တိုင်းပြည်သာယာဝပြောရေးကို အစဉ်ရှေးရှုနေ

တိုင်းပြည်သာယာဝပြောရေးကို အစဉ်ရှေးရှုနေ

မြန်မာ့သမိုင်းတွင် တပ်မတော်သည် နိုင်ငံတော်နှင့်ပတ်သက်လျှင် သစ္စာအရှိဆုံးအဖွဲ့အစည်းဟုပြောဆို ရေးသားနေကြသည်မှာ အကြောင်းမဲ့မဟုတ်ပါ။ လွတ်လပ်ရေးရခါစ မြန်မာလူငယ်အများစုတို့သည် ကွန်မြူနစ်ဝါဒ၊ ဆိုရှယ်လစ်ဝါဒ၊ အရင်းရှင်ဝါဒဟူ၍ နှစ်သက်ရာဝါဒများကို လက်ကိုင်ထားကြသည်။ အပြင်းထန်ဆုံးသော ဝါဒမှိုင်းမှာ ကွန်မြူနစ်ဝါဒဖြစ်သည်။ လွတ်လပ်ရေးရသည်က ၁၉၄၈ ခုနှစ် ဇန်နဝါရီ ၄ ရက်၊ ကွန်မြူနစ်တို့ တောခိုသည်မှာ မတ်လ ၂၈ ရက်နေ့ဖြစ်သည်။ ကွန်မြူနစ်တွင် ပင်အဖွဲ့ကွဲများ ရှိသေးသည်။ သခင်စိုးဦးဆောင်သော ကွန်မြူနစ်များက လွတ်လပ်ရေးမရမီကတည်းကပင် တောခိုကြသည်။ ကွန်မြူနစ်သည် တပ်မတော်ကိုပင် ချမ်းသာမပေးကြပေ။ တပ်မတော်က တပ်ရင်းတချို့ပင် ကွန်မြူနစ်တို့၏ စည်းရုံးသိမ်းသွင်းခြင်းခံရပြီး တောခို ခဲ့ကြသည်။

ထိုစဉ်က ဗိုလ်ချုပ်ကြီးနေဝင်း ဦးဆောင်သော တပ်မတော်သားတို့သည်သာ တိုင်းပြည်အတွက် အုတ်တံတိုင်းများပမာကြံ့ကြံ့ခံလျက် အဖျက်ရန်မှန်သမျှ တိုက်ထုတ်ပေးနိုင်ခဲ့သည်။ ပြည်တွင်းရောင်စုံသောင်းကျန်းသူများကို တိုက်ထုတ်နေရဆဲမှာပင် ပြည်ပကျူး ကျော်သူ ကူမင်တန်တို့ကိုလည်း မြန်မာနိုင်ငံအတွင်းမှ ထွက်ခွာသွားရန်တိုက်ထုတ်ရသည်မှာလည်း တပ်မတော်သားတို့ပင်ဖြစ်သည်။ ပါတီထောင်ကာ ရွေးကောက်ပွဲဖြင့် အစိုးရအဖြစ်အုပ်ချုပ်နေသူတို့သည် ထိုပါတီအတွင်းမှာပင် အကွဲအပြဲများဖြစ်ကာ တိုင်းပြည်ကို ပိုင်ပိုင်နိုင်နိုင်မအုပ်ချုပ်နိုင်သောအခါ တပ်မတော်ကိုပင်အကူအညီတောင်းကြရသည်။ ၁၉၅၈ ခုနှစ် စက်တင်ဘာ ၂၆ ရက်နေ့တွင် ဝန်ကြီးချုပ်ဦးနုက ဗိုလ်ချုပ်ကြီးနေဝင်းထံစာရေး၍ နိုင်ငံ့အခြေအနေထိန်းသိမ်းပေးရန်နှင့် မျှတသောရွေးကောက်ပွဲကျင်းပပေးရန် အိမ်စောင့်အစိုးရဖွဲ့ပါဟုဖိတ်ကြားပြီး အောက်တိုဘာ ၂၈ ရက်နေ့တွင်လွှတ်တော်သို့တင်ပြသဘောတူညီမှုရရှိခဲ့သည်။ ထို့ကြောင့် ဗိုလ်ချုပ်ကြီးနေဝင်း ဦးဆောင်သော အိမ်စောင့်အစိုးရ တစ်ရပ်ဖြစ်ပေါ်လာခဲ့သည်။

