တိုင်းဒေသကြီးနှင့် ပြည်နယ်များအတွင်းရှိ မြို့နယ်အချို့၌ တပ်မတော် ထောက်ခံပွဲပြုလုပ်

နေပြည်တော်၊ ဖေဖော်ဝါရီ - ၁၂

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့်အညီ ဆောင်ရွက်လျက်ရှိသည့် မြန်မာ့ တပ်မတော်အား ထောက်ခံပွဲကို ယနေ့တွင် တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့တွင် အင်အား ၈၀၀ ဦး၊ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့တွင် အင်အား ၁၀၀၀၀ ဦးခန့်ဖြင့်လည်းကောင်း၊ မလှိုင်မြို့တွင် အင်အား ၃၀၀၀ ဦးဖြင့် လည်းကောင်း၊ ပျော်ဘွယ်မြိ့တွင် အင်အား ၂၀၀၀ ဦးခန့်ဖြင့်လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး၊ ထန်းတပင်မြို့တွင် အင်အား ၃၀၀၀ ဦးခန့်ဖြင့် လည်းကောင်း၊ ကျောက်ကြီးမြို့တွင် အင်အား ၂၀၀ ဦးခန့်ဖြင့် လည်းကောင်း၊ သာယာဝတီမြို့တွင် အင်အား ၃၀၀၀ ဦးခန့်ဖြင့် လည်းကောင်း၊ မိုးညိုမြို့တွင် အင်အား ၅၀၀ ဦးခန့်ဖြင့် လည်းကောင်း၊ ဖြူးမြို့တွင် အင်အား ၃၀၀၀ ဦးခန့်ဖြင့် လည်းကောင်း၊ မုန်းမြို့တွင် အင်အား ၄၀၀ ဦးခန့်ဖြင့် လည်းကောင်း အသီးသီးဆန္ဒ ထုတ်ဖော်ခဲ့ကြပြီး ဆန္ဒဖော်ထုတ်ရာတွင် ဖွဲ့စည်းပုံအခြေခံ ဥပဒေ(၂၀၀၈)နှင့်အညီ ဆောင်ရွက်လျက်ရှိသည့် မြန်မာ့တပ်မတော်အား ထောက်ခံပါသည်၊ ဥပဒေနှင့်အညီ ဖွဲ့စည်းထားသည့် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ အစိုးရသစ်အား ကြိုဆိုထောက်ခံပါသည်၊ ဥပဒေနှင့်အညီ ဖွဲ့စည်းထားသည့် UEC  အသစ်အား ကြိုဆိုပါသည်၊ ပြည်ပအားကိုးပုဆိန်ရိုး အမျိုးသားရေး သစ္စာဖောက်များအား အလိုမရှိ၊ မြန်မာပြည်ကြီး ငြိမ်းချမ်းပါစေ၊ မြန်မာပြည်ကြီး အေးချမ်းပါစေ၊ ဥပဒေနှင့်မညီသော ရွေးကောက်ပွဲ ရလာဒ်အလိုမရှိ၊ အမျိုးဘာသာသာသနာကို စောင့်ရှောက်ပေးသော မြန်မာ့ တပ်မတော်အား ထောက်ခံပါသည်၊ တပ်မတော်နှင့်ပြည်သူ သွေးခွဲသူ ဒို့ရန်သူ၊ စစ်မှန်ပြီး စည်းကမ်းပြည့်ဝသော ဒီမိုကရေစီစနစ်ကို အကောင်အထည် ဖော်ဆောင်ပေးမည့် တပ်မတော်အား ထောက်ခံပါသည် စာသားပါ ဆိုင်းဘုတ်များအား ကိုင်ဆောင် ကြွေးကြော်ခဲ့ကြသည်။

 အများပြည်သူများ အနေဖြင့် တပ်မတော်က ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် အညီ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီကို ဖွဲ့စည်း၍ မဲမသမာမှုဖြစ်စဉ်များ အပေါ် ရွေးကောက်ပွဲ ကော်မရှင် တစ်ရပ်အား ဖွဲ့စည်းကာ စိစစ်နိုင်ရေး ဆောင်ရွက်နေမှုများကို အများပြည်သူများမှ ထောက်ခံသည့် ဆန္ဒဖော်ထုတ်မှုများ ဆက်လက် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သတင်း ရရှိသည်။