တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ပြည်သူ့ဆေးရုံများ၊ တပ်မတော်ဆေးရုံများ၊ ကျန်းမာရေးဌာနများ၊ ကိုဗစ်စင်တာများနှင့် ပရဟိတအဖွဲ့များသို့ အောက်ဆီဂျင် အိုးများ၊ ရောဂါကာကွွယ်ရေးအထောက်အကူပြုပစ္စည်းများ ဖြန့်ဝေလှူဒါန်း  

တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ပြည်သူ့ဆေးရုံများ၊ တပ်မတော်ဆေးရုံများ၊ ကျန်းမာရေးဌာနများ၊ ကိုဗစ်စင်တာများနှင့် ပရဟိတအဖွဲ့များသို့ အောက်ဆီဂျင် အိုးများ၊ ရောဂါကာကွွယ်ရေးအထောက်အကူပြုပစ္စည်းများ ဖြန့်ဝေလှူဒါန်း  

နေပြည်တော်၊ ဩဂုတ်- ၃

ကိုဗစ်-၁၉ ရောဂါဓာတ်ခွဲအတည်ပြု ပိုးတွေ့လူနာများနှင့် သီးသန့်စောင့် ကြည့်ရမည့်သူများကို ကုသရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အောက်ဆီဂျင် လိုအပ်ချက်များကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုစေရန်အတွက် တပ်မတော် နှင့် အလှူရှင်များက အောက်ဆီဂျင်အိုးများ၊ ရောဂါကာကွယ်ရေး အထောက် အကူပြုပစ္စည်းများကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ပြည်သူ့ဆေးရုံများ၊ တပ်မတော်ဆေးရုံများ၊ ကျန်းမာရေးဌာနများ၊ ကိုဗစ်စင်တာများနှင့် လူမှုကူညီရေး အသင်းအဖွဲ့များသို့ ပေးပို့လှူဒါန်းလျက်ရှိသည်။
ထိုသို့ လှူဒါန်းလျက်ရှိရာ ယနေ့တွင် နေပြည်တော်ကောင်စီနယ်မြေ၊ ပုဗ္ဗသီရိမြို့နယ်ရှိ နေပြည်တော်ပြည်သူ့ဆေးရုံကြီး(ခုတင်-၃၀၀)သို့ အောက်ဆီဂျင်အိုး ၄၀ လုံးကို လည်းကောင်း၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ တန့်ယန်းမြို့ ပြည်သူ့ဆေးရုံ ၊ မန်ကတ်တိုက်နယ်ဆေးရုံ၊ မန်ကန်တိုက်နယ်ဆေးရုံနှင့် မိုင်းကောင်တိုက်နယ်ဆေးရုံ သို့ အောက်ဆီဂျင်အိုး ၁၅ လုံးနှင့် Oxygen  Regulator ၁၁ လုံး၊ ဧရာဝတီတိုင်း ဒေသကြီး၊ လပွတ္တာမြို့ပြည်သူ့ဆေးရုံသို့ ကာကွယ်ရေးဉီးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယ ဗိုလ်ချုပ်ကြီး တေဇကျော် မိသားစုက လှူဒါန်းသည့် အောက်ဆီဂျင်အိုး ၃၀ လုံး၊ ပုသိမ်မြို့၊ အိမ်မဲမြို့၊ မြန်အောင်မြို့နှင့် ရေကြည်မြို့တို့ရှိ ပြည်သူ့ဆေးရုံများနှင့် ပရဟိတအသင်း များသို့ အောက်ဆီဂျင်အိုး ၁၇၁ လုံးတို့ကို လည်းကောင်း၊ စစ်ကိုင်း တိုင်းဒေသကြီး၊ မုံရွာမြို့ ပြည်သူ့ဆေးရုံကြီးသို့ မိဘဂုဏ် အောက်ဆီဂျင်စက်ရုံမှ ထုတ်လုပ်သည့် အောက်ဆီဂျင်အိုး ၁၀၅ လုံးနှင့် ခန္တီးခရိုင် ပြည်သူ့ဆေးရုံသို့ PPE ဝတ်စုံ ၁၀၀ စုံတို့ကိုလည်းကောင်း သက်ဆိုင်ရာ တိုင်းစစ်ဌာန ချုပ်များမှ နယ်မြေခံ တပ်မတော် သားများက ဌာနဆိုင်ရာ ဝန်ထမ်းများ၊ လူမှုကူညီရေး အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ အသီးသီး သွားရောက်လှူဒါန်းကြရာ တာဝန်ရှိသူများက လက်ခံရယူခဲ့ ကြသည်။
အလားတူ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများဆောင်ရွက်ရာတွင် အထောက်အကူဖြစ်စေရန်အတွက် စေတနာရှင် အလှူရှင်များက အထောက်အကူပစ္စည်းများ၊ အလှူငွေများကို ပေးအပ်လှူဒါန်း လျက်ရှိရာ ဧရာဝတီတိုင်းဒေသကြီး၊ အိမ်မဲမြို့၊ ပြည်သူ့ဆေးရုံတွင် တာဝန်ထမ်းဆောင် နေသည့် ကျန်းမာရေးဝန်ထမ်းများအတွက် စေတနာရှင်အလှူရှင်များကိုယ်စား မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များက အလှူငွေကျပ် ၁၀ သိန်းကို ပေးအပ်လှူဒါန်းသည်။
ထို့ပြင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ အောက်ဆီဂျင် လိုအပ်ချက်များ မရှိစေရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနမှ Oxygen Plant များကို တိုးမြှင့်တပ်ဆင် လည်ပတ်လျက်ရှိပြီး တပ်မတော်အနေဖြင့်လည်း တိုင်းစစ်ဌာနချုပ် နယ်မြေအသီးသီး တွင် Oxygen Plant များကို တပ်ဆင်ထုတ်လုပ်ပေးလျက်ရှိကြောင်းနှင့် ယနေ့တွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်မြို့နယ် ပြည်သူ့ဆေးရုံဝန်းအတွင်း အသစ် တည် ဆောက်နေသည့် အောက်ဆီဂျင်ထုတ်လုပ်သည့်စက် တပ်ဆင်နေမှုများကို  လည်း ကောင်း၊ ပဲခူးတိုင်းဒေသကြီး၊ ဉသျှစ်ပင်မြို့ရှိ တပ်မတော်စက်ရုံ၌ အောက်ဆီဂျင် ထုတ်လုပ်ပေးနေမှုများကိုလည်းကောင်း သက်ဆိုင်ရာ  တိုင်းစစ်ဌာနချုပ်အလိုက် တိုင်းမှူးများနှင့် တာဝန် ရှိသူများက သွားရောက်ကြည့်ရှုပြီး အောက်ဆီဂျင်ထုတ်လုပ်မှု ဆောင်ရွက်နေသူများအား ရောဂါကာကွယ်ရေး အထောက်အကူပြုပစ္စည်းများကို ပေးအပ်၍ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြကြောင်း သတင်းရရှိသည်။