အိမ်စောင့်အစိုးရ လက်ထက်တွင် လွတ်လပ်၍တရားမျှတသော ရွေးကောက်ပွဲကိုကျင်းပပေးရန် အဓိကတာဝန်ယူခဲ့သည်။ ကုန်ဈေးနှုန်းချပေးရန်ကိုလည်း ရည်မှန်းခဲ့သည်။ ထို့ပြင် အမျိုးဘာသာသာသနာနှင့် တိုင်းပြည်သာယာဝပြောရေး၊ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ကြိုးပမ်းဆောင်ရွက်ခဲ့သည်။ ၁၉၆၀ ပြည့်နှစ် ဇန်နဝါရီလ ၂၀ ရက်နေ့တွင် တရုတ်-မြန်မာ နယ်နိမိတ်သတ်မှတ်မှု သဘောတူစာချုပ်၊ နှစ်နိုင်ငံချစ်ကြည်ရေးနှင့် မကျူးကျော်ရေးသဘောတူစာချုပ်များ ချုပ်ဆိုနိုင်ခဲ့သည်။ အိမ်စောင့်အစိုးရစတင်သည့် ၁၉၅၈ ခုနှစ် နိုဝင်ဘာလဆန်းတွင် မြန်မာနိုင်ငံအတွင်း၌ လက်နက်ကိုင်ရောင်စုံ သောင်းကျန်း သူစုစုပေါင်း ၉၀၀၀ ခန့်ရှိပြီး ယင်းတို့ကိုကူညီအားပေးသူများနှင့် အဖွဲ့အစည်းဝင်များပါထည့်သွင်းရေတွက်ပါက ၁၅၀၀၀ ခွဲခန့်ရှိခဲ့ သည်။ သောင်းကျန်းသူအမျိုးအစားများမှာ အလံဖြူကွန်မြူနစ်၊ အလံနီကွန်မြူနစ်၊ ကေအင်ဒီအို(ကရင်)၊  အမ်အန်ဒီအို(မွန်)၊ ရှမ်းသောင်းကျန်းသူ၊ မူဂျာဟစ်နှင့်တရုတ်ဖြူတို့ဖြစ်သည်။ ထို့ကြောင့် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်နယ်မြေ၊ တောင်ပိုင်းတိုင်း စစ်ဌာနချုပ်နယ်မြေနှင့် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်နယ်မြေများတွင် မြန်မာ့တပ်မတော်ကထိုးစစ်ဆင်နွှဲပြီး သောင်းကျန်းသူများကို နှိမ်နင်းခဲ့ရသည်။

တပ်မတော်သည် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက်ဆိုလျှင် အမုန်းခံ၊ အမိုက်ခံပြီးဆောင်ရွက်ပေးခဲ့သည်။ ထိုစဉ်က ရန်ကုန်မြို့ တွင်းတွင် ကျူးကျော်နေထိုင်သူများပြားလွန်းသဖြင့် ရန်ကုန်မြို့မှာ ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေးနှင့် ဒုစရိုက်မှုထူပြောခဲ့သည်။ ကျူးကျော်နေထိုင်သူများကို မြို့သစ်များတွင် နေရာချထား ပေးခဲ့သည်။ သာကေတ၊ တောင်ဥက္ကလာ၊ မြောက်ဥက္ကလာမြို့တို့ကို တည်ထောင်ပေးခဲ့သည်။ ထိုစဉ်က တပ်မတော်၏ ဆောင်ရွက်ချက်များကို ဝေဖန်မှုများရှိခဲ့သော်လည်း ယနေ့အချိန်တွင် စည်စည် ကားကား၊ ငြိမ်းငြိမ်း

