တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ပြည်သူ့ဆေးရုံများ၊ တပ်မတော်ဆေးရုံများ၊ ကျန်းမာရေးဌာနများနှင့် ကိုဗစ်စင်တာများသို့ အောက်ဆီဂျင်အိုးများ ဖြန့်ဝေလှူဒါန်း  

တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ပြည်သူ့ဆေးရုံများ၊ တပ်မတော်ဆေးရုံများ၊ ကျန်းမာရေးဌာနများနှင့် ကိုဗစ်စင်တာများသို့ အောက်ဆီဂျင်အိုးများ ဖြန့်ဝေလှူဒါန်း  

နေပြည်တော်၊ ဇူလိုင် - ၂၁

ကိုဗစ်-၁၉ ရောဂါဓာတ်ခွဲအတည်ပြု ပိုးတွေ့လူနာများနှင့် သီးသန့်စောင့် ကြည့်ရမည့်သူများကို ကုသရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အောက်ဆီဂျင် လိုအပ်ချက်များကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုစေရန်အတွက် တပ်မတော် နှင့် အလှူရှင်များက အောက်ဆီဂျင်အိုးများကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ပြည်သူ့ဆေးရုံများ၊ တပ်မတော်ဆေးရုံများ၊ ကျန်းမာရေးဌာနများနှင့် ကိုဗစ်စင်တာ များသို့ ပေးပို့လှူဒါန်းလျက်ရှိသည်။

ထိုသို့ လှူဒါန်းလျက်ရှိရာ ယနေ့တွင် နေပြည်တော်ကောင်စီနယ်မြေ၊ ဇမ္ဗူသီရိမြို့နယ်ရှိ အထွေထွေရောဂါကုဆေးရုံကြီး(ခုတင်-၁၀၀၀)သို့ အောက်ဆီဂျင်အိုး ၅၀ လုံးနှင့် ပုဗ္ဗသီရိမြို့နယ်ရှိ ပြည်သူ့ဆေးရုံကြီး(ခုတင်-၃၀၀)သို့ အောက်ဆီဂျင်အိုး ၁၅ လုံးတို့ကို နေပြည်တော်တိုင်းစစ်ဌာနချုပ် နယ်မြေခံတပ်မတော်သားများက လည်း ကောင်း၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့ အထွေထွေရောဂါကုပြည်သူ့ ဆေးရုံကြီးသို့ အောက်ဆီဂျင်အိုး ၂၀ လုံး၊ ကျိုင်းတုံမြို့ရှိ နယ်မြေခံတပ်မတော်ဆေးရုံသို့ အောက်ဆီဂျင်အိုး ၂၀ လုံး၊ တာချီလိတ်မြို့၊ မိုင်းဆတ်မြို့၊ မိုင်းပျဉ်းမြို့နယ်များသို့ အောက်ဆီဂျင်အိုး ၆၀ လုံးတို့ကို တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် မျိုးမင်းထွန်းနှင့် တာဝန်ရှိသူများက လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ ဇလွန်မြို့၊ အိမ်မဲမြို့၊ မအူပင်မြို့နှင့် မြောင်းမြမြို့တို့ရှိ ပြည်သူ့ဆေးရုံများသို့ အောက်ဆီဂျင်အိုး ၁၄၀ လုံးကို အနောက်တောင်တိုင်းစစ်ဌာနချုပ်မှ နယ်မြေခံ တပ်မတော်သားများက လည်းကောင်း၊ ရခိုင်ပြည်နယ်၊ မောင်တောမြို့ ပြည်သူ့ဆေးရုံ သို့ အောက်ဆီဂျင်အိုး ၄ လုံး၊ ပုဏ္ဏာကျွန်းမြို့ ပြည်သူ့ဆေးရုံသို့  အောက်ဆီဂျင်အိုး ၅ လုံး၊ ရသေ့တောင်မြို့ ပြည်သူ့ဆေးရုံသို့ အောက်ဆီဂျင်အိုး ၁၀ လုံး၊ တောင်ကုတ်မြို့ ပြည်သူ့ဆေးရုံသို့ အောက်ဆီဂျင်အိုး ၂၈ လုံးတို့ကို အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် နယ်မြေခံတပ်မတော်သားများက လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ပြည်သူ့ဆေးရုံများနှင့် ကိုဗစ်စင်တာများအတွက် စေတနာရှင်အလှူရှင်များက လှူဒါန်းသည့် ဆေးရုံသုံးအောက်ဆီဂျင် ဓာတ်ငွေ့ရည်မက်ထရစ်တန် ၂၀ တန်ဆံ့ မော်တော်ယာဉ် ၁ စီးကို မန္တလေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် မြို့ပြဖွံ့ဖြိုး တိုးတက်ရေးအထောက်အကူပြု ရန်ပုံငွေရှာဖွေရေးကော်မတီဉက္ကဋ္ဌနှင့် တာဝန်ရှိသူ များက မန္တလေးပြည်သူ့ဆေးရုံအုပ်ကြီးထံသို့ လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၊ အထွေထွေရောဂါကုဆေးရုံကြီးသို့ အောက်ဆီဂျင်အိုး ၄၀ လုံး၊ သွေး အလှူရှင် ပရဟိတအသင်းသို့ အောက်ဆီဂျင်အိုး ၂၀ လုံးနှင့် တောင်ငူမြို့ရှိ တပ်မတော် ဆေးရုံသို့ အောက်ဆီဂျင်အိုး ၇ လုံးတို့ကို တောင်ပိုင်းတိုင်းစစ်ဌာနချုပ်မှ နယ်မြေခံ တပ်မတော်သားများက လည်းကောင်း အသီးသီးသွားရောက်လှူဒါန်းကြရာ တာဝန်ရှိ သူများက လက်ခံရယူခဲ့ကြသည်။

