တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ပြည်သူ့ဆေးရုံများ၊ တပ်မတော်ဆေးရုံများ၊ ကျန်းမာရေးဌာနများ၊ ကိုဗစ်စင်တာများနှင့် ပရဟိတအဖွဲ့များသို့ အောက်ဆီဂျင် အိုးများနှင့် ရောဂါကာကွွယ်ရေးအထောက်အကူပြုပစ္စည်းများ ဆက်လက်ဖြန့်ဝေ လှူဒါန်း  

တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ပြည်သူ့ဆေးရုံများ၊ တပ်မတော်ဆေးရုံများ၊ ကျန်းမာရေးဌာနများ၊ ကိုဗစ်စင်တာများနှင့် ပရဟိတအဖွဲ့များသို့ အောက်ဆီဂျင် အိုးများနှင့် ရောဂါကာကွွယ်ရေးအထောက်အကူပြုပစ္စည်းများ ဆက်လက်ဖြန့်ဝေ လှူဒါန်း  

နေပြည်တော်၊ ဩဂုတ်- ၁၂

ကိုဗစ်-၁၉ ရောဂါဓာတ်ခွဲအတည်ပြု ပိုးတွေ့လူနာများနှင့် သီးသန့်စောင့် ကြည့်ရမည့်သူများကို ကုသရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အောက်ဆီဂျင် လိုအပ်ချက်များကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုစေရန်အတွက် တပ်မတော် နှင့် အလှူရှင်များက အောက်ဆီဂျင်အိုးများ၊ ရောဂါကာကွယ်ရေး အထောက် အကူပြုပစ္စည်းများနှင့် အာဟာရဖြည့်စားသောက်ဖွယ်ရာများကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ပြည်သူ့ဆေးရုံများ၊ တပ်မတော်ဆေးရုံများ၊ ကျန်းမာရေးဌာနများ၊ ကိုဗစ်စင်တာများနှင့် လူမှုကူညီရေး အသင်းအဖွဲ့များသို့ ပေးပို့လှူဒါန်းလျက်ရှိသည်။

ထိုသို့ လှူဒါန်းလျက်ရှိရာ ယနေ့တွင် နေပြည်တော် ကောင်စီနယ်မြေ၊ ဇမ္ဗူသီရိမြို့နယ်ရှိ နေပြည်တော်ပြည်သူ့ဆေးရုံကြီး(ခုတင်- ၁၀၀၀) သို့ အောက်ဆီဂျင် ၂၀ လုံးအားလည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်နှင့် ဗိုလ်တထောင်မြို့နယ်များရှိ နယ်မြေခံတပ်မတော်ဆေးရုံများနှင့် ပင်လယ်သွားဆေးရုံ ရေယာဉ်(သံလွင်)သို့ တပ်မတော်ရေမှပြုလုပ်သည့် အောက်ဆီဂျင်အိုးတင်လှည်း များအားလည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နှင့် အိမ်မဲမြို့များရှိ ပြည်သူ့ဆေးရုံများနှင့် ပရဟိတအသင်းများသို့ ၄၀ လီတာဆံ့ အောက်ဆီဂျင်အိုး ၅၅ လုံးအားလည်းကောင်း၊  စစ်ကိုင်းတိုင်း ဒေသကြီး၊ မုံရွာမြို့၊ အထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီးသို့ မိဘဂုဏ်အောက်ဆီဂျင် စက်ရုံမှ ထုတ်လုပ်သည့် ၄၀ လီတာဆံ့ အောက်ဆီဂျင်အိုး ၁၀၅ လုံးအားလည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး၊ ကျောက် ဆည်ခရိုင်ပြည်သူ့ ဆေးရုံကြီး သို့ ၄၀ လီတာဆံ့ အောက်ဆီဂျင်အိုး ၅၀ လုံးနှင့် မိတ္ထီလာပြည်သူ့ဆေးရုံသို့ ၄၀ လီတာဆံ့ အောက်ဆီဂျင်အိုး ၄၀ လုံးတို့အား လည်းကောင်း တိုင်းစစ်ဌာနချုပ်အသီးသီးမှ နယ်မြေခံ တပ်မတော်သားများ၊ ဌာန ဆိုင်ရာဝန်ထမ်းများနှင့် လူမှုကူညီရေး အဖွဲ့အစည်းများက အသီးသီး သွားရောက် လှူဒါန်းကြရာ တာဝန်ရှိသူများက လက်ခံ ရယူခဲ့ကြသည်။

ထို့ပြင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ အောက်ဆီဂျင် လိုအပ်ချက်များ မရှိစေရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနမှ Oxygen Plant များကို တိုးမြှင့်တပ်ဆင် လည်ပတ်လျက်ရှိပြီး တပ်မတော်အနေဖြင့်လည်း တိုင်းစစ်ဌာနချုပ် နယ်မြေအသီးသီး တွင် Oxygen Plant များကို တပ်ဆင်ထုတ်လုပ်ပေးလျက်ရှိရာ ယနေ့တွင် နေပြည်တော်ကောင်စီနယ်မြေ၊ ဒက္ခိဏစက်မှုဇုန်ရှိ စိမ်းတက်အောင်ကုမ္ပဏီပိုင် စက်ရုံဝန်းအတွင်းရှိ အောက်ဆီဂျင်စက်ရုံမှ အောက်ဆီးဂျင်ထုတ်လုပ်နေမှုများအား လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်ပြည်သူ့ ဆေးရုံးအနီးရှိ Oxygen Plantနှင့် လှည်းကူးမြို့နယ်ရှိ တပ်မတော်ဆေးရုံကြီး(ခုတင်-၁၀၀)၌ စေတနာရှင်အလှူရှင်တစ်ဦးမှ လှူဒါန်းထားသည့် Oxygen Plant တို့၌ စက်လည် ပတ်နိုင်မှုနှင့် အောက်ဆီဂျင်ထုတ်လုပ်နိုင်မှု အခြေအနေများအားလည်းကောင်း၊ မန္တလေးတိုင်းဒေကြီး၊ ကျောက်ဆည်မြို့၊ ရွှေစေတီဘုန်းကြီးကျောင်းအတွင်း အောက်စီ ဂျင်စက်ရုံ(ရွှေစေတီ)တည်ဆောက်နေမှု၊ ဝမ်းတွင်းမြို့၊ အမှတ်(၂)ရပ်ကွက်၊ မိတ္ထီလာမြို့၊ အောင်ဇေယျာရပ်ကွက်နှင့် ရမည်းသင်းမြို့တို့၌ Oxygen Plant များ တည်ဆောက် နေမှုတို့အားလည်းကောင်း သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ် ဝန်ကြီးချုပ်များ၊ ကောင်စီဉက္ကဋ္ဌများ၊ တိုင်းစစ်ဌာနချုပ်များမှ တိုင်းမှူးများနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှု၍ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးပြီး အလှူငွေများ ပေးအပ်လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိသည်။