တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ပြည်သူ့ဆေးရုံများ၊ တပ်မတော်ဆေးရုံများ၊ ကျန်းမာရေးဌာနများ၊ ကိုဗစ်စင်တာများနှင့် ပရဟိတအဖွဲ့များသို့ အောက်ဆီဂျင် အိုးများနှင့် ရောဂါကာကွွယ်ရေးအထောက်အကူပြုပစ္စည်းများ ဆက်လက်ဖြန့်ဝေ လှူဒါန်း

တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ပြည်သူ့ဆေးရုံများ၊ တပ်မတော်ဆေးရုံများ၊ ကျန်းမာရေးဌာနများ၊ ကိုဗစ်စင်တာများနှင့် ပရဟိတအဖွဲ့များသို့ အောက်ဆီဂျင် အိုးများနှင့် ရောဂါကာကွွယ်ရေးအထောက်အကူပြုပစ္စည်းများ ဆက်လက်ဖြန့်ဝေ လှူဒါန်း

 
နေပြည်တော်၊ ဩဂုတ်- ၁၇

 
ကိုဗစ်-၁၉ ရောဂါဓာတ်ခွဲအတည်ပြု ပိုးတွေ့လူနာများနှင့် သီးသန့်စောင့် ကြည့်ရမည့်သူများကို ကုသရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အောက်ဆီဂျင် လိုအပ်ချက်များကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုစေရန်အတွက် တပ်မတော် နှင့် အလှူရှင်များက အောက်ဆီဂျင်အိုးများ၊ ရောဂါကာကွယ်ရေး အထောက် အကူပြုပစ္စည်းများနှင့် အာဟာရဖြည့်စားသောက်ဖွယ်ရာများကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ပြည်သူ့ဆေးရုံများ၊ တပ်မတော်ဆေးရုံများ၊ ကျန်းမာရေးဌာနများ၊ ကိုဗစ်စင်တာများနှင့် လူမှုကူညီရေး အသင်းအဖွဲ့များသို့ ပေးပို့လှူဒါန်းလျက်ရှိသည်။

 
ထိုသို့ လှူဒါန်းလျက်ရှိရာ ယနေ့တွင် နေပြည်တော်ကောင်စီနယ်မြေ၊ ဇမ္ဗူသီရိ မြို့နယ်ရှိ နေပြည်တော်ပြည်သူ့ဆေးရုံကြီး(ခုတင်- ၁၀၀၀) သို့ အောက်ဆီဂျင် ၂၀ လုံး ကိုလည်းကောင်း၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)အတွင်းရှိ မြို့နယ်(၁၉)မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန် အတွက် ဆေးဝါးများ၊ အောက်ဆီဂျင်အိုးများ၊ Oxygen Regulator များ၊ လက်အိတ်များ၊ အရက်ပြန်ပုံးများ၊ Mask များ၊ PPE ဝတ်စုံများ၊ ရောဂါကာကွယ်ရေး အထောက်အကူပြုပစ္စည်းများကို လည်းကောင်း၊ တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီ မြို့ ရှိ ကိုဗစ်စင်တာများအတွက် ကတ္ထူချပ်ဖာကုတင် ၃၀ ခု၊ Oxygen Concentrator ၃ လုံး၊ N-95 Mask ၂၅၀ ခု၊ Surgical Mask ၂၅၀ ခု၊ Face Shield ၂၀ ခု၊ လက်အိတ် ၅၀ စုံ၊ အပူချိန်တိုင်းစက် ၁ ခု၊ ကျန်းမာရေး အထောက်အကူပြုဆက်စပ်ပစ္စည်းများ၊ ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာများအတွက် အာဟာရဖြည့် စားသောက်ဖွယ်ရာများနှင့် အောက်ဆီဂျင်အိုးများ ဝယ်ယူရန်အတွက် အလှူငွေကျပ် ၁၄ သိန်းတို့ကို လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နှင့် ကန်ကြီးထောင့်မြို့များရှိ ပရဟိတအသင်းများသို့ အောက်ဆီဂျင်အိုး ၄၈ လုံးနှင့် ငပုတောမြို့ ပြည်သူ့ဆေးရုံ(ခုတင်-၅၀)သို့ Oxygen Concentrator ၄ လုံး၊ အောက်ဆီဂျင်အိုး ၂၀ လုံး၊ PPE ဝတ်စုံ ၁၀၀ စုံနှင့် အလှူငွေကျပ် ၅ သိန်းတို့ကို လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ အထွေထွေရောဂါကု ပြည်သူ့ ဆေးရုံကြီးသို့ မိဘဂုဏ် အောက်ဆီဂျင်စက်ရုံမှ ထုတ်လုပ်သည့် အောက်ဆီဂျင်အိုး ၁၀၅ လုံးကိုလည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့တွင် အောက်ဆီဂျင် စက်ရုံတည်ဆောက်နိုင်ရေးအတွက် အလှူငွေကျပ်သိန်း ၁၀၀ နှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် အောက်ဆီဂျင် အိုး ၁၀၀ လုံးတို့ကို လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းမြို့ ပြည်သူ့ဆေးရုံ သို့ အောက်ဆီဂျင်အိုး ၄၀ လုံးကို လည်းကောင်း သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ဝန်ကြီးချုပ်များ၊ တိုင်းမှူးများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် လူမှု ကူညီရေးအဖွဲ့အစည်းများက အသီးသီးသွားရောက်လှူဒါန်းကြရာ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြသည်။

