တိုင်းဒေသကြီးများနှင့်ပြည်နယ်မြို့ကြီးများသို့ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး SINOPHARM ဆေးအားမြေပြင်အအေးလမ်းကြောင်းမော်တော်ယာဉ်များဖြင့်ဆက်လက်ပို့ဆောင်ဖြန့်ဖြူး

တိုင်းဒေသကြီးများနှင့်ပြည်နယ်မြို့ကြီးများသို့ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး SINOPHARM ဆေးအားမြေပြင်အအေးလမ်းကြောင်းမော်တော်ယာဉ်များဖြင့်ဆက်လက်ပို့ဆောင်ဖြန့်ဖြူး

နေပြည်တော်၊သြဂုတ်-၁

တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ရောက်ရှိနေသည့် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး SINOPARM ဆေးများအား ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ မင်းဓမ္မလမ်းရှိ ပြည်သူ့ကျန်းမာရေးဦးစီဌာန၊ဗဟိုကာကွယ်ဆေးသိုလှောင်ခန်း၊ တိုးချဲ့ကာကွယ်ဆေးထိုး လုပ်ငန်း၌ထားရှိရာ အဆိုပါဆေးပစ္စည်းများအား ယနေ့မွန်းလွဲပိုင်းတွင် မြေပြင်ခရီး လမ်းကြောင်းဖြင့်တိုင်းဒေသကြီးနှင့်ပြည်နယ်များသို့ဆက်လက်ဖြန့်ဖြူးပေးသည်။

ထိုသို့ဖြန့်ဖြူးပေးရာတွင် ဘားအံမြို့သို့ကာကွယ်ဆေးအလုံးပေါင်း ၈၈၀၀ ၊ မော်လမြိုင်သို့ ကာကွယ်ဆေးအလုံးပေါင်း ၂၃၆၀၀ ၊ပြည်မြို့အတွက်ကာကွယ်ဆေးအလုံးပေါင်း ၁၂၀၀၀ ၊ ဧရာဝတီတိုင်းဒေသကြီးသို့ ကာကွယ်ဆေးအလုံးပေါင်း ၅၅၂၀၀ ၊ မကွေးတိုင်းဒေသကြီး အတွက် ကာကွယ်ဆေးအလုံးပေါင်း၂၆၄၀၀ တို့အားမြေပြင်ခရီးလမ်းကြောင်းမှ Cold Chain Delivery logisticsမော်တော်ယာဉ်ကြီးများဖြင့်ဆက်လက်ဖြန့်ဖြူးပေးခဲ့ကြောင်းသိရသည်။

ထိုသို့ဖြန့်ဖြူးပေးသော ကိုဗစ်-၁၉ကာကွယ်ဆေးများ ကိုဉီးတည်အုပ်စု လူဦးရေ ဉီးစားပေး အစီအစဉ်များနှင့်အညီပြည်သူမျာသို့အမြန်ဆုံးထိုးနှံပေးနိုင်ရေးအတွက်ဆောင်ရွက်ခြင်း ဖြစ် သည်။ ယင်းအတွက်သတ်မှတ်အအေးလမ်းကြောင်းစံချိန်စံညွှန်းများအတိုင်းအချိန်နှင့် တပြေး ညီဖြန့်ဖြူးပေးခြင်းဖြစ်သည်။ အလားတူဝေးလံခက်ခဲသောဒေသများသို့တပ်မတော်(လေ)ရှိပို့ ဆောင်ရေးလေယာဉ်များ၊မြန်မာ့လေကြောင်းတို့၏အကူအညီများရယူကာလေကြောင်းခရီးများ ဖြင့်ဆက်လက်ဖြန့်ဖြူးပေးသွားမည်ဖြစ်ကြောင်းသတင်းရရှိသည်။