တိုင်းဒေသကြီးနှင့်ပြည်နယ်မြို့ကြီးများသို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ အား ဆက်လက်ပို့ဆောင်ဖြန့်ဖြူး

တိုင်းဒေသကြီးနှင့်ပြည်နယ်မြို့ကြီးများသို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ အား ဆက်လက်ပို့ဆောင်ဖြန့်ဖြူး

ရန်ကုန် သြဂုတ် ၂၄

ကိုဗစ်-၁၉ ရောဂါဓာတ်ခွဲအတည်ပြုပိုးတွေ့လူနာများနှင့် သီးသန့်စောင့် ကြည့်ရမည့်သူများကို တပ်မတော်ဆေးရုံများ၊ ပြည်သူ့ဆေးရုံများ၊ ကျန်းမာရေးဌာန များနှင့် ကိုဗစ်စင်တာများတွင် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို တပ်မတော်သားဆရာဝန်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်း၍ အင်တိုက်အားတိုက်ဆောင်ရွက်ပေးလျက်ရှိရာ ၎င်းလုပ်ငန်းများတွင် အထောက်အကူဖြစ်စေရန်အတွက် ရန်ကုန်မြို့၊ မင်းဓမ္မလမ်းရှိ တိုးချဲ့ကာကွယ်ဆေး သိုလှောင်ခန်းတွင်ထားရှိသည့် ကိုဗစ်ရောဂါကာကွယ်ဆေးများကို စံချိန်စံညွှန်းများ အတိုင်း တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးသို့ တပ်မတော်လေယာဉ်များ၊ Cold Chain Delivery Logistics မော်တော်ယာဉ်ကြီးများဖြင့် ပို့ဆောင်ဖြန့်ဖြူးပေး လျက်ရှိသည်။
ထိုသို့ဖြန့်ဖြူးပေးလျက်ရှိရာ ယနေ့တွင် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့သို့ ဆေးပုံး ၄ ပုံး၊ ဆေးအလုံးရေ ၃၇၁၇ လုံး၊ မြိတ်မြို့သို့ ဆေးပုံး ၈ ပုံး၊ ဆေးအလုံးရေ ၆၅၉၀ တို့ကို တပ်မတော်လေယာဉ်ဖြင့်လည်းကောင်း၊ နေပြည်တော်ကောင်စီနယ်မြေသို့ ကာကွယ်ဆေးအလုံးပေါင်း ၈၃၉၀ လုံး၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့သို့ ကာကွယ်ဆေးအလုံးပေါင်း ၃၈၆၅၀ လုံး၊ မကွေးတိုင်းဒေသကြီးသို့ ကာကွယ်ဆေးအလုံးပေါင်း ၂၁၄၁၀ လုံး၊ မန္တလေးတိုင်းဒေသကြီးသို့ ကာကွယ်ဆေးအလုံးပေါင်း ၃၃၃၈၀ လုံးနှင့် စစ်ကိုင်း တိုင်းဒေသကြီးသို့ ကာကွယ်ဆေးအလုံးပေါင်း ၁၃၃၀ လုံးတို့ကို မြေပြင်ခရီးလမ်း ကြောင်းမှ Cold Chain Delivery Logistics မော်တော်ယာဉ်ကြီးများဖြင့် လည်းကောင်း ဆက်လက်ဖြန့်ဖြူးပေးသည်။
ယင်းသို့ ပေးပို့ဖြန့်ဖြူးပေးသော ကိုဗစ်-၁၉ ကာကွယ်ဆေးများကို ဦးတည် အုပ်စုလူဦးရေ| ဦးစားပေးအစီအစဉ်များနှင့်အညီ ပြည်သူများသို့ အမြန်ဆုံး ထိုးနှံပေးနိုင်ရေးအတွက်ဆောင်ရွက်ခြင်းဖြစ်ပြီး ဝေးလံခတ်ခဲသောဒေသများသိူ့ တပ်မတော်(လေ) ပို့ဆောင်ရေးလေယာဉ်များဖြင့် မြန်မာ့လေကြောင်းတို့၏ အကူအညီများရယူကာ လေကြောင်းခရီးဖြင့်လည်း ဆက်လက်ဖြန့်ဖြူးပေးလျက် ရှိကြောင်း သတင်းရရှိသည်။