တိုင်းဒေသကြီးများနှင့်ပြည်နယ်မြို့ကြီးများသို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး SINOPHARM ဆေးကို မြေပြင်အအေးလမ်းကြောင်းမော်တော်ယာဉ်များဖြင့် ဆက်လက်ပို့ဆောင်ဖြန်ဖြူး

တိုင်းဒေသကြီးများနှင့်ပြည်နယ်မြို့ကြီးများသို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး SINOPHARM ဆေးကို မြေပြင်အအေးလမ်းကြောင်းမော်တော်ယာဉ်များဖြင့် ဆက်လက်ပို့ဆောင်ဖြန်ဖြူး

နေပြည်တော် ဩဂုတ် ၂

တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ရောက်ရှိနေသည့် ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေး SINOPHARM ဆေးကို  ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ မင်းဓမ္မ လမ်းရှိ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဗဟိုကာကွယ်ဆေးသိုလှောင်ခန်း၊ တိုးချဲ့ ကာကွယ်ဆေးထိုးလုပ်ငန်း၌ ထားရှိရာ အဆိုပါဆေးပစ္စည်းများကို ယနေ့ မွန်းလွဲ ပိုင်းတွင် မြေပြင်ခရီးလမ်းကြောင်းဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ ဆက်လက်ဖြန့်ဖြူးပေးလျက်ရှိသည်။
ထို့သို့ဖြန့်ဖြူးပေးလျက်ရှိရာ ယနေ့တွင် ဧရာဝတီတိုင်းဒေသကြီးသို့ ဆေးအလုံးရေ ၂၀၀၀၀ နှင့် ရန်ကုန်တိုင်းဒေသကြီးသို့ ဆေးအလုံးရေ ၁၈၀၀၀ ကို Cold Chain Delivery Logistics မော်တော်ယာဉ်ကြီးများဖြင့် ဆက်လက် ဖြန့်ဖြူးပေးသည်။
ထိုသို့ဖြန့်ဖြူးပေးသော ကိုဗစ်-၁၉ ကာကွယ်ဆေးများကို ဦးတည်အုပ်စု လူဦး ရေဦးစားပေးအစီစဉ်များနှင့်အညီ ပြည်သူများသို့ အမြန်ဆုံး ထိုးနှံပေးနိုင်ရေး အတွက် ဆောင်ရွက်ခြင်းဖြစ်ပြီး ယင်းအတွက် သတ်မှတ်အအေးလမ်းကြောင်း စံချိန်စံညွှန်းများအတိုင်း အချိန်နှင့်တစ်ပြေးညီ ဖြန့်ဖြူးပေးခြင်းဖြစ်သည်။ အလား တူ ဝေးလံခက်ခဲသောဒေသများသို့ တပ်မတော်(လေ)ရှိ ပို့ဆောင်ရေး လေယာဉ် များနှင့် မြန်မာ့လေကြောင်းတို့၏ အကူအညီများဖြင့် လေကြောင်းခရီးများဖြင့် ဆက်လက် ဖြန့်ဖြူးပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။