ထို့ပြင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ အောက်ဆီဂျင် လိုအပ် ချက်များ မရှိစေရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ Oxygen Plant များကို တိုးမြှင့်တပ်ဆင်လည်ပတ်လျက်ရှိပြီး တပ်မတော်အနေဖြင့်လည်း တိုင်းစစ်ဌာနချုပ် နယ်မြေအသီးသီးတွင် Oxygen Plant များကို တပ်ဆင်ထုတ်လုပ်ပေးလျက်ရှိရာ ယနေ့တွင် မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ကျောက်တန်းစက်ရုံစုရှိ သံလွင်အောက်ဆီ ဂျင်စက်ရုံမှ အောက်ဆီဂျင်ထုတ်လုပ်နေမှု၊ အောက်ဆီဂျင် Plant များမှ မော်လမြိုင်မြို့ ပေါ်ရှိ ပြည်သူ့ဆေးရုံများ၊ ကိုဗစ်စင်တာများနှင့် ပြည်သူများသို့ ဆောက်ဆီဂျင်ဖြန့် ဖြူးပေးနေမှု၊ မော်လမြိုင်မြို့၊ အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီးရှိ အောက်ဆီဂျင် စက်ရုံမှ နေ့စဉ်အောက်ဆီဂျင်ထုတ်လုပ်၍ ဆေးရုံတက်ပြည်သူများသို့ ဖြန့်ဖြူးပေး နေမှု၊ အောက်ဆီဂျင်စက်ရုံထပ်မံတိုးချဲ့ဆောက်လုပ်နေမှုများနှင့် နယ်မြေခံတပ်မတော် ဆေးရုံရှိ အောက်ဆီဂျင်စက်ရုံမှ နေ့စဉ်အောက်ဆီဂျင်ဖြန့်ဖြူးနေမှုများကို အရှေ့ တောင်တိုင်းစစ်ဌာချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးကြီး ဇော်မင်းအောင်နှင့် တာဝန်ရှိ သူများက လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ နယ်မြေခံတပ်ရှိ အောက်ဆီဂျင်စက်ရုံမှ အောက်ဆီဂျင်ထုတ်လုပ်နေမှုများကို အနောက်တောင်တိုင်း စစ်ဌာနချုပ်မှ တာဝန်ရှိသူများက လည်းကောင်း အသီးသီးသွားရောက်ကြည့်ရှုပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။