တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ပြည်သူ့ဆေးရုံများ၊ တပ်မတော်ဆေးရုံများ၊ ကျန်းမာရေးဌာနများနှင့် ကိုဗစ်စင်တာများသို့ အောက်ဆီဂျင်အိုးများ ဖြန့်ဝေလှူဒါန်း

တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ပြည်သူ့ဆေးရုံများ၊ တပ်မတော်ဆေးရုံများ၊ ကျန်းမာရေးဌာနများနှင့် ကိုဗစ်စင်တာများသို့ အောက်ဆီဂျင်အိုးများ ဖြန့်ဝေလှူဒါန်း

 
နေပြည်တော်၊ ဇူလိုင် - ၂၀

 
ကိုဗစ်-၁၉ ရောဂါဓာတ်ခွဲအတည်ပြု ပိုးတွေ့လူနာများနှင့် သီးသန့်စောင့် ကြည့်ရမည့်သူများကို ကုသရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အောက်ဆီဂျင် လိုအပ်ချက်များကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုစေရန်အတွက် တပ်မတော် နှင့် အလှူရှင်များက အောက်ဆီဂျင်အိုးများကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ပြည်သူ့ဆေးရုံများ၊ တပ်မတော်ဆေးရုံများ၊ ကျန်းမာရေးဌာနများနှင့် ကိုဗစ်စင်တာ များသို့ ပေးပို့လှူဒါန်းလျက်ရှိသည်။
ထိုသို့ လှူဒါန်းလျက်ရှိရာ ယနေ့တွင် နေပြည်တော်ကောင်စီနယ်မြေ၊ ဗမ္ဗူသီရိမြို့နယ်ရှိ အထွေထွေရောဂါကုဆေးရုံကြီး(ခုတင်-၁၀၀၀)သို့ အောက်ဆီဂျင်အိုး ၄၇ လုံးနှင့် ပုဗ္ဗသီရိမြို့နယ်ရှိ ပြည်သူ့ဆေးရုံကြီး(ခုတင်-၃၀၀)သို့ အောက်ဆီဂျင်အိုး ၄၅ လုံးတို့ကို နေပြည်တော်တိုင်းစစ်ဌာနချုပ် နယ်မြေခံတပ်မတော်သားများက လည်း ကောင်း၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နမ္မတူမြို့ပြည်သူ့ဆေးရုံသို့ အောက်ဆီဂျင်အိုး ၂၀ လုံး၊ လားရှိုးမြို့ ပညာရေးဒီဂရီကောလိပ်ရှိ ကိုဗစ်-၁၉ ကုသရေး စင်တာအတွက် အောက်ဆီဂျင်အိုး ၃၀ လုံး၊ လားရှိုးမြို့ အထွေထွေရောဂါကုဆေးရုံကြီး(ကုတင်-၅၀၀) သို့ အောက်ဆီဂျင်အိုး ၄၀ လုံး၊ လားရှိုးမြို့ နယ်မြေခံဆေးတပ်ရင်းနှင့် တပ်မတော် ဆေးရုံသို့ အောက်ဆီဂျင်အိုး ၃၀ လုံး၊ သိန်းနီမြို့ ပြည်သူ့ဆေးရုံသို့ အောက်ဆီဂျင်အိုး ၅ လုံး၊ Oxygen Regulator ၁ စုံ၊ Oxygen ပိုက် ၂ ချောင်း၊ PPE ဝတ်စုံ ၇၀ စုံ၊ PPE Level-2 ဝတ်စုံ ၅၀ စုံ၊ Mask ၄၈၀၀ ခု၊ အရပ်ပြန် ၆၀ ဘူး၊ ရေမလိုလက်သန့်ဆေးရည် ၇၂ ဘူး၊ ပိုးသတ်ဆေးရည် ၄၀ ဘူး၊ လက်အိတ် ၁၀၀ စုံ၊ ခေါင်းစွပ် ၂၀၀ ခု၊ ဆေးဝါးများ နှင့် စားသောက်ဖွယ်ရာများကို တပ်မတော်(ကြည်း၊ရေ၊လေ) အရာရှိ၊ စစ်သည်၊ မိသားစု များနှင့် Corner Stone ကုမ္ပဏီတို့က လည်းကောင်း၊ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ ပြည်သူ့ဆေးရုံနှင့် Oxygen Plant နေရာများသို့ အောက်ဆီဂျင်အိုး ၁၀၀ လုံးကို ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်မှ နယ်မြေခံတပ်မတော်သားများနှင့် အလှူရှင်များက လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး၊ ဒလမြို့နယ်၊ တွံတေးမြို့နယ်၊ ကော့မှူးမြို့နယ်၊ ကွမ်းခြံကုန်းမြို့နယ်နှင့် ဆိပ်ကြိီးခနောင်တိုမြို့နယ်တို့ရှိ ပြည်သူ့ ဆေးရုံများသို့ အောက်ဆီဂျင်အိုး ၇၅ လုံးကို ရန်ကုန်တိုင်းစစ်ဌာနချုပ်မှ နယ်မြေခံ တပ်မတော်သားများက လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ ကျုံမငေးမြို့၊ သာပေါင်းမြို့နှင့် ဖျာပုံမြို့တို့ရှိ ပြည်သူ့ဆေးရုံများအတွက် အောက်ဆီဂျင်အိုး ၆၉ လုံးနှင့် ၁၀ လီတာ အောက်ဆီဂျင်စက် ၁ လုံးတို့ကို အနောက်တောင်တိုင်း စစ်ဌာနချုပ်မှ နယ်မြေခံတပ်မတော်သားများနှင့် အလှူရှင်များက လည်းကောင်း အသီးသီးသွားရောက် လှူဒါန်းကြရာ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြသည်။
၎င်းအပြင် နယ်စပ်ကုန်သွယ်ရေးစခန်းများမှတစ်ဆင့် ကျန်းမာရေးဆိုင်ရာပစ္စည်း များကို တင်သွင်းခွင့်ပြုထားရာ ပုဂ္ဂလိကကုမ္ပဏီများမှ တင်သွင်း လာသည့် ၄၀ လီတာဆံ့ အောက်ဆီဂျင်အိုး ၁၇၀၇ လုံး၊ အောက်ဆီဂျင် Concentrator ၅၀ လုံး၊ Finger Tit ၉၆ ခု၊ Mask သိန်း ၇၀ ခုနှင့် တရုတ်တိုင်းရင်းဆေး ၁၁၂၀၀၀ ဘူးတို့ကို မူဆယ်မြို့နယ်စပ်ဂိတ်နှင့် ချင်းရွှေဟော်မြို့ရှိ နယ်စပ်ဂိတ်များမှတစ်ဆင့် လည်းကောင်း၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့ရှိ ပုဂ္ဂလိကကုမ္ပဏီများမှ တင်သွင်းလာသည့် ၄၀ လီတာဆံ့ အောက်ဆီဂျင် အိုး ၃၀ လုံးတို့သည် ထိုင်းနိုင်ငံ၊ ချင်းရိုင်းခရိုင်၊ မယ်ဆိုင်မြို့မှတစ်ဆင့် မြန်မာ-ထိုင်း အမှတ်(၂)ချစ်ကြည်ရေးတံတား (တာချီလိတ်မြို့)သို့ လည်းကောင်း၊ ကျန်းမာရေးဦးစီး ဌာနနှင့် စေတနာရှင်အလှူရှင်များက စုပေါင်းလှူဒါန်းသည့် အောက်ဆီဂျင်အရည် ၂၉ တန်၊ ၆၀ လီတာအိုး ၆၅ လုံး၊ ၄၀ လီတာအိုး ၅၈၅ လုံး ၊ ၁၅ လီတာအိုး ၃၅ လုံး၊ ၁၀ လီတာအိုး ၆ လုံး၊ ၅ လီတာအိုး ၄ လုံးတို့သည် ထိုင်းနိုင်ငံ၊ မဲဆောက်မြို့မှ မြဝတီမြို့သို့လည်းကောင်း အသီးသီး ရောက်ရှိလာကြသဖြင့် သက်ဆိုင်ရာ တာဝန်ရှိသူ များက လက်ခံရယူကြပြီး သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးသို့ ဆက်လက်ပို့ဆောင်ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။