တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ပြည်သူ့ဆေးရုံများ၊ တပ်မတော်ဆေးရုံများ၊ ကျန်းမာရေးဌာနများ၊ ကိုဗစ်စင်တာများနှင့် ပရဟိတအဖွဲ့များသို့ အောက်ဆီဂျင် အိုးများနှင့် ရောဂါကာကွွယ်ရေးအထောက်အကူပြုပစ္စည်းများ ဆက်လက်ဖြန့်ဝေ လှူဒါန်း

တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ပြည်သူ့ဆေးရုံများ၊ တပ်မတော်ဆေးရုံများ၊ ကျန်းမာရေးဌာနများ၊ ကိုဗစ်စင်တာများနှင့် ပရဟိတအဖွဲ့များသို့ အောက်ဆီဂျင် အိုးများနှင့် ရောဂါကာကွွယ်ရေးအထောက်အကူပြုပစ္စည်းများ ဆက်လက်ဖြန့်ဝေ လှူဒါန်း

နေပြည်တော်၊ ဩဂုတ်- ၁၈

ကိုဗစ်-၁၉ ရောဂါဓာတ်ခွဲအတည်ပြု ပိုးတွေ့လူနာများနှင့် သီးသန့်စောင့် ကြည့်ရမည့်သူများကို ကုသရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အောက်ဆီဂျင် လိုအပ်ချက်များကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုစေရန်အတွက် တပ်မတော် နှင့် အလှူရှင်များက အောက်ဆီဂျင်အိုးများ၊ ရောဂါကာကွယ်ရေး အထောက် အကူပြုပစ္စည်းများနှင့် အာဟာရဖြည့်စားသောက်ဖွယ်ရာများကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ပြည်သူ့ဆေးရုံများ၊ တပ်မတော်ဆေးရုံများ၊ ကျန်းမာရေးဌာနများ၊ ကိုဗစ်စင်တာများနှင့် လူမှုကူညီရေး အသင်းအဖွဲ့များသို့ ပေးပို့လှူဒါန်းလျက်ရှိသည်။

ထိုသို့ လှူဒါန်းလျက်ရှိရာ ယနေ့တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ရှိ ပညာရေးဒီဂရီကောလိပ်၌ ဖွင့်လှစ်ထားသော ကိုဗစ်-၁၉ ရောဂါကြပ်မတ်ကုသရေး စင်တာနှင့် လားရှိုးမြို့ အထွေထွေရောဂါကုဆေးရုံကြီး(ကုတင်-၅၀၀)သို့ အောက်ဆီ ဂျင် ၂၀ လုံး၊ Oxygen Concentrator ၂ ခု၊ Oxygen Regulator ၆ ခု၊ အောင်ဆီဂျင်အိုး တင်လှည်း ၆ စီး၊ Mask ၆၀၀၀ ခု၊ PPE ဝတ်စုံ ၁၅၀ စုံ၊ လက်သန့်ဆေးရည် ၆၀ ဗူး၊ အရက်ပြန် ၄ ပုံး၊ လက်အိတ် ၁၀၀၀ စုံနှင့် ဆေးဝါးများကို လည်းကောင်း၊ နောင်ချိုမြို့ နယ်၊ ကျောက်မဲမြို့နယ်၊ သီပေါမြို့နယ်နှင့် သိန်းနီမြို့နယ်တို့အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများတွင် အထောက်အကူဖြစ်စေရန် အတွက် အောက်ဆီဂျင်အိုး ၂ လုံး၊ Oxygen Regulator ၂ ခု၊ အောက်ဆီဂျင်ပိုက် ၂ ချောင်း၊ အောက်ဆီဂျင်အိုးတင်လှည်း ၁ စီး၊ PPE ဝတ်စုံ ၁၀၀ စုံ၊ လက်သန့်ဆေးရည် ၃၀ ဘူး၊ Mask ၂၀၀၀ ခု၊ အရက်ပြန် ၁ ပုံး၊ လက်အိတ် ၂၀၀ စုံနှင့် ဆေးဝါးများကို လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ရှိ ပရဟိတအသင်းများသို့ အောက်ဆီဂျင်အိုး ၁၄ လုံးကို လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ အထွေထွေရောဂါကု ပြည်သူ့ ဆေးရုံကြီးသို့ မိဘဂုဏ် အောက်ဆီဂျင်စက်ရုံမှ ထုတ်လုပ်သည့် အောက်ဆီ ဂျင်အိုး ၁၀၅ လုံးနှင့် ကလေးမြို့၊ သီတဂူစက္ခုဒါနဆေးရုံရှိ အောက်ဆီဂျင်စက်ရုံအတွက် အလှူငွေကျပ် ၄၃ သိန်းတို့ကို လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့ ပြည်သူ့ဆေးရုံသို့ အောက်ဆီဂျင်အိုး ၄၀ လုံးနှင့် တောင်သာမြို့ ပြည်သူ့ဆေးရုံသို့ တောင်သာမြို့ ဘိုးဘွားရိပ်သာရှိ အောက်ဆီဂျင်စက်ရုံမှ ထွက်ရှိသော အောက်ဆီဂျင် အိုး ၂၀ လုံးတို့ကို လည်းကောင်း နယ်မြေခံတပ်မတော်သား၊ ဌာနဆိုင်ရာဝန်ထမ်း များနှင့် လူမှုကူညီရေးအဖွဲ့အစည်းများက အသီးသီးသွားရောက်လှူဒါန်းကြရာ တာဝန် ရှိသူများက လက်ခံရယူခဲ့ကြသည်။

ထို့ပြင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ အောက်ဆီဂျင် လိုအပ်ချက်များ မရှိစေရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနမှ Oxygen Plant များကို တိုးမြှင့်တပ်ဆင် လည်ပတ်လျက်ရှိပြီး တပ်မတော်အနေဖြင့်လည်း တိုင်းစစ်ဌာနချုပ် နယ်မြေအသီးသီး တွင် Oxygen Plant များကို တပ်ဆင်ထုတ်လုပ်ပေးလျက်ရှိရာ ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကင်းမြို့နယ်၊ ရန်ကင်းကိုဗစ်ကုသရေးစင်တာရှိ အောက်ဆီ ဂျင်စက်ရုံအသစ် တည်ဆောက်ပြီးစီးမှု အခြေအနေများ၊ သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏမြို့ဦးစေတီ အားကစားကွင်း၌ တည်ဆောက်နေသော ကိုဗစ်-၁၉ ရောဂါ ကုသရေးစင်တာနှင့် အဆိုပါစင်တာတွင် ထားရှိမည့် အောက်ဆီဂျင်စက်နှင့် အောက်ဆီဂျင်စက် ထားရှိမည့် မြေနေရာတို့ကို လည်းကောင်း၊ ဧရာဝတီတိုင်း ဒေသကြီး၊ မြောင်းမြမြို့၊ အိမ်မဲမြို့နှင့် ပန်းတနော်မြို့များ၌ အောက်ဆီဂျင်စက် တပ်ဆင်နေမှုများကိုလည်းကောင်း၊ သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ဝန်ကြီးချုပ်များနှင့် တိုင်းမှူးများက သွားရောက်ကြည့်ရှု၍ လိုအပ်သည်များ ညှိနှိုင်း ဆောင်ရွက်ပေး ခဲ့ကြကြောင်း သတင်းရရှိသည်။