ချမ်းချမ်း သာသာယာယာနေထိုင်ကြရပြီဖြစ်သည်။ အိမ်စောင့်အစိုးရအနေဖြင့် ၁၉၆၀ ပြည့်နှစ် ဖေဖော်ဝါရီလ ၆ ရက်နေ့တွင် လွတ်လပ်၍တရားမျှတသော အထွေထွေရွေးကောက်ပွဲတွင် အနိုင်ရရှိသော သန့်ရှင်းဖဆပလအဖွဲ့သို့ ၁၉၆၀ ပြည့်နှစ် ဧပြီ ၄ ရက်နေ့၌ အာဏာပြန်လည်လွှဲပြောင်းပေးအပ်ခဲ့သည်။

ယနေ့အချိန်အခါတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီပေါ်ပေါက်လာရသည်မှာလည်း ၂၀၂၀ ပြည့်နှစ်ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် NLD ပါတီအနေဖြင့် ဖြေရှင်း၍မရနိုင်အောင် မဲမသမာမှု ပြုလုပ်ပြီး အစိုးရဖွဲ့ရန်ကြိုးစားခြင်းကြောင့် ပေါ်ပေါက်လာရခြင်းဖြစ်သည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီသည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့တွင် နိုင်ငံတော် တာဝန်ကို စတင်ထမ်းဆောင်ပြီး ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် ဦးတည်ချက်(၉)ရပ်ချမှတ်ကာ နိုင်ငံတော်တိုးတက်ဖွံ့ဖြိုးသာယာရေးကို လုပ်ဆောင်လျက်ရှိသည်။ ၂၀၂၁ ခုနှစ် သြဂုတ်လ ၁ ရက်နေ့တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အိမ်စောင့်အစိုးရအဖွဲ့ကို ဖွဲ့စည်းခဲ့သည်။ တပ်မတော်အနေဖြင့် ခေတ်အဆက်ဆက်တွင် နိုင်ငံတော်ကာကွယ်ရေးနှင့်ပြည်သူတို့၏ အကျိုးစီးပွားကို ရှေးရှုဆောင်ရွက်လျက်ရှိသည်မှာ ယနေ့တိုင်ပင်ဖြစ်သည်။

ယခုအခါ အိမ်စောင့်အစိုးရအနေဖြင့် မျိုးချစ်စိတ်ဓာတ်အခြေခံကာ အမျိုးဘာသာ သာသနာတိုးတက်ရေးကို ဦးစားပေး ဆောင်ရွက် လျက်ရှိသည်။ ထို့ပြင် အမျိုးသားရေးလုပ်ငန်းစဉ်အဖြစ် ဆောင်ရွက်ရမည့်လုပ်ငန်းမှာ တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာ ဖူလုံရေးဖြစ်ပြီး နိုင်ငံရေးအရလုပ်ဆောင်ရမည့် လုပ်ငန်းစဉ်(၂)ခုမှာ စစ်မှန်စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာ စေရေးနှင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးတို့ကို လုပ်ဆောင်လျက်ရှိသည်။ အကြမ်းဖက်အဖျက် သမားတို့သည် တိုင်းပြည်ပြိုကွဲပျက်စီးရေးအတွက် အဖျက်လုပ်ရပ်များကို မည်သို့ပင်လုပ်ဆောင်နေသော်လည်း အိမ်စောင့်အစိုးရ တစ်ရပ်အနေဖြင့် အောင်မြင်စွာဖြေရှင်းပြီး တိုင်းပြည်သာယာဝပြောရေးကို အစဉ်ရှေးရှု ဆောင်ရွက်လျက် ရှိပါကြောင်း ရေးသားလိုက်ရပေသည်။   ။