့အတူကျောင်းသား၊ ကျောင်းသူများကိုလည်းကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးများထိုးနှံပေးလျက်ရှိရာ ယနေ့တွင် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် (၂၆)မြို့နယ်တို့၌ ကျောင်းသား၊ ကျောင်းသူ ၄၀၉ ဦးနှင့် မန္တလေးတိုင်းဒေသကြီး အတွင်းရှိခရိုင်(၇)ခရိုင်တို့၌ ကျောင်းသား၊ ကျောင်းသူ ၂၆၈၃ ဦး တို့ကိုတပ်မတော်မှ ဆေးအဖွဲ့များကပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ သက်ဆိုင်ရာကျန်းမာရေး ဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများနှင့်ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းများ ဆောင်ရွက်ပေးသည်။

ထို့ပြင် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ကာကွယ်ရာတွင် အထောက်အကူ ဖြစ်စေရန်အတွက် Mask များကိုပြည်သူများလက်ဝယ်အရောက် တိုင်းစစ်ဌာနချုပ် အသီးသီးမှ တာဝန်ရှိသူများက အခမဲ့ပေးဝေလှူဒါန်းလျက်ရှိရာ ယနေ့တွင် နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိမြို့နယ်(၈)မြို့နယ်၊ တနင်္သာရီတိုင်းဒေသကြီး အတွင်းရှိမြို့နယ်(၄)မြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး၊ ခရိုင်များအတွင်းရှိမြို့နယ် (၄၅)မြို့နယ်၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နှင့် မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံ မြို့နယ်၊ သပိတ်ကျင်းမြို့နယ်နှင့် မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ်တို့ရှိ စာသင် ကျောင်းများ၊ ဈေးများ၊ လမ်းများ၊ မြို့အဝင်ဂိတ်များနှင့် လူစည်ကားရာနေရာများတွင် နယ်မြေခံတပ်မတော် သားများက ဌာနဆိုင်ရာဝန်ထမ်းများ၊ တာဝန်ရှိသူများ၊ ပရဟိတ အဖွဲ့များနှင့်ပူးပေါင်း၍ Mask များအားဒေသခံပြည်သူများ လက်ဝယ် အရောက်အခမဲ့ ပေးဝေလှူဒါန်းကြပြီး ဈေးဝယ်စင်တာများ၊ ဆိပ်ကမ်းများနှင့် လူသွားလူလာ များပြားသည့် နေရာများတွင် LED ကြော်ငြာဘုတ်များဖြင့် ကိုဗစ်- ၁၉ ရောဂါနှင့် ပတ်သက်၍ အသိပညာပေးခြင်း၊ Mask တပ်ဆင်၍ သွားလာကြရန် လှုံဆော်ခြင်းများ ပြုလုပ်ခဲ့ကြကြောင်း သတင်းရရှိသည်။