တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ပြည်သူ့ဆေးရုံများ၊ တပ်မတော်ဆေးရုံများ၊ ကျန်းမာရေးဌာနများ၊ ကိုဗစ်စင်တာများနှင့် ပရဟိတအဖွဲ့များသို့ အောက်ဆီဂျင် အိုးများ၊ ရောဂါကာကွွယ်ရေးအထောက်အကူပြုပစ္စည်းများ ဖြန့်ဝေလှူဒါန်း  

တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ပြည်သူ့ဆေးရုံများ၊ တပ်မတော်ဆေးရုံများ၊ ကျန်းမာရေးဌာနများ၊ ကိုဗစ်စင်တာများနှင့် ပရဟိတအဖွဲ့များသို့ အောက်ဆီဂျင် အိုးများ၊ ရောဂါကာကွွယ်ရေးအထောက်အကူပြုပစ္စည်းများ ဖြန့်ဝေလှူဒါန်း  

နေပြည်တော်၊ ဩဂုတ်- ၂

ကိုဗစ်-၁၉ ရောဂါဓာတ်ခွဲအတည်ပြု ပိုးတွေ့လူနာများနှင့် သီးသန့်စောင့် ကြည့်ရမည့်သူများကို ကုသရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အောက်ဆီဂျင် လိုအပ်ချက်များကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုစေရန်အတွက် တပ်မတော် နှင့် အလှူရှင်များက အောက်ဆီဂျင်အိုးများ၊ ရောဂါကာကွယ်ရေး အထောက် အကူပြုပစ္စည်းများကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ပြည်သူ့ဆေးရုံများ၊ တပ်မတော်ဆေးရုံများ၊ ကျန်းမာရေးဌာနများ၊ ကိုဗစ်စင်တာများနှင့် လူမှုကူညီရေး အသင်းအဖွဲ့များသို့ ပေးပို့လှူဒါန်းလျက်ရှိသည်။

ထိုသို့ လှူဒါန်းလျက်ရှိရာ ယနေ့တွင် နေပြည်တော်ကောင်စီနယ်မြေ၊ ပုဗ္ဗသီရိမြို့နယ်ရှိ နေပြည်တော်ပြည်သူ့ဆေးရုံကြီး(ခုတင်-၃၀၀)သို့ အောက်ဆီဂျင်အိုး ၄၀ လုံးနှင့် ပုဗ္ဗသီရိမြို့နယ် ပြည်သူ့ဆေးရုံ(ခုတင်-၅၀)သို့ အောက်ဆီဂျင်အိုး ၁၀ လုံးတို့ကို လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ သာပေါင်းမြို့တို့ရှိ ပြည်သူ့ဆေးရုံများနှင့် ပရဟတိအသင်းများသို့ Oxygen Concentrator စက် ၅ လုံးနှင့်  အောက်ဆီဂျင်အိုး ၂၈ လုံးတို့ကိုလည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီးသို့ အောက်ဆီဂျင်အိုး ၁၀၅ လုံးကိုလည်း ကောင်း၊ မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်ပြည်သူ့ဆေးရုံသို့ အောက်ဆီဂျင်အိုး ၂၀ လုံးနှင့် Oxygen Flow Meter ၂၀ ခုတို့ကို လည်းကောင်း သက်ဆိုင်ရာ တိုင်း စစ်ဌာနချုပ်များမှ နယ်မြေခံ တပ်မတော်သားများက ဌာနဆိုင်ရာ ဝန်ထမ်းများ၊ လူမှု ကူညီရေးအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ အသီးသီးသွားရောက်လှူဒါန်းကြရာ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြ သည်။

အလားတူ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများဆောင်ရွက်ရာတွင် အထောက်အကူဖြစ်စေရန်အတွက် စေတနာရှင် အလှူရှင်များက အထောက်အကူပစ္စည်းများ၊ အလှူငွေများကို ပေးအပ်လှူဒါန်း လျက်ရှိရာ နေပြည်တော်ကောင်စီနယ်မြေ၊ ပျဉ်းမနားမြို့နယ် ပြည်သူ့ဆေးရုံကြီး (ခုတင်-၂၀၀)သို့  Mask များနှင့် စားသောက်ဖွယ်ရာများကို အလှူရှင်များကိုယ်စား နေပြည်တော်တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများက သွားရောက်လှူဒါန်းသည်။ ထို့ပြင် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် လိုအပ်သော အောက်ဆီဂျင်များကို ကူညီဖြည့်တင်းပေးသည့် ပုဂ္ဂလိက အောက်ဆီဂျင်စက်ရုံများမှ ပိုင်ရှင်များအား ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်း ဒေသကြီး ဝန်ကြီးချုပ်ကိုယ်စား တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဗိုလ်မှူးကြီး ကျော်ကျော်မင်း က ဂုဏ်ပြုမှတ်တမ်းလွှာများနှင့် ချီးမြှင့်ငွေ များကို ပေးအပ်ခဲ့သည်။ 

ထို့ပြင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ အောက်ဆီဂျင် လိုအပ်ချက်များ မရှိစေရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနမှ Oxygen Plant များကို တိုးမြှင့်တပ်ဆင် လည်ပတ်လျက်ရှိပြီး တပ်မတော်အနေဖြင့်လည်း တိုင်းစစ်ဌာနချုပ် နယ်မြေအသီးသီး တွင် Oxygen Plant များကို တပ်ဆင်ထုတ်လုပ်ပေးလျက်ရှိကြောင်းနှင့် ယနေ့တွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့ ပြည်သူ့ဆေးရုံ၌ Oxygen Plant တပ်ဆင်စမ်းသပ် ထုတ်လုပ်နေမှုနှင့် အဆိုပါဆေးရုံ၌ ကျိုင်းတုံမြို့၊ သီလဓမ္မကုန်း သာတောရကျောင်းတိုက် ဝစီပိတ် ဆရာတော် ဘဒ္ဒန္တကောဝိဒ ၏ ဦးဆောင် အလှူငွေဖြင့် ဝယ်ယူမည့် Oxygen Plant  အဆောက်အဦ တည်ဆောက်မည့် မြေနေရာကို လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ အထွေထွေ ရောဂါကုဆေးရုံကြီး (ခုတင်-၂၀၀)သို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ပံ့ပိုးကူညီပေးသည့် အောက်ဆီဂျင် စက် တပ်ဆင်ဆောင်ရွက်ပြီး၍ လူနာများအား ကုသပေးနေမှုအခြေအနေများကို လည်းကောင်း သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ဝန်ကြီးချုပ်များ၊ တိုင်းမှူးများနှင့် တာဝန် ရှိသူများက သွားရောက်ကြည့်ရှု အားပေး၍ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြကြောင်း သတင်းရရှိသည်။