 
အလားတူ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများဆောင်ရွက်ရာတွင် အထောက်အကူဖြစ်စေရန်အတွက် စေတနာရှင် အလှူရှင်များက အထောက်အကူပစ္စည်းများ၊ အလှူငွေများကို ပေးအပ်လှူဒါန်း လျက်ရှိရာ ရှမ်းပြည်နယ်(မြောက်ပိုင်း)အတွင်းရှိ ဒေသခံပြည်သူများ၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများတွင် အထောက်အကူ ဖြစ်စေရန်အတွက် တာမိုးညဲပြည်သူ့စစ်(ဌာနေ)အဖွဲ့က ငွေကျပ်သိန်းပေါင်း ၃၄၃ သိန်း ကျော်တန်ဖိုးရှိ အောက်ဆီဂျင်အိုးများ၊ ရောဂါကာကွယ်ရေးအထောက်အကူပြု ပစ္စည်းများ၊ ဆေးဝါးများနှင့် အလှူငွေများ၊ နမ့်ဖက်ကာပြည်သူ့စစ်(ဌာနေ)အဖွဲ့က ငွေကျပ်သိန်းပေါင်း ၂၅၀ ကျော်တန်ဖိုးရှိ ရောဂါကာကွယ်ရေးအထောက်အကူပြု ပစ္စည်းများနှင့် ဆေးဝါးများ၊ မန်ပန်ပြည်သူ့စစ်(ဌာနေ) အဖွဲ့ဝင်များက ငွေကျပ် ၂၈၇ သိန်းတန်ဖိုးရှိ အောက်ဆီဂျင်အိုးများနှင့် ရောဂါကာကွယ်ရေးအထောက်အကူပြု ပစ္စည်းများ၊ Wang Ding Economic Development Company က ကိုဗစ်-၁၉ ရောဂါစစ်ဆေးသည့် PCR စက်တွင် အသုံးပြုသော ငွေကျပ်သိန်း ၃၀၀ တန်ဖိုးရှိ Regeant များ၊ VTM Tube များ၊ Nasal Strip များနှင့် ဆေးဝါးများ၊ Shwe Li River Trading Company Limited က ငွေကျပ်သိန်း ၅၀၀ တန်ဖိုးရှိ ရောဂါကာကွယ်ရေး အထောက်အကူပြုပစ္စည်းများနှင့် ဆေးဝါးများ၊ Myanmar Sunshine Industrial Company Limited က PCR စက်တွင် အသုံးပြုသော ငွေကျပ်သိန်း ၇၀၀ တန်ဖိုးရှိ Regeant များ၊ VTM Tube များ၊ Nasal Strip များနှင့် ဆေးဝါးများ၊ Hein Lin Company Limited က ငွေကျပ်သိန်း ၂၅၀ တန်ဖိုးရှိ ရောဂါကာကွယ်ရေး အထောက်အကူပြုပစ္စည်းများကို အလှူရှင်များက ယနေ့နေ့လယ်ပိုင်းတွင် အရှေ့ မြောက်တိုင်းစစ်ဌာနချုပ်ရှိ တိုင်းစစ်ဌာနချုပ်ခန်းမ၌ ပေးအပ်လှူဒါန်းကြရာ တိုင်းမှူး ဗိုလ်ချုပ် နိုင်နိုင်ဦး က လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်၍ ကျေးဇူးတင် စကားပြန်လည် ပြောကြားသည်။

 
ထို့ပြင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ အောက်ဆီဂျင် လိုအပ်ချက်များ မရှိစေရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနမှ Oxygen Plant များကို တိုးမြှင့်တပ်ဆင် လည်ပတ်လျက်ရှိပြီး တပ်မတော်အနေဖြင့်လည်း တိုင်းစစ်ဌာနချုပ် နယ်မြေအသီးသီး တွင် Oxygen Plant များကို တပ်ဆင်ထုတ်လုပ်ပေးလျက်ရှိရာ ယနေ့တွင် ဧရာဝတီ တိုင်းဒေသကြီး၊ ငပုတောမြို့ ပြည်သူ့ဆေးရုံအတွင်း ခွဲစိတ်ခန်းသုံး အဆောင်သစ် ဆောက်လုပ်ပြီးစီးမှုကို လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံမြို့၌ အောက်ဆီဂျင်စက်ရုံ ရောက်ရှိတပ်ဆင်နေမှု အခြေအနေများကိုလည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့၊ အောင်ဇေယျာရပ်ကွက်ရှိ အောက်ဆီဂျင်စက်ရုံ တည်ဆောက်ပြီးစီးမှုအခြေအနေများကိုလည်းကောင်း သက်ဆိုင်ရာ တိုင်းဒေသကြီး နှင့် ပြည်နယ်အသီးသီးတို့မှ ဝန်ကြီးချုပ်များ၊ တာဝန်ရှိသူများက သွားရောက်ကြည့်ရှု၍ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြကြောင်း သတင်းရရှိသည်။